Saturday, December 3, 2011

မင်းပြားမြို့

Posted by Mrat.khine On 1:47 AM

မင်းပြားမြို့ ရဲ့နာမည် အဓိပ္ပယ်က မင်းက ဒီနေရာမှာ မြို့တည်ပါလို့ ပြခဲ့တဲ့အတွက်မင်းပြ လို့ခေါ်ထွင် ရာမှ မင်းပြား ဖြစ်သွားရတာ ဖြစ်သည်။ မင်းပြားမြို့သည် ဧရိယာအားဖြင့် မကျယ်ဝန်းလှပေမယ့် ဖွဲ့စည်းထားပုံဟာ အလွန် စည်းစနစ်ကျလှသည်။ မြို့ရဲ့အနေအထားဟာ အရပ်လေးမျက်နှာ အလိုက်ဘဲ အရှေ့အရပ်ကို ရှေ့လှည့်ပြီးတော့ အရှေ့ အနောက် တောင် မြောက် တည်ရှိနေတယ် မြို့ဟာအရှေ့အနောက် အေရိယာ ကျဉ်းပြီး တောင်နဲ့မြောက်ကို အလျားရှည်ရှည် ရှိနေပါသည်။
မြို့ရဲ့အရှေ့ ဘက်မှာ မြို့မဈေးကြီးရှိသည်။ မင်းပြားမြို့၏ ကျေးရွာအားလုံးသည် ထိုဈေးမှာဘဲ ဈေးလာဝယ်ကြရတဲ့အတွက် အရမ်းစည်ကားလေသည်။ မြို့ရဲ့ အနောက်ဘက်ဆုံးမှာတော့ ရိုးမတောင်စွယ်တန်းတစ်ခုက တောင်နဲ့မြောက်ကို သွယ်တန်းပြီး မြို့ရဲ့နောက်မှီ ထရံတစ်ခုလို ဖြစ်နေတာကတော့ သဘာဝကပေးတဲ့ အလှတစ်ခုပင်ဖြစ်နေသည်။ ထိုတောင်တန်း နောက်ကို နေကွယ်သွားလျှင် မှောင်ရီပျိုးသွားတာကြောင့် တစ်ခြားမြို့တွေထက် စာရင် နေစောစောမှောင် တယ်ထင်ရသည်။ ထိုတောင်တန်းသည် ဘုရားလောင်းကျီးမင်း ဘ၀ကကျင်လည်ခဲ့တဲ့တောင်မို့လို့ ကျီးတောင် လို့ ခေါ်ရင်း ကျိန်းတောင် ဖြစ်သွားလေသည်။ ကျိန်းတောင်ပေါ်မှာ စေတီ၊ ပုထိုးတွေ၊ ဗုဒ္ဓ၀င်ပြခန်းများနှင့် ကြည်ညိုဖွယ်ရှိပြီး နှစ်စဉ် ဘုရားပွဲ ကျင်းပလေသည်။ ကျိန်းတောင်ပေါ်မှ ဒညင်းသီး (ကျိန်းအညင်းသီး)ဟာ အရသာ အရမ်းကောင်းပြီး နာမည်ကျော်သည်။ တောင်ခြေရင်းမှာ ဘုန်းကြီးကျောင်းများက စီတန်းပြီး ရှိနေသည်။ လူနေအိမ်များနှင့် မရောဘဲသီးသန့် ရှိနေသည့်အတွက် စနစ်ကျပေသည်။ အဲဒီတောင်ခြေတွင် တစ်မြို့လုံးရဲ့ အသက်သွေးကြော ပမာအရေးကြီးလှသော မင်းကန်လို့ ခေါ်သည့် သောက်ရေကန် ကြီးတည်ရှိသည်။

မင်းပြားမြို့ရဲ့ ထူးခြားချက်တစ်ခုက မြို့ပေါ်ကို မြင်းမ၀င်ရ၊ မြင်း မတက်ရဖြစ်သည်။ မြို့တော်ရှင်မ သဘောမကျဘူးလို့ ဆိုသည်။ မြင်းတက်ရင် မြင်းဝင်ရင် မီးလောင်တယ်လို့ အယူစွဲရှိကြသည်။ လူကြီးတွေကတော့ အခုထိ လက်ခံယုံကြည်ကြ တုန်းဖြစ်သည်။ မြို့ဟာ တောင်တန်းညိုညို သစ်ပင်အုပ်အုပ် တွေကြောင့် စိမ်းစိုအေးမြ သဘာဝကျလှတာကြောင့် အေးအေးချမ်းချမ်း နေချင်သူတွေကို နွေးထွေးစွာ ကြိုဆိုနေတဲ့ မြို့တစ်မြို့ဘဲ ဖြစ်သည်။