Sunday, December 18, 2011

ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်မည်

Posted by Unknown On 4:22 AM

ယခုနှစ်တွင် ကျရောက်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့တွင် ဂျပန် အခြေစိုက် ရခိုင်မျိုးစောင့်အုပ်စုမှ "ရက္ခိတမျိုးစောင့်ဆု" ကို အမျိုးဘာသာသနာအကျိုး ဆောင်ရွက် သူတစ်ဦးအား ရွှေးချယ် ချီးမြှင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


 Arakan-Rakhitta-Group-ARG-meeting-Japan
" ဟုတ်ပါတယ်။ ဒီိဆုကို လာမယ့် ဒီဇင်္ဘာလ ၃၁ ရက် (၂၂ရ) နှစ်မြောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့မှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကို ချီးမြှင့်မယ်ဆိုတာတော့ များမကြာမှီ ထုတ်ပြန် ကျေညာသွားဖို့ ရှိပါတယ်" ဟု အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် လူမှု အထောက် အကူပြု ဌာန-ဒုတိယတာဝန်ခံ ကိုအေးသိန်းထွန်းက ပြောသည်။

ဆုချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်ကို နိုင်ငံတကာရှိ ရခိုင်မျိုးစောင့်အုပ်စုဝင်များက ဒီဇင်္ဘာလ ၁၄ ရက်နေ့က အပြီးသတ် သဘောတူ ရွေးချယ်ထားပြီဖြစ်သော်လည်း အခြေအနေအရပ်ရပ်ကြောင့် မထုတ်ပြန်နိုင်သေးကြောင်းနှင့် များမကြာမှီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကျေညာသွားမည်ဟု ဆိုသည်။

ဆုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ထောင် (USD-1000) ဖြစ်ပြီး၊ ဂုဏ်ပြုလက်မှတ်နှင့်အတူ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်မျိုးစောင့်အုပ်စု (ARG) မှ ယခုနှစ်တွင် “ရက္ခိတမျိုးစောင့်ဆု”ကို ပထမဆုံး အကြိမ်အဖြစ် ချီးမြှင့်ခြင်းဖြစ်သည်။ နောက်နှစ်များတွင် “ရက္ခိတ-စာပေဆု”၊ “ရက္ခိတ-ဂီတဆု” စသည်များကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

" ရက္ခိတ-မျိုးစောင့်ဆုကို ရခိုင် လူမျိုးတွေရဲ့ အရေးအတွက် ကြိုးစားဆောင်ရွက်နေသူ၊ အမျိုးဘာသာ သာသနာ ရှင်သန် ကြီးပွားရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ သူတွေကို ရွှေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ရခိုင်မျိုးစောင့်အုပ်စုမှာ-ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဌာနချုပ်ထားရှိပြီး နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်နှင့် ရခိုင်လူမျိုးနွယ်စုများ ပါဝင်ကာ ရခိုင်လူမျိုး ဘက်စုံတိုးတက်ရေးအတွက် တတ်စွမ်းသလောက် ဆောင်ရွက်နေသော အမျိုးသားရေး အကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့မှာ ယခုနှစ် ဒီဇင်္ဘာလတွင် ၂၂၇ နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ဗမာဘုရင် ဘိုးတော် မောင်ဝိုင်းမှ ကိုယ်ထီးကိုယ်နန်းဖြင့် လွတ်လပ်သော ဘုရင်နိုင်ငံတော်အား ၁၇၈၄ ခုနှစ်ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ၀င်ရောက် ကျူးကျော် သိမ်းပိုက်သောနေ့ကို သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။


----------------------------------
.: နိရဉ္စရာသတင်းဖြစ်ပါသည်