မင်းပြားမြို့သည် စစ်တွေခ၇ိုင်အတွင်းပါဝင်သော မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့ဘက်မိုင်၃၀ အကွာအဉ္စနနဒီ(ခေါ်) လေးမြို့မြစ်ဝကျသော ရာမောင်မြစ် အနောက်ဘက်ကမ်း ကျိန်းတောင်ခြေရင်းတွင် ယခုမင်းပြားတည်လျှက်ရှိသည်။ ကောဇာသက္ကရာဇ်(၁၂၂၉)ခုနှစ်၊ (ခရစ်သက္ကရာဇ် ၁၈၆၇ခုနှစ်) တပေါင်းလပြည့်ကျော်တစ်ရက်နေ့ မင်းပြားတည်သည်ဟု ကင်းမွန်းတပ်ကမ္ပည်းထိုးသတ်မှတ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ၇ှိသည် ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရခိုင်မင်းလက်ထက်ကပင် ထင်ရှားလာသော မင်းပြားမြို့ရပ်အပါအ၀င်၊ ကျိန်းကျွန်းသည်ကား ရာဇ၀င်တစ်ခေတ်တွင်သမိုင်းဝင် ထင်းရှားမှုဖြစ်ရပ်များ ရှိခဲ့သည်။
မင်းပြားမြို့၏ င်္အနောက်ဘက်တွင်ရှိသော ကျိန်းတောင်သည် တောင်နှင့်မြောက်သွယ်တန်း နေကာ(၃)မိုင်ခန့်၇ှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်မှ (၄၁၄)ပေမြင့်သည်။ ကျိန်းတောင်၊ မြို့တောင်၊ အလင်းတောင်၊ လွမ်းတောင်၊ ခြိတ်တောင်၊ ဘိတ် တောင်၊ သပိတ်တောင်၊ စံကားတောင်၊ ဖီလာတောင်၊ ငစဉ်တောင်၊ စသည်ဖြင့် ခင်စိုင်း၊ ကုန်း တန်း၊ တောင်ပို့၊ တောင်ထွတ် တို့၌တောင်အလုံးပေါင်း (၉၉)လုံးဆက်သွယ်နေကြသည် ဟုအဆိုရှိသည်။ ကျိန်းတောင်သည်အဉ္စနနဒီမြစ်(လေးမြို့မြစ်)၀ှမ်း ၌ပေါ်ထွန်းနေသော တောင်လည်းဖြစ်သည်။ ဤတောင်တန်းသည် သက်တမ်းအားဖြင့် နှစ်ကာလသန်းချီ၍ ကြာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ရခိုင်ရာဇ၀င်တို့၌ လူတို့သက်တမ်း အနှစ်တစ်သောင်းရှည်သော ကာလက၊ ကဿပဘု၇ားရှင်သည် ဤ တောင်တွင် ခေတ္တကျိန်းအောင်းခဲ့ဘူးကြောင်း၊ ၄င်းအပြင် ဂေါတမဘုရားလောင်းနုစဉ်ကာလ၊ ကျီးမင်း(ကျေးမင်း)တစ် ဇာတ်ဖြစ်ခဲ့စဉ်ကလည်း ဤတောင်ပင်၌ပင် ကျိန်းအောင်းခဲ့ဘူးသည်။
ဤတောင်တန်းမှာ အုံမှိုင်းဝေဆာ၊ ရှုခင်းသာယာ၊ နေထိုင်ဘွယ်ရာကောင်းသဖြင့် ဘုရားလောင်းကျေးမင်းနှင့် ငှက်အပေါင်း တို့သေါင်းသေါင်းအုတ်အော် ပျော်မွေ့စွာ နေထိုင်ခဲ့ကြလေသည်။ ဤကဲ့ဘု၇ားလောင်းကျီးမင်းနှင့်ငှက်အပေါင်းတို့ပျော် မွေ့ကျိန်းအောင်းနေခဲ့သည် ကိုအကြောင်းပြု၍ ဤတောင်ကို ကျိန်းတောင်ဟု ခေါ်လာခဲ့ရခြင်းဖြစ်လေသည် ဟုဆိုကြ၏။
ဂေါတမမြတ်စွာဘု၇ားရှင်သည် ရဟန္တာငါး၇ာနှင့် တကွဓည၀တီ ရခိုင်ပြည်သို့ ကြွရောက်လာသောအခါ၊ သေလာဂိရိခေါ် ကျောက်တော်တောင်ထိပ်၌ တန့်ရပ်တော်မူပြီး၊ ညီတော်အနန္ဒာအား ဗျာဒိတ်စကားမိန့်ုကာတော်မူသည်မှာ၊ ” ချစ်သားအနန္ဒာ၊ ငါဘုရားသည် နုစဉ်ကာလက၊ မဇ္ဈိမဒေသအတွင်း၌ ကျေးမင်းတစ်ဇာတ်ဖြစ်ခဲ့ဘူး၏ ။ ထိုအခါကျေးငှက်ပေါင်း များစွာတို့နှင့်လာ၍၊ ဤဓည၀တီ ရခိုင်ပြည်တွင် ကာလာဂိရိခေါ်သောတောင်၌ သွားလာကျက်စားခဲ့ဖူး၏ ။ ငါဘု၇ား ပ၇ိနိဗ္ဗာန်စံပြီး ရာနောက်တွင်၊ သာဂီဝင်မင်းတို့သည် ထိုတောင်ပေါ်၌၊ ငါဘုရား၏ လျှာရင်းတော်ဖြစ်သော ဓါတ်တော်ကိုဌာပနာ၍ ဇီဝှါစေတီအမည်ဖြင့် တည်ထားကိုးကွယ် ကြကုန်လတံ့ ” ဤသို့သောဗျာဒိတ်စကားတော်အရ၊ သာသနာ သက္က၇ာဇ်(၂၁၆)နှစ်တွင်၊ ပါဋလိပုတ်ပြည့်၇ှင် သီ၇ိဓမ္မသောကမင်းကြီးသည် ဤဇီဝှါဓါတ်တော်ကို ကျိန်းတောင်ပေါ် ၌ ဦးစွာပထမ တည်ထားခဲ့လေသည်။
ယင်းသို့ဗျာဒိတ်တော်မိန့်မြွက်ခဲ့သည်ကို ရခိုင်စာဆိုရှင်များက၊ဤသို့ရေးစပ်ခဲ့ကြပေသည်။
” ရှေ့တောင်ခွင်သို့၊ကြည့်လျှင်ရှုတ၊မျှော်ရှုကမူ၊(ရှေးရခိုင်သမိုင်းရာဇ၀င်အဆိုအရ၊ဤတောင်ကို ကာလာဂီရိတောင်၊သို့မဟုတ် ကာကဂီရိတောင်ဟုခေါ်ကြောင်း)။
တယူဇနာ၊ရှိလေရာတွင်၊ကာကာဂီရိ၊တောင်ဝဟိ၏။
ဇာတိကျေးသား၊ငါးရာအားလျှင်၊ရောက်လေကျင်သော်၊
အုတ်အင်ခပင်း၊မှီတင်းနေတွယ်၊သဖန်းပေတည်း၊စားသည်များစွာ၊
ကုန်လတ်ရာလျှင်၊ငတ်သည်ပင်တည်း။
မရွှင်သောအား၊တခြားဌာနေ၊ဝေးရပ်မြေသို့၊
နှစ်လိုဝမ်းသာ၊၀စွာရှာစား၊ သွားအံ့လောဟု၊
ပြောဟောတိုင်ပင်၊ကျေးမင်းရှင်က၊
စိတ်တော်ရွှင်အား၊မသွားမလိုက်၊ဤတောင်၌လျှင်၊
နှစ်ခြိုက်ပျော်ပိုက်၊ ကျန်တုံလိုက်က၊ သေလေရ၏ ။
ထိုကတလှိုက်၊နောင်နှစ်နာဂါတ်၊ဤနေရပ်၌၊ကျိန်းလတ်ခဲ့ရာ၊
ကျိန်းတောင်သာတွင်၊ကျိန်းတောင်ရှင်မူ၊နတ်လူတကာ၊
ကိုးကွယ်ရာလိမ့်၊ဖြစ်စေလိမ့်ဟု၊နှစ်သိမ့်ရွှင်လန်း၊မိန်းခွန်းဗျာဒိတ်၊ခတ်တံဆိပ်လျှင်၊
တန်ခိုးမြင်သည်၊ရောင်တင်ပြိုးပြက်၊ ဖိတ်လျက်လူလူ၊ ဖြူဖြူဝါ၀ါ၊
နီပြာရောင်မောင်း၊ထွက်လိုက်သျှောင်းသည်၊သောင်းခွင်ကျွန်းလုံးကျော်စေသော်။”
ကျိန်းတောင်ရှင် (၀ါ) ကျိန်တော်ရှင်စေတီ(ဇီဝှါဓာတုစေတီ)သည်၊ ကျိန်းတောင်တန်းခေါ် ကာလာဂီရိတောင်၌ တည်ရှိသည်။ တောင်၏တောင်ဘက်ဆုံး ကုန်းမြင့်သာတွင်ဖြစ်လေသည်။ ဗုဒ္ဓနုစဉ်ဘ၀က ကျင်လည်ခဲ့ရာဌာန၊ ဗျာဒိတ်တော်မိန်းမြွက် ခဲ့ ရာဌာနလည်းဖြစ်၏။ ကျီးမင်း(ကျေးမင်း)တစ်ဇာတ်အဖြစ် ကျိန်းအောင်းခဲ့ရာဌာန၌ တည်ရှိသောကြောင့်၊ ကျိန်းတောင်ရှင် စေတီ(ကျိန်းတော်ရှင်စေတီ) ဟုခေါ်တွင်လာခဲ့သည်။ ဘု၇ားရှင်၏ လျှာရင်းတော်ကိန်းအောင်း ဌာပနာရာစေတီဖြစ်သဖြင့်ဇီဝှါဓါတုစေတီဟုခေါ်ကြောင်း သမိုင်းတင်ရှိခဲ့သည်။ ထိုကြောင့်သမိုင်းရာဇ၀င်လင်္ကာ၌၊ ဤသို့စပ်ဆိုရေးဖွဲ့ ခဲ့ကြသည်ကို တွေ့ ရှိရ၏ ။
” မြတ်ဖျားရှေးခါ၊သုဝါကျေးမင်း၊ပျော်ခင်းစံရာ၊ကာကာဂီရိ၊မည်ဟိတောင်မှာ၊
ဇီဝှာစေတီ၊ခေါ်ညီမည်တွင်၊့ ”
(ေ၇ှ့ထုံးလင်္ကာ)
” ဤသာမှာ၌၊ကာလာဂီရိ၊တောင်ကြီးထိပ်ဖျား၊ကျေးသားဖြစ်ခါ၊
လျှာရင်းတော်ဓါတ်၊ပညတ်ဇီဝှါ၊နောင်တွင်ရာလိမ့့် ”့
(ဦးစံတင့်၊မြို့တည်လင်္ကာ)
ကျိန်းတော်ရှင် ဓါတ်တော်သည်၊ ဘု၇ားရှင်၏ လျှာရင်းတော်ဖြစ်သော ဓါတ်တော်ကိုဌာပနာ၍ တည်ထားတော်မူသောကြောင့်၊ အလွန်တန်ခိုးကြီးမား ထင်ပေါ်ကျော်ဇောမှုရှိရကား၊ ကျိန်းတိုင်းမြို့နယ်နှင့် တခြားမြို့နယ်များမှ ဘု၇ားဖူးလာ ရောက်ကြသည်။ ထိုသို့ဘု၇ားဖူးလာရောက်ကြသူများ သက်တောင့်သက်သာ နားနားနေနေ၊ အညောင်းအညာဖြေနိုင်ကြစေ၇န် ရည်ရွယ်လျက်၊ တောင်ပေါ်တက်လမ်း အလယ်၌ “ရင်ကွဲဇ၇ပ်” ခေါ်အနားယူစခန်းတခု တည်ဆောက်ထား၇ှိသည်။ ရှေးယခင်နှစ် သင်္ကြန်ပွဲတော်၊၀ါကျွတ်ပွဲတော် အခါကြီးရက်ကြီးနေ့များတွင် အလှူရှင်များက ဘု၇ားဖူးတက်ဆင်းသူများရွှေရင်တော် အေးစေရန် ” ရှာလပတ်၇ည်” ခေါ် အဖျှော်ရည်များ နှင့် ရေအးများကို တိုက်ကျွေးလေ့ ရှိကြသည်။ ယခုအခါတွင် အလိုတော်ပြည့်ဆရာတော်ကြိးမှူးလျက် ကျိန်းတောင်ကို ကားဖြင့်တက်ရောက်နိုင်ရန် ကတ္တရာလမ်းပြုလုပ်ရာတွင်ယင်း “ရင်ကွဲဇရပ် နှင့် အရှင်သီဝလိဆင်းထု ” မှာလမ်းပေါ်တွင်မဟုတ်တော့ပေ။ အရှင်သီဝလိကို ဖူးချင်လျှင် သိးသန့် ဝင်ရပေမည်။

ဤတောင်၌ ကျိန်းတော်ရှင်စေတီအပြင်၊ ကျိန်းတောင်တက်လမ်းတလျှောက်နှင့် ကျိန်းတော်ရှင် ဘု၇ားရင်ပြင်ပေါ်၌၊ စေတီပုထိုးများ၊ ဘုရားဆင်းထုတော်များ လည်းရှိကြသည်။ ရင်ကွဲဇရပ်မှ ဆက်တက်သွားလျှင် သာသနာအနှစ် ၂၅၀၀ ကိုရည်မှန်း၍ “နှစ်ထောင့်ငါးရာစေတီတော်” ကိုရွှေရောင်တဝင်းဝင်းဖြင့် ဖူးမျှော်တွေ့ ရှိရမည်။
နှစ်ထောင့်ငါးရာ စေတီတော်ကို ဖြတ်၍

၇သည်။ ထိုအုတ်လှေကားပျက်စိးယိုယွင်းနေသည်ကို မြို့ ပေါ်စေတနာရှင်တစုမှ “ဇောင်းတန်းအဖွဲ့ ”ဆိုပြိး အသင်းဖွဲ့  ရန်ပုံငွေရှာပြိး ပြန်လည်မွမ်းမံထားသဖြင့် သစ်လွင်လှပနေပြီ။ ယင်းအုတ်လှေကား တက်လမ်းအတိုင်း ဆက်လက်တက်လျှင် လက်ျာဘက်၌ ကိုးန၀င်းစေတီတော်ကို စိတ်ချမ်းမြေ့စွာ ဖူးတွေ့နိုင်သည်။ြ၈ိုဟ်ကိုးလုံးကို ၇ည်၇ွယ်တည်ထားသည့် စေတီတဆူလည်း ဖြစ်သည်။

ထိုင်တော်မူဘုရားတည်ရှိရာ တောင်စွယ်ဖျားပေါ်မှ အရှေ့ဘက်ဝဲယာရူစားလျှင် မြစ်၊ ချောင်း၊ လယ်ယာ၊ တောတောင်ပါ မကျန်မြင်နိုင်ပေ၏။ ကြပ်စင်ကျွန်း၊ ရာမောင်ကျွန်း၊ ငါးစရိုင်းချောင်းကျွန်း၊ တောတန်းတောင်စွယ်၊ အဉ္စနနဒီမြစ်ကြောင်း စီးသွယ်နေသော သဘာဝမြင်ကွင်းကိုရှ၊စားနိုင်၏။ အရှေ့ဘက်မနီးမဝေးသို့  လှမ်းမျှော်ကြည့်ရှူသော်၊ မင်းပြားမြို့သည် တောင်ရင်ခွင်အောက်ဝယ် ချစ်စဖွယ်ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းစင်စွာ ပြုံးရွှင်ကြည်ကြည်လင်လင် ရှိနေပေသည်။

ကျိန်းတော်ရှင်စေတီတော်ကို မဖူးမီ၊ ကြိုတင်ဖူးမျှော်နိုင်သော အကြိုစေတီတော် နှစ်ဆူ၇ှိလေသည်။ အရှေ့ဘက်တွင် တစ်ဆူ၊ အနောက်ဘက်တွင် တစ်ဆူဖြစ်သည်။ ထိုအတူကြေး ခေါင်းလောင်းတစ်ခုမှာလည်း အကြိုဘု၇ားစေတီအနီး ချိတ်ဆွဲလျက်၇ှိသည်။ ဤခေါင်းလောင်းကို ကောဇာသက္က၇ာဇ်(၁၂၈၈)ခုနှစ်တွင်၊ မင်းပြားမြို့၊မြို့မတောင် ကျောင်းဝင်းအတွင်း စတင်သွန်းလုပ်ခဲ့သည်။ မအောင်မြင်သဖြင့် စစ်တွေမြို့သို့ယူ၍ သွန်းလုပ်ခဲ့၇သည်။ အချင်း (၂)ပေ၊ (၃)လက်မ၊ အမြင့်(၂)ပေ၊ (၂)လက်မ၊ လုံပတ်(၇)ပေ ၇ှိသည်။
မင်းပြားမြို့ နယ်ရှိ ကျေးရွာများမှာ
၁။ပန်းမြောင်း၊၂။အိုးပျဉ်တောင်၊ ၃။ရွှေတမာ၊ ၄၊အသေကာလ၊ ၅၊မော်ရွာ၊ ၆၊သဲတန်း၊ ၇၊နားတင်၊ ၈၊ကြက်မကျိုင်၊ ၉၊စွန်ရဲ၊ ၁၀၊ငပုကွ၊၁၁၊ ဓါးမကျ၊ ၁၂၊ကတိုးဆိပ်၊ ၁၃၊လက်သန်းချေ၊၁

မှတ်ချက်။အားလုံးပြည့်စုံသည်ဟု မဆိုလိုပါ၊ ရနိုင်သမျှရာဖြစ်ပါသည်။