Saturday, October 20, 2012

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်

Posted by Unknown On 2:07 AM

မောင်အေး
ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
ဆန္ဒပြသူများသည် အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုရာကျော်က ပြောသည်။
“ အိုအိုင်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ဂဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အခုလက်ရှိတွင်လည်း ကားလမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ခရီးသွားကားများအား တိုက်ခိုက်မူများ ရှိပါသလားဟု မေးမြန်းရာ ယခုအခါ မရှိတော့ကြောင်း၊ သို့သော် လွန်ခဲ့သော လအထိ ယခုလို နှောင့်ယှက် တားဆီးမူများ ရှိခဲ့ကြောင်း ပြောဆိုသည်။
ဆန္ဒပြပွဲကို မင်းပြားမြို့ ဈေးဟောင်းပိုင်း ကမ်းနားလမ်းရှိ ဓမ္မာရုံမှစတင်ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ပြီး ဆန္ဒပြပြီး   ဓမ္မာရုံ သို့ပြန်လှည့်လာကာ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်ခဲ့ကြသည်ဟု ပြောသည်။
ဆန္ဒပြပွဲကို လက်နက် မပါသော ယူနီဖေါင်းဝတ် ရဲတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ရအောင် ထိန်းသိမ်းပေးခဲ့သည်ဟု သိရှိရသည်။

Saturday, September 29, 2012

ဘင်္ဂါလီများကို ပြောင်းရွေ့မည်ဟု ရခိုင်ဝန်ကြီးချုပ် ကတိပေး

Posted by Unknown On 5:41 AM

ရခိုင် ကလေးငယ်တစ်ယောက်ကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂါလီများ သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲသဖြင့် စစ်တွေမြို့တွင် အခြေအနေများတင်းမှာခဲ့ရာ ယင်းသို့ ထပ်မံ တင်းမာမှုများ ထပ်မံ မဖြစ်ပွါးစေရန် အင်ပါလာ ရပ်ကွက်မှ ဘင်္ဂါလီများကို အခြားတစ်နေရာသို့ ပြောင်းရွေ့ပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံဃာတော်များကို ကတိပြုပြောကြားခဲ့ကြောင်း Eleven Media Group တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်က သံဃာတော်များကို ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့် ရခိုင်တိုင်း ရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေါ်က်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ယင်းသို့ ကတိပြုပြောကြားလိုက်ပြီးနောက်
သံဃာတော်များက ဒေသခံ ရခိုင်တိုင်းရင်းသားများကို လူစုခွဲရန်နှင့် မေတ္တာရပ်ခံခဲ့သဖြင့် မနေ့က ည ၇နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း ယင်းတွင်ဖော်ပြထားသည်။

ဓါတ်ပုံ - Eleven Media Group

စစ်တွေတွင် အခြေအနေတင်းမာမှု မြင်ကွင်း

Monday, September 17, 2012

ဘင်္ဂါလီကုလားများ ရခိုင်တောင်သူလယ်သမားများ၏ စပါးခင်းများအား ၀င်ရောက်ဖျက်ဆီး

Posted by Unknown On 6:05 AM

၁၆-၉-၂၀၁၂ နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ(ရခိုင်)ကျေးရွာရှိ လယ်ပိုင်ရှင် ဦးမောင်ဇံဖြူ၊ ဦးမောင်တင်သိန်းချေ နှင့် ဦးမျိုးထွ
န်း တို့(၃)ဦးပိုင်ဆိုင်သော လယ်မြေ (၁)ဧက၊ ကွင်အမှတ်(၆၅-က) အတွင်းရှိ မိုးစပါးပင်များကို နဂရာပေါက်တော(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာယု (ဘ)ဦးကျော်သိန်း၊ အသက်(၃၀)နှစ်၊ လာလင်း (ဘ)ဦးအဒူကာလီ၊ အသက်(၂၉)နှစ်တို့သည် နောက်ပါ (၂)ဦး၊ စုစုပေါင်း(၄)ဦးသည် ကွင်းအမှတ် (၆၅-က)အတွင်းစိုက်ပျိုးထားသည့် မိုးစပါးပင်များအား ၀င်ရောက်ဖျက်ဆီးနေသည်ဟုသတင်းရရှိပါသဖြင့် ရွာသား(၃)ဦးနှင့်အတူ တပ်မတော်သား(၂)ဦးတို့ သည် (၁၁း၀၀)နာရီအချိန်တွင် နဂရာပေါက်တော (မွတ်ဆလင်)ကျေးရွာနေ မာမောက်တာယုနှင့် အပေါင်းပါ(၃)ဦးတို့အား သွားရောက်ဖမ်းဆီးခဲ့ပါသည်။
ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် စပါးဖူးပွင့်သီးချိန်အတွင်း ယခုလို ဖျက်ဆီး ရိုက်သိမ်းခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပွားရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူလယ်သမားများအနေဖြင့် စပါးခင်းအတွင်း ၀င်ရောက်ဖျက်ဆီးသူများ အား ဥပဒေကြောင်းအရ တရားစွဲဆိုသွားရန်ဆန္ဒရှိပါသော်လည်း ငွေကြေးအလွန်အကျွံကုန်ကျမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း လုံခြုံမှုအားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တရားစွဲဆိုရာ တွင်လည်း ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မှာစိုးရိမ်သဖြင့် ဆက်လက်မဆောင်ရွက်နိုင်ဘဲ ကျူးကျော်သူတို့၏ ရန်စစော်ကားမှုများကို ခါးသီးစွာခံစားနေရပါသည်။
Photo: ''ဘင်္ဂါလီကုလားများ ရခိုင်တောင်သူလယ်သမားများ၏ စပါးခင်းများအား ၀င်ရောက်ဖျက်ဆီး''

၁၆-၉-၂၀၁၂ နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ(ရခိုင်)ကျေးရွာရှိ လယ်ပိုင်ရှင် ဦးမောင်ဇံဖြူ၊ ဦးမောင်တင်သိန်းချေ နှင့် ဦးမျိုးထွန်း တို့(၃)ဦးပိုင်ဆိုင်သော လယ်မြေ (၁)ဧက၊ ကွင်အမှတ်(၆၅-က) အတွင်းရှိ မိုးစပါးပင်များကို နဂရာပေါက်တော(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာယု (ဘ)ဦးကျော်သိန်း၊ အသက်(၃၀)နှစ်၊ လာလင်း (ဘ)ဦးအဒူကာလီ၊ အသက်(၂၉)နှစ်တို့သည် နောက်ပါ (၂)ဦး၊ စုစုပေါင်း(၄)ဦးသည် ကွင်းအမှတ် (၆၅-က)အတွင်းစိုက်ပျိုးထားသည့် မိုးစပါးပင်များအား ၀င်ရောက်ဖျက်ဆီးနေသည်ဟုသတင်းရရှိပါသဖြင့် ရွာသား(၃)ဦးနှင့်အတူ တပ်မတော်သား(၂)ဦးတို့ သည် (၁၁း၀၀)နာရီအချိန်တွင် နဂရာပေါက်တော (မွတ်ဆလင်)ကျေးရွာနေ မာမောက်တာယုနှင့် အပေါင်းပါ(၃)ဦးတို့အား သွားရောက်ဖမ်းဆီးခဲ့ပါသည်။
ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် စပါးဖူးပွင့်သီးချိန်အတွင်း ယခုလို ဖျက်ဆီး ရိုက်သိမ်းခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပွားရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူလယ်သမားများအနေဖြင့် စပါးခင်းအတွင်း ၀င်ရောက်ဖျက်ဆီးသူများ အား ဥပဒေကြောင်းအရ တရားစွဲဆိုသွားရန်ဆန္ဒရှိပါသော်လည်း ငွေကြေးအလွန်အကျွံကုန်ကျမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း လုံခြုံမှုအားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တရားစွဲဆိုရာ တွင်လည်း ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မှာစိုးရိမ်သဖြင့် ဆက်လက်မဆောင်ရွက်နိုင်ဘဲ ကျူးကျော်သူတို့၏ ရန်စစော်ကားမှုများကို ခါးသီးစွာခံစားနေရပါသည်။

မင်းပြားမှာ နွားများပျောက်ဆုံး

Posted by Unknown On 6:04 AM

၂၇-၈-၂၀၁၂ နေ့ ည(၈)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ သောင်းခုံမော်ကျေးရွာမှ ဦးမောင်လှ ပိုင် နွား(၁)ကောင်ကို စမ္ဘလေ(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာခတ် ပါ(၃)ဦးခိုးယူစဉ် ကျေးရွာမှ ၀ိုင်းဝန်းဖမ်းဆီးရာ မာမောက်တာခတ်အားဖမ်းဆီးရမိပြီး ကျန်(၂)ဦးမှာ ထွက
်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ အဆိုပါကိစ္စအား သက်ဆိုင်ရာ မင်းပြားမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သို့ တိုင်ချက်ဖွင့်ပြီး မြို့နယ်တရားရုံးသို့ အမှုဖွင့်ထားကြောင်းသိရှိရ။
ကုလား-ရခိုင်အဓိဂရုန်းဖြစ်ပြီးပြီးနောက် မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လုံခြုံရေးချထားမှုအားနည်းနေခြင်းကြောင်း မွတ်ဆလင်ကုလားရွာများနှင့်နီးစပ်သည့် ရခိုင်ကျေးရွာများတွင် ကျွဲ/နွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါသည်။
Photo: ၂၇-၈-၂၀၁၂ နေ့ ည(၈)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ သောင်းခုံမော်ကျေးရွာမှ ဦးမောင်လှ ပိုင် နွား(၁)ကောင်ကို စမ္ဘလေ(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာခတ် ပါ(၃)ဦးခိုးယူစဉ် ကျေးရွာမှ ၀ိုင်းဝန်းဖမ်းဆီးရာ မာမောက်တာခတ်အားဖမ်းဆီးရမိပြီး ကျန်(၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ အဆိုပါကိစ္စအား သက်ဆိုင်ရာ မင်းပြားမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သို့ တိုင်ချက်ဖွင့်ပြီး မြို့နယ်တရားရုံးသို့ အမှုဖွင့်ထားကြောင်းသိရှိရ။
ကုလား-ရခိုင်အဓိဂရုန်းဖြစ်ပြီးပြီးနောက် မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လုံခြုံရေးချထားမှုအားနည်းနေခြင်းကြောင်း မွတ်ဆလင်ကုလားရွာများနှင့်နီးစပ်သည့် ရခိုင်ကျေးရွာများတွင် ကျွဲ/နွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါသည်။

Thursday, June 28, 2012

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ (ပေးစာ)

Posted by Unknown On 4:50 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYyJgqdI3V8NYoNPXCrsHtcgEoywWcCWhxfcISUm08PvOfJN7y0dL13mqVj8qnUI_c-9EcJmD_kmCQwX0k_ETHEdv5CLrhRLiDb5VBf8xmcokZoIR24RmWwf21zH8hZbXJ0AcQaRUoEK8/s1600/gallery_1_24_32850.jpg
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ

၈-၆-၂၀၁၂ နေ့ ဘင်္ဂါလီကုလားများ မောင်တောမြို့ ၌ စုဝေး ၀တ်ပြုဆုတောင်းပွဲလုပ်ရန် လက်ဆောင် ဘဏ္ဍာငွေ ရယူ၍ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီးမှ ခွင့်ပြုပေးခဲ့ပါသည်။

၎င်းနေ့  နေ့ လည်၂ နာရီခန့် တွင်ဘဂါင်္လီ ကုလားများ ဆုတောင်း အပြီးတွင် မြို့ မ ဘုန်းကြီးကျောင်းနှင့် ယူနှိုက်တက် ဧည့်ရိပ်သာကို ခဲဖြင့် ပေါက်ပြီး မီးရှို့ရန် ကြံရွယ်နေစဉ် ရဲတပ်ရင်း အမှတ် ၂ တပ်ဖွဲ့ ဝင်များ သေနတ်ဖြင့် မိုးပေါ်သို့ ထောင်ပစ်ခတ်သဖြင့် ၄င်းဘင်္ဂါလီလူစုမှ ရပ်ကွက် ၄ ဗိုလ်မှူးရွာ သဇင် ဧည့်ရိပ်သာ ဘက်သို့ ရွေ့ လျား စုရုံးလာပြီး ဧည့်ရိပ်သာကို မီးရှို့ ရန် အော်ဟစ်နေစဉ် နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး အောင်ကြီးမှာလည်း ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များနှင့် အတူကားနှစ်စီးနှင့် ၄င်းဆူပူနေသော ဘင်္ဂါလီလူစုနှင့် ကိုက်တစ်ရာခန့် အကွာသို့ ရောက်ရှိနေပြီး အချိန်မှီ တားဆီး နိုင်ပါလျှက် မျက်ကွယ်ပြုပြီး ဆူပူမူုဖြစ်နေသော ဘင်္ဂါလီ လူစုနှင့်၂ ဖာလုံခန့် ကွာဝေးသော ဆေးရုံဝင်း အတွင်းသို့ ကားကို နောက်ဆုတ် ရပ်တန့် စဉ် အတွင်း တွင် သဇင် ဧည့်ရိပ်သာနှင့် ဗိုလ်မူးရွာ အိမ်တန်းကို မိးရှို့ ပြီး ဒေါက်တာခင်မောင်လတ်တို့  တစ်အိမ်သားလုံး ကိုလည်း ဓါးဖြင့်ထိုး လုယက် အကြမ်းဖက်နေခြင်းများကို ၄င်း နစကဒုဗိုလ်မှူးကြီး အောင်ကြီး မှ မတားဆီးပဲ မျက်ကွယ် ပြုနေခဲ့ပါသည်။ ၄င်းနာရီပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်ရှိဝေသာလီရွာ၊ ရွှေရင်အေးရွာ၊ ခရေမြိုင်ရွာ၊ ကန်သာယာရွာ၊ ဗောဓိကုန်းရွာ၊ သရီကုန်ဘောင်ရွာ၊ ကိုင်းကြီးရွာ၊ မောရ၀တီရွာ များကိုလည်းမီးရှို့ လုယက် သတ်ဖြတ်ခံရခြင်းမှာလည်း ၄င်းနစကတပ်ဖွဲ့ မှ နယ်စပ် တလျောက် ကုလားကျေးရွာများ၌ တဖက် နိုင်ငံမှ တရားမ၀င် GSM တယ်လီဖုန်း တစ်လုံးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် လာဘ်ငွေယူ၍ ရိုဟင်ဂျာ ဘင်္ဂါလီ ကုလား များအား ကိုင်ဆောင်ခွင့်ပြုထားခြင်းကြောင့် ဆက်သွယ်မူ အားကောင်းကာ နာရီပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျယ်ပြန့် စွာလုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။

အဆိုပါအကြမ်းဖက်မူတွင် ဦးဆောင် ပါဝင်သူ ဘင်္ဂါလီ လူမျိုးများဖြစ်သော ကမ်းနား ဟိုတယ်ပိုင်ရှင် ဒီလ်လာ၊ မောင်လှမြိုင်၊ ဆော်လာမောက် နှင့် တခြားစီးပွားရေးသမား ဘင်္ဂလီ ကုလားများကို မောင်တောနယ်စပ် ဒေသလုံခြုံမှူး ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီးနှင့် အမှတ်(၁) ၀င်ထွက်ဂိတ် မောင်တော နယ်မြေခံ နစက အရာရှိများမှ ၄င်းကုလားများထံမှ လာဘ်ငွေယူပြီး သတင်းပေး အမာခံဆိုပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ မဖမ်းဆီးနိုင်အောင်အကာကွယ်ပေးနေသောလုပ်ရပ်များကိုလည်းမျက်ဝါး ထင်ထင် တွေ့ မြင် နေရပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချူပ်ကြီး သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။

မောင်တောဒေသခံ နစကတပ်ဖွဲ့ ဝင်တစ်ဦး

( လုံးဝ တည်းဖြတ်ခြင်း မရှိဘဲ ပေးပို့သော စာအတိုင်း ဖေါ်ပြလိုက်ပါသည်။)

Wednesday, June 27, 2012

ရခိုင်ပြည်နယ်ခန်းမတွင် ဒီကနေ့ပြုလုပ်သော ရခိုင်ပြည်နည်အုပ်ချုပ်ရေးဖွဲ့နှင့်အဖွဲ့ပေါင်းစုံတွေ့ဆုံပွဲတွင် အောက်ပါအချက်(၃)ချက်ကို အတည်ပြုကြေငြာခဲ့ပါသည်။

Posted by Unknown On 7:29 AM


ရခိုင်ပြည်နယ်ခန်းမတွင် ဒီကနေ့ပြုလုပ်သော ရခိုင်ပြည်နည်အုပ်ချုပ်ရေးဖွဲ့နှင့်အဖွဲ့ပေါင်းစုံတွေ့ဆုံပွဲတွင် အောက်ပါအချက်(၃)ချက်ကို အတည်ပြုကြေငြာခဲ့ပါသည်။

၁။ စစ်တွေမြို့မဈေးအတွင်းရှိ ဘင်္ဂလီဆိုင်များကို အခြားနေရာများသို့ (၄)ရက်အတွင်းရွှေ့ပြောင်းပေးရန်။

၂။ ပြည်နယ်တွင်းလုံခြုံရေးကို အရင်ထက်ပိုပြီး တိုးမြှင့်ချထားပေးရန်။

၃။ ဘင်္ဂလီနှင့်ရခိုင်ရောနှောနေသော နေရာများရှိဘင်္ဂလီနေအိမ်များကို သီးခြားစီနေရာချထားပြီး မြို့ပြင်များတွင် ဘင်္ဂလီရပ်ကွက်များထားရှိပေးရေးအတွက် နိုင်ငံတော်အဆင့်လူကြီးများထံတင်ပြပေးရန် တို့ဖြစ်ပါသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်

Posted by Unknown On 7:27 AM

Friday, May 25, 2012

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးထံပေးစာ

Posted by Unknown On 8:44 PM

သို./
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန်.ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို. ရခိုင်ပြည်၌ မြစ်ကြီး လေးသွယ်ရှိတဲ့ အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအား လျှပ်စစ် စီမံကိန်း ပြုလုပ်နေပါသည်။ ကျွန်တော်တို့သည် ၄င်းလေးမြို့ မြစ်ရေဖြင့် သုံးစွဲ ချက်ပြုတ်ကြရပြီး ၊ ၄င်းမြစ် ပတ်ဝန်းကျင်တွင်လည်း လယ်မြေ ၊ ယာမြေ၊ ကိုင်း အစရှိသည်တို့ကို ပြုလုပ်ပြီး အသက်မွေး ၀မ်းကျောင်းမှုကို လုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၄င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါး အတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချ စားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့ မြစ် ရေအား လျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင့် တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ်ညမ်းခြင်း ၊ သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ့ ငါးများ မြစ်ရေ ညစ်ညမ်းမှုဖြင့် အလိုအလျောက် သေခြင်း များဆက်လက်ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ၄င်းအပြင် မြစ်ကမ်းနဘေးမှ ရွာများမှာလဲ ၄င်းလေးမြို.မြစ်ရေကို သုံးစွဲမိကြသဖြင်. ကျန်းမာရေးများလည်း ထိခိုက်လျက် ရှိနေကြပါတယ်။ ၄င်းအပြင် ထိုလေးမြို.မြစ်၏ ဘေးဘယ်ညာ တစ်ဘက် တစ်ချက်တွင်လဲ ၄င်းလေးမြို့ မြစ်က ရေကို အမှီသဟဲပြု၍ လယ်မြေ ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုး စားသောက်၍ ရရှိမည့် နည်းလမ်းများလည်း အလွန် နည်းနေလျှက်ရှိနေပါတယ်။ ၄င်းမြစ်ရေကို အမှီပြုရျ လုပ်ကိုင် စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။ အကယ်၍ ဒီလေးမြို့ မြစ် စီမံကိန်းဖြစ်ပေါ် လာခဲ.လျှင်လည်း ကျွန်ာတော်တို.ရခိုင်ပြည်ရှိလေးမြို.မြစ်ပတ်ဝန်းကျင်တွင် နေထိုင် လုပ်ကိုင် စားသောက်လျှက်ရှိကြသော ပြည်သူများမှာလဲ အလုပ်လက်မဲ့ ဦးရေ ဒီထက် နှစ်ဆတိုးကာ ဆင်းရဲ ကျပ်တည်း မှု များစွာနဲ့ ရင်ဆိုင်ရမည့် အရေးနဲ့ ကြုံကြိုက်နေရပါသောကြောင်. သနား ညှာတာ ထောက်ထား စွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန်.ပေးပါရန် ရိုသေ လေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန် အားမေတ္တာရပ်ခံ တောင်းဆိုသမှု ပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူး တင်ပါတယ်။

တက်တိုးမောင် - မြောက်ဦးမြို. ၊ ရခိုင်ပြည်။




Wednesday, March 21, 2012

ဆိုင်ခန်း(၅၄၄)ခန်းပါဝင်သော ဒွါရာဝတီယာယီဈေးသစ်ဆောက်လုပ်ပြီးစီးသွာပါက ဆိုင်ခန်းခပေးစရာမလိုဘဲ အခမဲ့ရောင်းချခွင့်ရရှိမည်

Posted by Unknown On 9:53 AM

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ဆိုင်ခန်း(၅၄၄)ခန်းပါဝင်သော ဒွါရာဝတီယာယီဈေးသစ် ဆောက်လုပ်ပြီးစီးသွားပါက စာရင်းပေးသွင်းထားသော ဆိုင်ခန်းပိုင်ရှင် (၅၄၄)ဦးတို့မှာ ဆိုင်ခန်းခပေးစရာမလိုဘဲ အခမဲ့ ရောင်းချခွင့်ရရှိမည်ဟု သတင်းရရှိသည်။
ဒွါရာဝတီ မြို့မဈေးကြီး မီးလောင်သွားခဲ့ခြင်းကြောင့် ဈေးသူ၊ ဈေးသားများမှာ ရောင်းချရန်ခက်ခဲနေခြင်းကြောင့် ရရှိထားသော အလှူငွေ (၁၅၈) သိန်းဖြင့် ဒွါရာဝတီ ယာယီဈေးသစ်ဆောက်လုပ်နေစဉ် နိုင်ငံတော်အစိုးရမှ အလှူငွေကျပ် သိန်း(၅၀) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၂၅) သိန်း၊ လုပ်ငန်းရှင်များအသင်းမှ (၂၅၅)သိန်း၊ အခြား တသီးပုဂ္ဂလ အလှူရှင်များထံမှ (၁၅၈) သိန်း ကို လာရောက် လှူဒါန်းခဲ့ခြင်းကြောင့် ဈေးဆိုင်ခန်း(၅၄၄)ခန်းသည် ဆိုင်ခန်းခ ပေးစရမလိုဘဲ အခမဲ့ရောင်းချခွင့် ရရှိမည်ဟု သိရသည်။
ဒွါရာဝတီမြို့မဈေးကြီး မီးလောင်ရာတွင် စည်ပင်စာရင်းအရ(၇၄၄) ခန်းရှိသည့်အနက်မှ ဆိုင်ခန်း(၂၀၀)မှ မိမိကိုယ်ပိုင်အိမ်များတွင် ဆိုင်ခန်းဖွင့်၍ ရောင်းချနိုင်သော်လည်း ဆိုင်ခန်း(၅၄၄) ပိုင်ရှင်များမှာ ဈေးရောင်းချရန် ခက်ခဲနေခြင်းကြောင့် ဈေးတာဝန်ခံများထံတွင် လာရောက် စာရင်းပေးသွင်းထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့က သံတွဲမြို့ ဒွါရာဝတီဈေးကြီးတစ်ခုလုံ မီးလောင်မှု ဖြစ်ပွါးခဲ့ရာ ဆိုင်ခန်းပေါင်း ၉၀၈ ခန်းရှိသည့်အနက်မှ စည်ပင်စာရင်းအရ (၇၄၄)ခန်းမှ ဆိုင်ဖွင့်ရောင်းချခဲ့ခြင်းဖြစ်သည်။
ဆိုင်ခန်း(၇၄၄)ခန်းအနက်မှ ဆိုင်ခန်းပိုင်ရှင်၂၀၀မှာ မြို့ထဲရှိ မိမိအိမ်များတွင် ရောင်းချရန်နေရာရှိသော်လည်း ဈေးရောင်းရန် အက်အခဲရှိသော (၅၄၄)ဦးမှာ သက်ဆိုင်ရာ ဈေးတာဝန်ခံများသို့ လာရောက်စာရင်ပေးကြရာ ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း၍ ဒွါရာဝတီယာယီဈေးသစ်ဆောက်လုပ်နေကြခြင်းဖြစ်သည်။
ဒွါရာဝတီမြို့မဈေးကြီး မီးလောင်သွားခြင်းကြောင့် ယခုအချိန်တွင် ဈေးသူ၊ ဈေးသားများမှာ သံတွဲမြို့ ဒွါရာဝတီ တံတား အနီးတွင် ဖွင့်လှစ်ထားသော ဒွါရာဦး ယာယီပျံကျဈေး၊ မီးလောင်သွားခဲ့သော ဈေးကြီးအနီးနှင့် လမ်းဘေးတို့တွင် ရောင်းချနေကြကြောင်း သိရသည်။
........................................................
မင်းပြားမြို့မှာလည်း ခုလိုမျိုးပဲ ဖြစ်သင့်တာပါ 
.............................
 arakantimes

Monday, March 19, 2012

မင်းပြားမြို့ မြို့မဈီး ပြန်တည်ဆောက်နိန်ရေ အခြေအနေ

Posted by Unknown On 6:44 AM






ဈီးကို တစ်ထပ်တည်းရာ ဆောက်ဖို့လို့ ပြောသံတိထွက်နိန်ပါရေ

ီနှစ်တရာပြည့်စေတီ

Posted by Unknown On 6:39 AM

Sunday, March 18, 2012

“ငါရို့ တိသရုပ်မှန်”

Posted by Unknown On 5:51 AM

ငါရို့ တိပြောနိန်စွာ
စကားလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖိနှိပ်ခံလာရလို့ 
ထွက်ပေါက်ရှာဖို့ 
ထွက်ကျလာရေ
ရင်တွင်းပေါက်ကွဲသံဇိုင်တိ…..၊

ငါရို့ တိ ရွီးနိန်စွာ
စာလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖျက်ဆီးခံလာရလို့ 
ပြန်ပနာရှင်သန်ဖို့ 
သွီးနန့် ခင်းထားရေ
လမ်းမတိ…..၊

ငါရို့ တိဆိုနိန်စွာ
တေးခြင်းတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
မျိုသိပ်ထားလာရလို့ 
လွတ်လမ်းရှာဖို့ 
ပြန်အန်ကျရေ
ဘ၀အစိတ်အပိုင်းတိ….၊

ငါရို့ တိအသက်ရှင်နိန်စွာ
နီဝင်မိုးလင်း စားခြင်းအတွက်မဟုတ်
ကိုယ့်သမိုင်းအမွီကို ကိုယ်ရို့ ထမ်းပနာလားဖို့ 
ကိုယ့်ပစ္စက္ခကို ကိုယ်ရို့ ဂုဏ်သိက္ခာနန့် တည်ဆောက်ဖို့ 
ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ဖို့ 
ကိုယ့်မြီ ကိုယ့်ရီနန့်  ကိုယ့်ပြည်ရနံ့ ကို ရှုပနာ
ငါရို့ တိ ဇာလဲဆိုစွာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ …..၊

ခိုင်အောင်အောင်

မင်းပြားမြို့  ( Minbya Town )

Posted by Unknown On 2:27 AM

မင်းပြားမြို့သည် စစ်တွေခ၇ိုင်အတွင်းပါဝင်သော မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့ဘက်မိုင်၃၀ အကွာအဉ္စနနဒီ(ခေါ်) လေးမြို့မြစ်ဝကျသော ရာမောင်မြစ် အနောက်ဘက်ကမ်း ကျိန်းတောင်ခြေရင်းတွင် ယခုမင်းပြားတည်လျှက်ရှိသည်။ ကောဇာသက္ကရာဇ်(၁၂၂၉)ခုနှစ်၊ (ခရစ်သက္ကရာဇ် ၁၈၆၇ခုနှစ်) တပေါင်းလပြည့်ကျော်တစ်ရက်နေ့ မင်းပြားတည်သည်ဟု ကင်းမွန်းတပ်ကမ္ပည်းထိုးသတ်မှတ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ၇ှိသည် ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရခိုင်မင်းလက်ထက်ကပင် ထင်ရှားလာသော မင်းပြားမြို့ရပ်အပါအ၀င်၊ ကျိန်းကျွန်းသည်ကား ရာဇ၀င်တစ်ခေတ်တွင်သမိုင်းဝင် ထင်းရှားမှုဖြစ်ရပ်များ ရှိခဲ့သည်။
မင်းပြားမြို့၏ င်္အနောက်ဘက်တွင်ရှိသော ကျိန်းတောင်သည် တောင်နှင့်မြောက်သွယ်တန်း နေကာ(၃)မိုင်ခန့်၇ှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်မှ (၄၁၄)ပေမြင့်သည်။ ကျိန်းတောင်၊ မြို့တောင်၊ အလင်းတောင်၊ လွမ်းတောင်၊ ခြိတ်တောင်၊ ဘိတ် တောင်၊ သပိတ်တောင်၊ စံကားတောင်၊ ဖီလာတောင်၊ ငစဉ်တောင်၊ စသည်ဖြင့် ခင်စိုင်း၊ ကုန်း တန်း၊ တောင်ပို့၊ တောင်ထွတ် တို့၌တောင်အလုံးပေါင်း (၉၉)လုံးဆက်သွယ်နေကြသည် ဟုအဆိုရှိသည်။ ကျိန်းတောင်သည်အဉ္စနနဒီမြစ်(လေးမြို့မြစ်)၀ှမ်း ၌ပေါ်ထွန်းနေသော တောင်လည်းဖြစ်သည်။ ဤတောင်တန်းသည် သက်တမ်းအားဖြင့် နှစ်ကာလသန်းချီ၍ ကြာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ရခိုင်ရာဇ၀င်တို့၌ လူတို့သက်တမ်း အနှစ်တစ်သောင်းရှည်သော ကာလက၊ ကဿပဘု၇ားရှင်သည် ဤ တောင်တွင် ခေတ္တကျိန်းအောင်းခဲ့ဘူးကြောင်း၊ ၄င်းအပြင် ဂေါတမဘုရားလောင်းနုစဉ်ကာလ၊ ကျီးမင်း(ကျေးမင်း)တစ် ဇာတ်ဖြစ်ခဲ့စဉ်ကလည်း ဤတောင်ပင်၌ပင် ကျိန်းအောင်းခဲ့ဘူးသည်။

ဤတောင်တန်းမှာ အုံမှိုင်းဝေဆာ၊ ရှုခင်းသာယာ၊ နေထိုင်ဘွယ်ရာကောင်းသဖြင့် ဘုရားလောင်းကျေးမင်းနှင့် ငှက်အပေါင်း တို့သေါင်းသေါင်းအုတ်အော် ပျော်မွေ့စွာ နေထိုင်ခဲ့ကြလေသည်။ ဤကဲ့ဘု၇ားလောင်းကျီးမင်းနှင့်ငှက်အပေါင်းတို့ပျော် မွေ့ကျိန်းအောင်းနေခဲ့သည် ကိုအကြောင်းပြု၍ ဤတောင်ကို ကျိန်းတောင်ဟု ခေါ်လာခဲ့ရခြင်းဖြစ်လေသည် ဟုဆိုကြ၏။
ဂေါတမမြတ်စွာဘု၇ားရှင်သည် ရဟန္တာငါး၇ာနှင့် တကွဓည၀တီ ရခိုင်ပြည်သို့ ကြွရောက်လာသောအခါ၊ သေလာဂိရိခေါ် ကျောက်တော်တောင်ထိပ်၌ တန့်ရပ်တော်မူပြီး၊ ညီတော်အနန္ဒာအား ဗျာဒိတ်စကားမိန့်ုကာတော်မူသည်မှာ၊ ” ချစ်သားအနန္ဒာ၊ ငါဘုရားသည် နုစဉ်ကာလက၊ မဇ္ဈိမဒေသအတွင်း၌ ကျေးမင်းတစ်ဇာတ်ဖြစ်ခဲ့ဘူး၏ ။ ထိုအခါကျေးငှက်ပေါင်း များစွာတို့နှင့်လာ၍၊ ဤဓည၀တီ ရခိုင်ပြည်တွင် ကာလာဂိရိခေါ်သောတောင်၌ သွားလာကျက်စားခဲ့ဖူး၏ ။ ငါဘု၇ား ပ၇ိနိဗ္ဗာန်စံပြီး ရာနောက်တွင်၊ သာဂီဝင်မင်းတို့သည် ထိုတောင်ပေါ်၌၊ ငါဘုရား၏ လျှာရင်းတော်ဖြစ်သော ဓါတ်တော်ကိုဌာပနာ၍ ဇီဝှါစေတီအမည်ဖြင့် တည်ထားကိုးကွယ် ကြကုန်လတံ့ ” ဤသို့သောဗျာဒိတ်စကားတော်အရ၊ သာသနာ သက္က၇ာဇ်(၂၁၆)နှစ်တွင်၊ ပါဋလိပုတ်ပြည့်၇ှင် သီ၇ိဓမ္မသောကမင်းကြီးသည် ဤဇီဝှါဓါတ်တော်ကို ကျိန်းတောင်ပေါ် ၌ ဦးစွာပထမ တည်ထားခဲ့လေသည်။
ယင်းသို့ဗျာဒိတ်တော်မိန့်မြွက်ခဲ့သည်ကို ရခိုင်စာဆိုရှင်များက၊ဤသို့ရေးစပ်ခဲ့ကြပေသည်။
” ရှေ့တောင်ခွင်သို့၊ကြည့်လျှင်ရှုတ၊မျှော်ရှုကမူ၊
တယူဇနာ၊ရှိလေရာတွင်၊ကာကာဂီရိ၊တောင်ဝဟိ၏။
ဇာတိကျေးသား၊ငါးရာအားလျှင်၊ရောက်လေကျင်သော်၊
အုတ်အင်ခပင်း၊မှီတင်းနေတွယ်၊သဖန်းပေတည်း၊စားသည်များစွာ၊
ကုန်လတ်ရာလျှင်၊ငတ်သည်ပင်တည်း။
မရွှင်သောအား၊တခြားဌာနေ၊ဝေးရပ်မြေသို့၊
နှစ်လိုဝမ်းသာ၊၀စွာရှာစား၊ သွားအံ့လောဟု၊
ပြောဟောတိုင်ပင်၊ကျေးမင်းရှင်က၊
စိတ်တော်ရွှင်အား၊မသွားမလိုက်၊ဤတောင်၌လျှင်၊
နှစ်ခြိုက်ပျော်ပိုက်၊ ကျန်တုံလိုက်က၊ သေလေရ၏ ။
ထိုကတလှိုက်၊နောင်နှစ်နာဂါတ်၊ဤနေရပ်၌၊ကျိန်းလတ်ခဲ့ရာ၊
ကျိန်းတောင်သာတွင်၊ကျိန်းတောင်ရှင်မူ၊နတ်လူတကာ၊
ကိုးကွယ်ရာလိမ့်၊ဖြစ်စေလိမ့်ဟု၊နှစ်သိမ့်ရွှင်လန်း၊မိန်းခွန်းဗျာဒိတ်၊ခတ်တံဆိပ်လျှင်၊
တန်ခိုးမြင်သည်၊ရောင်တင်ပြိုးပြက်၊ ဖိတ်လျက်လူလူ၊ ဖြူဖြူဝါ၀ါ၊
နီပြာရောင်မောင်း၊ထွက်လိုက်သျှောင်းသည်၊သောင်းခွင်ကျွန်းလုံးကျော်စေသော်။”
(ရှေးရခိုင်သမိုင်းရာဇ၀င်အဆိုအရ၊ဤတောင်ကို ကာလာဂီရိတောင်၊သို့မဟုတ် ကာကဂီရိတောင်ဟုခေါ်ကြောင်း)။
ကျိန်းတောင်ရှင် (၀ါ) ကျိန်တော်ရှင်စေတီ(ဇီဝှါဓာတုစေတီ)သည်၊ ကျိန်းတောင်တန်းခေါ် ကာလာဂီရိတောင်၌ တည်ရှိသည်။ တောင်၏တောင်ဘက်ဆုံး ကုန်းမြင့်သာတွင်ဖြစ်လေသည်။ ဗုဒ္ဓနုစဉ်ဘ၀က ကျင်လည်ခဲ့ရာဌာန၊ ဗျာဒိတ်တော်မိန်းမြွက် ခဲ့ ရာဌာနလည်းဖြစ်၏။ ကျီးမင်း(ကျေးမင်း)တစ်ဇာတ်အဖြစ် ကျိန်းအောင်းခဲ့ရာဌာန၌ တည်ရှိသောကြောင့်၊ ကျိန်းတောင်ရှင် စေတီ(ကျိန်းတော်ရှင်စေတီ) ဟုခေါ်တွင်လာခဲ့သည်။ ဘု၇ားရှင်၏ လျှာရင်းတော်ကိန်းအောင်း ဌာပနာရာစေတီဖြစ်သဖြင့်ဇီဝှါဓါတုစေတီဟုခေါ်ကြောင်း သမိုင်းတင်ရှိခဲ့သည်။ ထိုကြောင့်သမိုင်းရာဇ၀င်လင်္ကာ၌၊ ဤသို့စပ်ဆိုရေးဖွဲ့ ခဲ့ကြသည်ကို တွေ့ ရှိရ၏ ။
” မြတ်ဖျားရှေးခါ၊သုဝါကျေးမင်း၊ပျော်ခင်းစံရာ၊ကာကာဂီရိ၊မည်ဟိတောင်မှာ၊
ဇီဝှာစေတီ၊ခေါ်ညီမည်တွင်၊့ ”
(ေ၇ှ့ထုံးလင်္ကာ)
” ဤသာမှာ၌၊ကာလာဂီရိ၊တောင်ကြီးထိပ်ဖျား၊ကျေးသားဖြစ်ခါ၊
လျှာရင်းတော်ဓါတ်၊ပညတ်ဇီဝှါ၊နောင်တွင်ရာလိမ့့် ”့
(ဦးစံတင့်၊မြို့တည်လင်္ကာ)
ကျိန်းတော်ရှင် ဓါတ်တော်သည်၊ ဘု၇ားရှင်၏ လျှာရင်းတော်ဖြစ်သော ဓါတ်တော်ကိုဌာပနာ၍ တည်ထားတော်မူသောကြောင့်၊ အလွန်တန်ခိုးကြီးမား ထင်ပေါ်ကျော်ဇောမှုရှိရကား၊ ကျိန်းတိုင်းမြို့နယ်နှင့် တခြားမြို့နယ်များမှ ဘု၇ားဖူးလာ ရောက်ကြသည်။ ထိုသို့ဘု၇ားဖူးလာရောက်ကြသူများ သက်တောင့်သက်သာ နားနားနေနေ၊ အညောင်းအညာဖြေနိုင်ကြစေ၇န် ရည်ရွယ်လျက်၊ တောင်ပေါ်တက်လမ်း အလယ်၌ “ရင်ကွဲဇ၇ပ်” ခေါ်အနားယူစခန်းတခု တည်ဆောက်ထား၇ှိသည်။ ရှေးယခင်နှစ် သင်္ကြန်ပွဲတော်၊၀ါကျွတ်ပွဲတော် အခါကြီးရက်ကြီးနေ့များတွင် အလှူရှင်များက ဘု၇ားဖူးတက်ဆင်းသူများရွှေရင်တော် အေးစေရန် ” ရှာလပတ်၇ည်” ခေါ် အဖျှော်ရည်များ နှင့် ရေအးများကို တိုက်ကျွေးလေ့ ရှိကြသည်။ ယခုအခါတွင် အလိုတော်ပြည့်ဆရာတော်ကြိးမှူးလျက် ကျိန်းတောင်ကို ကားဖြင့်တက်ရောက်နိုင်ရန် ကတ္တရာလမ်းပြုလုပ်ရာတွင်ယင်း “ရင်ကွဲဇရပ် နှင့် အရှင်သီဝလိဆင်းထု ” မှာလမ်းပေါ်တွင်မဟုတ်တော့ပေ။ အရှင်သီဝလိကို ဖူးချင်လျှင် သိးသန့် ဝင်ရပေမည်။
ဤတောင်၌ ကျိန်းတော်ရှင်စေတီအပြင်၊ ကျိန်းတောင်တက်လမ်းတလျှောက်နှင့် ကျိန်းတော်ရှင် ဘု၇ားရင်ပြင်ပေါ်၌၊ စေတီပုထိုးများ၊ ဘုရားဆင်းထုတော်များ လည်းရှိကြသည်။ ရင်ကွဲဇရပ်မှ ဆက်တက်သွားလျှင် သာသနာအနှစ် ၂၅၀၀ ကိုရည်မှန်း၍ “နှစ်ထောင့်ငါးရာစေတီတော်” ကိုရွှေရောင်တဝင်းဝင်းဖြင့် ဖူးမျှော်တွေ့ ရှိရမည်။
နှစ်ထောင့်ငါးရာ စေတီတော်ကို ဖြတ်၍ ဆက်လျောက်လာလျှင် အုတ်လှေကားလမ်းကိုတွေ့
၇သည်။ ထိုအုတ်လှေကားပျက်စိးယိုယွင်းနေသည်ကို မြို့ ပေါ်စေတနာရှင်တစုမှ “ဇောင်းတန်းအဖွဲ့ ”ဆိုပြိး အသင်းဖွဲ့  ရန်ပုံငွေရှာပြိး ပြန်လည်မွမ်းမံထားသဖြင့် သစ်လွင်လှပနေပြီ။ ယင်းအုတ်လှေကား တက်လမ်းအတိုင်း ဆက်လက်တက်လျှင် လက်ျာဘက်၌ ကိုးန၀င်းစေတီတော်ကို စိတ်ချမ်းမြေ့စွာ ဖူးတွေ့နိုင်သည်။ြ၈ိုဟ်ကိုးလုံးကို ၇ည်၇ွယ်တည်ထားသည့် စေတီတဆူလည်း ဖြစ်သည်။
အုတ်လှေကားတန်ဆောင်း အတိုင်းဆက်တက်လျှင် ဘု၇ားရင်ပြင်ပေါ် ရောက်သည်နှင့်တပြိုင်နက်၊ လျောင်းစက်တော်မူသော ဘု၇ားကို ဦးစွာပထမဖူးတွေ့ ရသဖြင့်၊ ဘု၇ားရှင်နှင့် ပက်ပင်းဆုံရဘိအလား ခံစားရမည်ဖြစ်၏။ ဤလျောင်းတော်မူ (ရွှေသာလျောင်း)သည် အလျား(၃၁)ပေ၊ အမြင့်(၈)ပေခွဲ၇ှိပြီး၊ဘု၇ားရင်ပြင်၏ အရှေ့မြောက်တွင်တည်ရှိသည်။လျောင်းတော်မူနှင့်မျက်နှာချင်းဆိုင်တွင် ဥာဏ်တော်(၁၆)ပေမြင့်သည့် ခြေဆင်းထိုင်တော်မူ ဘု၇ားတဆူ၇ှိသည်။ ပလ္လင်ပေါ်ခြေဆင်းလျော့ထိုင်လျက် လက်တော်နှစ်ဘက်ကို ပေါင်တော်ပေါ်တင်ထားဟန်ပြုဆင်းထုပြုလုပ်ထားသည်။
ထိုင်တော်မူဘုရားတည်ရှိရာ တောင်စွယ်ဖျားပေါ်မှ အရှေ့ဘက်ဝဲယာရူစားလျှင် မြစ်၊ ချောင်း၊ လယ်ယာ၊ တောတောင်ပါ မကျန်မြင်နိုင်ပေ၏။ ကြပ်စင်ကျွန်း၊ ရာမောင်ကျွန်း၊ ငါးစရိုင်းချောင်းကျွန်း၊ တောတန်းတောင်စွယ်၊ အဉ္စနနဒီမြစ်ကြောင်း စီးသွယ်နေသော သဘာဝမြင်ကွင်းကိုရှ၊စားနိုင်၏။ အရှေ့ဘက်မနီးမဝေးသို့  လှမ်းမျှော်ကြည့်ရှူသော်၊ မင်းပြားမြို့သည် တောင်ရင်ခွင်အောက်ဝယ် ချစ်စဖွယ်ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းစင်စွာ ပြုံးရွှင်ကြည်ကြည်လင်လင် ရှိနေပေသည်။
ကျိန်းတော်ရှင်စေတီတော်ကို မဖူးမီ၊ ကြိုတင်ဖူးမျှော်နိုင်သော အကြိုစေတီတော် နှစ်ဆူ၇ှိလေသည်။ အရှေ့ဘက်တွင် တစ်ဆူ၊ အနောက်ဘက်တွင် တစ်ဆူဖြစ်သည်။ ထိုအတူကြေး ခေါင်းလောင်းတစ်ခုမှာလည်း အကြိုဘု၇ားစေတီအနီး ချိတ်ဆွဲလျက်၇ှိသည်။ ဤခေါင်းလောင်းကို ကောဇာသက္က၇ာဇ်(၁၂၈၈)ခုနှစ်တွင်၊ မင်းပြားမြို့၊မြို့မတောင် ကျောင်းဝင်းအတွင်း စတင်သွန်းလုပ်ခဲ့သည်။ မအောင်မြင်သဖြင့် စစ်တွေမြို့သို့ယူ၍ သွန်းလုပ်ခဲ့၇သည်။ အချင်း (၂)ပေ၊ (၃)လက်မ၊ အမြင့်(၂)ပေ၊ (၂)လက်မ၊ လုံပတ်(၇)ပေ ၇ှိသည်။
မင်းပြားမြို့ နယ်ရှိ ကျေးရွာများမှာ
၁။ပန်းမြောင်း၊၂။အိုးပျဉ်တောင်၊ ၃။ရွှေတမာ၊ ၄၊အသေကာလ၊ ၅၊မော်ရွာ၊ ၆၊သဲတန်း၊ ၇၊နားတင်၊ ၈၊ကြက်မကျိုင်၊ ၉၊စွန်ရဲ၊ ၁၀၊ငပုကွ၊၁၁၊ ဓါးမကျ၊ ၁၂၊ကတိုးဆိပ်၊ ၁၃၊လက်သန်းချေ၊၁၄၊ ဇီးပင်ကြီး၊ ၁၅၊မင်းဖူး၊ ၁၆၊ဗလိပေါက်၊ ၁၇၊ချောင်းရှည်၊ ၁၈၊ဖားပျော်၊၁၉၊ ပြားချောင်၊ ၂၀၊တောင်ရွာ၊ ၂၁၊ဦးစိုးတင့်ရွာ၊ ၂၂၊သမင်ခြေရာ၊ ၂၃၊ငလက်ရွာ၊ ၂၄၊ဂန်းတိုက်ရွာ၊ ၂၅၊ငါးစဥ့်ရိုင်းချောင်း၊ ၂၆၊လက်မရွာ၊ ၂၇၊သေကံ၊ ၂၈၊ဆင်ကြီးပြင်၊၂၉၊ ဗူးပင်၊ ၃၀၊သံထောင်၊၃၁၊ ငမဲပြင်၊ ၃၂၊ကံရွာ၊ ၃၃၊ခေါင်းလောင်းချောင်း၊ ၃၄၊သဲတန်း၊ ၃၅၊ငပယင့်၊ ၃၆၊အိုးသည်ရွာ၊၃၇၊ နရမ်းရွာကြီး၊၃၈၊နရမ်းရွာချေ၊ ၃၉၊အတွင်းဒုံးချောင်း၊၄၀၊ မြစ်နာဒုံးချောင်း၊ ၄၁၊ကန်ချောဝရွာ၊ ၄၂၊င/ပျင်းရွာ၊ ၄၃၊သောင်းခမော်ရွာ ၊ ၄၄၊ကုလားမတောင်ရွာ၊ ၄၅၊ချင်းဆိပ်ရွာ ၊ ၄၆၊၄၇၊အဝရွာ၊ ၄၈၊ခေါင်းလောင်းရွာဟောင်း ၊ ၄၉၊ခေါင်းလောင်းရွာသစ် ၊ ၅၀၊ကင်းဆိပ်ရွာ၊ ၅၁၊င/တန်ပျင်း ၊ ၅၂၊ဂန်းမရွာ၊၅၃၊ ကြက်မကျေ ချင်းရွာ ၊ ၅၄၊စမ်းပလေရွာ ။ ၅၅၊အမ်းသားရွာ ၊ ၅၆၊တောင်တိုက်ရွာ၊ ၅၇၊ကေသလာချောင်းဝ ရွာ ၊ ၅၈၊သင်းပေါင်းချောင်းရွာ ၊ ၅၉၊ငစရိုင်းချောင်း ခွဆုံရွာ ၊ ၊၆၀၊ ပြားချောင်းတောင်ရွာ ၊ ၆၁၊နော်နာ၊ ၆၂၊ကံဖေကျေးရွာ၊ ၆၃၊သံထောင်၊ ၆၄၊ကင်းဆိပ်၊ ၆၅၊သဲတန်း၊ ၆၆၊သင်္ကဇာ၊ ၆၇၊ဆပ်ကျာ (ကုလား)၊ ၆၈၊ဟာရဘိုင် (ကုလား)၊ ၆၉၊ကန်ဖယ်၊ ၇၀၊မြောင်းဘွေချေ၊ ၇၁၊ငရမ၊ ၇၂၊ခြိတ်တောင် (ရခိုင်ရွာ)၊ ၇၃၊ခြိတ်တောင် (ကုလားရွာ)၊ ၇၄၊တောင်ဘုတ်ကြီး၊ ၇၅၊ဆင်ကြီးပြင်၊ ၇၆၊ဖပြို၊ ၇၇၊စပါးထား၊ ၇၈၊ဘိတ်တောင်၊ ၇၉၊သောင်းခမော်၊၈၀၊ ဒုံကြီး၊ ၈၁၊ဒုံးသား၊ ၈၂၊စိတ္တရ၊ ၈၃၊ဖုံသာ၊ ၈၄၊တောတန်း၊ ၈၅၊ငစရိုင်းချောင်းမင်းရွာ၊ ၈၆၊ထောင့်ချေ၊ ၈၇၊ငစရိုင်းချောင်းထောင့်ချေ၊ ၈၈၊ငစရိုင်းချောင်းခွဆုံ၊ ၈၉၊ကေသလာပြွန်ဝ၊ ၉၀၊ကေသလာချောင်းဝ၊၉၁၊ ကေသလာ လက်ဝါးခတ်။ ၉၃၊ ကေသလာ ချောင်းဖျား။ ၉၄ ဇမ်းဘရား (ချင်း)၊ ၉၅၊ဖေသာပြင်(ချင်း)၊ ၉၆၊ကြာအင်းတောင်၊ ၉၇၊မေလွမ်း၊ ၉၈၊ ကြိမ်ချောင်း၊ ၉၉၊ငပျိုချောင်းအထက်၊၉၉၊ ငပျိုးချောင်းအောက်၊ ၁၀၀၊ရငံဆည်၊ ၁၀၁၊ဖလောင်းပြင်၊ ၁၀၂၊ရန်ဒိုင်၊ ၁၀၃၊စအင်း၊ ၁၀၄၊သင်္ဂနက်၊ ၁၀၅၊ပန်ဇင်းမော်၊ ၁၀၆၊အောင်ဒိုင်(ကုလား)၊ ၁၀၇၊ဘုရားများ ၊၁၀၇၊သမင်ခရာ၊ ၁၀၈၊ဘူးဘင်၊ ၁၀၉၊ရှောင်းရှည်၊ ၁၁၀၊တောင်မော်၊ ၁၁၁၊သစ်ပုတ်တောင်၊ ၁၁၂၊ကြောင်ရှည်ချောင်း၊ ၁၁၃၊ကျတက်၊ ၁၁၄မညင်းပြင်၊ ၁၁၅၊ဇကိုင်းရွာသစ်၊ ၁၁၆၊ဇကိုင်းရွာဟောင်း၊ ၁၁၇၊စရေးကြီးဆိပ်၊ ၁၁၈၊ကျားဘိုက်ကေ၊ ၁၁၉၊ကျရှည်ပြင်၊ ၁၂၀၊ကျေးမ၊ ၁၂၁၊နဂရာ၊ ၁၂၂၊နဂရာပေါက်တော၊၁၂၃၊ တောင်ရှည်ပြင်(ချင်း) ၊၁၂၄၊ချော်ချောင်း ၊၁၂၅၊ငရဲကေါက်၊၁၂၆၊နားဒင်၊၁၂၇၊ကျားရဲပြင်၊၁၂၈၊သမင်ခရာ၊ ၁၂၉၊စမ္ဘလေ(ကုလား)၊ ၁၃၀၊သံတောင်၊ (ကုလား)၊ ၁၃၁၊သံတောင်(ရခိုင်)။ ၁၃၂၊ သိမ်တောင်။ ၁၃၄၊ ကြက်ယက်။ ၁၃၅၊ ငှက်ရဲကောက်၊ ၁၃၆၊ ရင်းဘွေ။ ၁၃၇၊ ကျွှဲဂြို။ ၁၃၈၊ တောင်ရှည်ပြင်။ ၁၃၉၊ နတ်ရှင်ချောင်။ ၁၄၀၊ ဆင်အိုး။ ၁၄၁၊ သင်္ကန်းနက်တောင်မော်။ ၁၄၂၊ ဇင်ယော်မော်။ ၁၄၃၊ ဇင်းပြာ။ ၁၄၅၊ ရင်းချောင်း။ ၁၄၆၊ ချောင်းကြိး။ ၁၄၇၊ စအင်း။ ၁၄၈၊ တောင်ရှည်ပြင်(ပြွန်ရှည်ချောင်း)။ ၁၄၉၊ ဇိးပြင်ကြိး။ ၁၅၀၊ ဖေးသာပြင်။ ၁၅၁၊ မေလွမ်းရွာ။ ၁၅၂၊ တောင်ပုတ်ကေရွာ။ ၁၅၃၊ချောင်းနက်ရွာ။ ၁၅၄၊ ချဲးရွာ။ ၁၅၅၊ တဲနားပြင်ရွာ၊  တို့ ရှိကြလေသည်။
မှတ်ချက်။အားလုံးပြည့်စုံသည်ဟု မဆိုလိုပါ၊ ရနိုင်သမျှရာဖြစ်ပါသည်။

Friday, March 16, 2012

ဦးအောင်စိန်သာ (၁၉၃၇-၂၀၁၂)

Posted by Unknown On 4:14 AM


"ငှက်တိပျံယင်းနန့် သီဂတ်တေပိုင်၊ ငါလေ့ ငါ့လူမျိုးအတွက် လုပ်ယင်းနန့် သီလားဖို့" 
(ဦးအောင်စိန်သာ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန် သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးအောင်စိန်သာကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စာရေးကြီးကျေးရွာ၌ ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့ မှ မွေးဖွားခဲ့သည်။ စစ်တွေမြို့ မိဇံရပ်ကွက်တွင် မူလတန်းပညာ သင်ကြားခဲ့သည်။ စစ်တွေမြို့ အထက(၁)မှ ဒဿမတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် (၁၉၅၇)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ၀ိဇ္ဖာဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၆၀-၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/သားများအသင်း အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အတွင်းရေးမှူးအဖွဲ့ဝင်၊ သဘာပတိအဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင့် တန်ဆောင် မဂ္ဂဇင်း (၁၉၅၈-၅၉)ခုနှစ်အထိ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းမဂ္ဂဇင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။

၁၉၆၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသားများ စုစည်း၍ ရခိုင်ပြည် ကွန်မြူနစ်ပါတီ၏ လက် နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၆၇-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ ချောက်မြို့နယ်၊ ကုန်သွယ်ရေးဌာန၌ ဌာနခွဲမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉-မှ ၁၉၇၄-အထိ ပေါက်တောမြို့ နယ်၊ ကုန်သွယ်ရေးဌာန ဦးစီးမန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ် ၁၉၇၇ ခုနှစ်တွင် သီးခြားရခိုင်ပြည် ဖွဲ့စည်း တည်ထောင်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက်တကျွန်း ချခံခဲ့ရပြီး ၁၉၈၀-ခုနှစ်တွင် လွတ်ငြိမ်းချမ်း သာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၈၄-မှ ၁၉၈၆-အထိ (Register Law) သင်တန်း ကို တက်ရောက် အောင်မြင်ခဲ့သည်။ ၁၉၈၈-ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံတွင် ရန်ကုန် မြို့နှင့် စစ်တွေမြို့တို့၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုတွင် ရခိုင်ပြည်သူ့ ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေး မှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ခုနှစ်၊ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် (DML,DIL) သင်တန်းများကို တက်ရောက်အောင်မြင် ခဲ့သည်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသင့် မခံသင့်ဟု အငြင်းပွားနေချိန်၌ မြန်မာနိုင် ငံရေးတွင် ရခိုင်အမျိုးသားအတွက် စုစည်းညီညွတ်မှုနှင့် ရပ်တည်မှု ပလက်ဖောင်းတစ်ခု မဖြစ်မနေ လိုအပ် သည်ဟု အကြံပြုကာ ကိုယ်တိုင်လည်း ၂၀၁၀-ရွေးကောက်ပွဲတွင် RNDP ပါတီကို ကိုယ်စားပြု၍ ပြိုင်ဘက် များအား ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ မင်းပြားမြို့နယ် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံခဲ့ရပြီး လွှတ်တော်၌ ရခိုင်အမျိုးသားတို့၏ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ၊ အဆိုများကို တင်သွင်း ဆွေးနွေးခဲ့သည်။ မင်းပြားမြို့နယ်အတွင်း လေးမြို့မြစ်ကမ်းပြိုခြင်း၊ စားကျက်မြေဆုံးရှုံးရခြင်း၊ လယ်ယာမြေ အသိမ်းခံရခြင်း ကိစ္စများ အပါအ၀င် အခြားရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် လွှတ်တော်တွင် တစိုက်မတ်မတ် တင်ပြတောင်းဆိုခဲ့ပါသည်။

ရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် တာဝန်ထမ်းဆောင်နေရင်း (၂၀၁၂)ခုနှစ် ပထမအ ကြိမ် ပြည်ထောင် စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တက်ရောက်နေစဉ် ကျန်းမာရေး အခြေ အနေကြောင့် နေပြည်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၁-ရက်၊ ညနေ (၇း၂၀)နာရီတွင် ကွယ်လွန်သွားပါသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချစ်မဖြူနှင့် သားသမီး (၇)ဦး ကျန်ရစ်ခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ဗဟိုဌာနချုပ်)

Thursday, March 15, 2012

မင်းပြား အဝေးပြေး ကားဂိတ်တွင် မီးလောင်မှုဖြစ်ပွား

Posted by Unknown On 3:05 AM

မောင်အေး
-----------
ရခိုင်ပြည်နယ် မင်းပြားမြို့ အဝေးပြေး ကားဂိတ်တွင် ယမန်နေ့နံနက်ပိုင်းက မီးလောင်မှုတခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။


images
အဆိုပါ မီးလောင်မှုမှာ မင်းပြားမြို့ ဝေသာလီ အဝေးပြေး ကားဂိတ်တွင် ယမန်နေ့နံနက် ၆ နာရီခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့ခံတဦးက ယခုကဲ့သို့ပြောသည်။

"မနက်အစောကြီးက လောင်တာပါ။ အဝေးပြေးကားဂိတ်မှာ ခရီးသည်တွေနားနေတဲ့ အဆောင် ငါးဆောင် မီးထဲပါသွားတယ်။ ဘယ်နေရာက စလောင်တယ်ဆိုတာ မသိရဘူး။ ၅ နာရီခွဲလောက် ဆိုတော့လူ တွေလည်း အိပ်နေတုန်းရှိသေးတယ်။ လူတွေပြောကြတာတော့ ဝေသာလီအဆောင်က စလောင်တယ်လို့ပြောကြတယ်။"

ယခု မီးထဲပါသွားသည့် အဆောင်များမှာ ဓနိမိုးပြီး ၀ါးနှင့်လုပ်ထားသည့် ခရီသည်များနားနေသည့် အဆောင် များ ဖြစ်သည်။

ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်းဂဏန်း နီးပါးခန့်သာရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သတ်ပြီး ဂိတ်စောင့်ဖြစ်သူ အောင်ကျော်ဝင်းကို မင်းပြားရဲတပ်ဖွဲ့က ထိမ်းသိမ်း ထားပြီး စစ်ဆေးနေကြောင်း သိရှိရသည်။

ဈေးကြီး မီးလောင်ပြီးနောက် ယခုမီးလောင်မှုမှာ မင်းပြားမြို့တွင် ဒုတိယအကြိမ် မီးလောင်မှု ဖြစ်သည်။

.................
 နိရဉ္စရာ

Tuesday, March 13, 2012

ကွယ်လွန် မင်းပြား လွှတ်တော် အမတ် ဦးအောင်စိန်သာ အောက်မေ့ဖွယ် အခမ်းအနား စစ်တွေတွင်ပြုလုပ်

Posted by Unknown On 4:07 AM

ထွန်းထွန်း
-------------
မတ်လ ၇ ရက်နေ့က နေပြည်တော်၌ ကွယ်လွန် သွားခဲ့သော မင်းပြားမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအောင်စိန်သာ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို စစ်တွေမြို့တွင် ပြုလုပ် ခဲ့သည်။


Aung-Sein-Tha-RNDP
အခမ်းအနားအား မတ်လ ၁၀ရက် နေ့လည် နေ ၁နာရီခွဲမှ ညနေ ၃နာအထိ ရတပ ဗဟိုရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က အခမ်းအနား ကျင်းပရခြင်းကို ယခုလို ပြောသည်။

" အဓိကနစ်နာဆုံးရှုံးတာက မင်းပြားမြို့နယ် တခုလုံးအတွက် ပြောလို့ရတယ်။ လက်ရှိ မင်းပြား မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုတွေရဲ့ လိုလားချက်တွေ ကို သူ့အနေနဲ့ ရှေ့က မားမားမတ်မတ် ရပ်တည်ပြီးတော့ လွှတ်တော်မှာ တောင်းဆိုတင်ပြနေတဲ့ အချိန်မှာ ခုလို ဆရာကြီး ကွယ်လွန် သွားတဲ့အတွက် သူ့နေရာမှာ ကိုယ်စား ပြောပေးမဲ့သူ မရှိတော့ပါဘူး။ ပထမအဆင့်အနေနဲ့ မင်းပြားမြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အသံကို များများပြောနိုင်မဲ့ အခွင့်အရေးတခု ဆုံးရှုံးသွားတဲ့ သဘောမျိုးလဲ ဖြစ်သွား ပါတယ်" ဟု ပြောသည်။

အဆိုပါ အခမ်းအနားအတွင်း ဦးအောင်စိန်သာအား ဂုဏ်ယူအလေးပြုခြင်း၊ ၀မ်းနည်းခြင်း သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ချီးကျူးစကားများ ပောာပြောခြင်းနှင့် ပေးပို့လာသော ကဗျာစာစောင် အသီးသီးများကို ရွတ်ဖတ်ခြင်းများ ပြုလုပ် ခဲ့ကြသည်။

အခမ်းအနားသို့ သူ၏ လုပ်ဖေါ် ကိုင်ဖက်များနှင့် ရတပပါတီမှ အဖွဲ့သားများ စုစုပါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့သည် ဟုဆိုသည်။ 

..................
 နိရဉ္စရာ

Friday, March 9, 2012

စိန်ကာပူနိုင်ငံ မင်းပြားသားများမှ မင်းပြားမြို့ စာကြည့်တိုက်ကွန်ပျူတာခန်းအတွက် ငွေလာရောက်လှူဒါန်း

Posted by Unknown On 8:22 AM

စာကြည့်တိုက်တွင် ကွန်ပျူတာအခန်းအတွက် ဒုတိယအသုတ် လှူဒါန်းငွေ ၅၅၇၀၀၀(ငါးသိန်းငါးသောင်းခုနစ်ထောင်) ကို ၂၁-၀၂-၂၀၁၂ နေ့ တွင် ဆရာဦးစောသောင်းအား ပေးအပ်ခဲ့ပါသည်။

Friday, March 2, 2012

မင်းပြား ပြည်သူ့ လွတ်တော် အမတ် နေပြည်တော်တွင် ကွယ်လွန်

Posted by Unknown On 2:29 AM

မောင်ရမ္မာ
----------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်သာသည် နေပြည်တော်တွင် လွှတ်တော် အစည်းအဝေး အတွက် ရောက်ရှိနေစဉ် လူကြီးရောဂါဖြင့် မတ်လ ၁ ရက် ညနေ ၇ နာရီအချိန်တွင် ကွယ်လွန် သွားခဲ့သည်။


Condolence ကြေးမုံ၏ နာရေးကြော်ငြာ အမှား။ (ခ) နေရာတွင် (ဘ) ဟု ဖတ်ပါ။
ဦးအောင်စိန်သာသည် နေပြည်တော် ဆေးရုံတွင် ၁၀ ရက်နီးပါး ဆေးကုသမှု ခံယူနေချိန် ၂၀၁၂ ခု မတ်လ ၁ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ရတပ ပါတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူ၏ ရုပ်အလောင်းကို ယနေ့ နေပြည်တော်မှ ယူဆောင်လာရာ ယခုအခါတွင် ရေဝေးသုဿန်တွင် ရောက်ရှိနေပြီး မနက်ဖန် စနေနေ့တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးအောင်စိန်သာကို မင်းပြားမြို့နယ် စာရေးကြီးရွာ၌ ၁၉၃၇ ခု ဧပြီလ ၂၆ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးအောင်စိန်သာသည် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိသူ တဦးလည်း ဖြစ်သည်။ ဦးအောင်စိန်သာသည် ၁၉၆၂-၆၃ ခု ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ပညာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သ ဖြင့် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအပြင် ၁၉၇၅ ခုနှစ် ရခိုင် သီးခြားပြည်နယ် ထူထောင်ရန် ကြံစည်မှုဖြင့် ထောင် တသက်တကျွန်း ချမှတ်ခံခဲ့ရပြီး ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဦးအောင်စိန်သာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာ မင်းပြားမြို့နယ်တွင် ဦးအောင်စိန်သာမှ မဲအရေအတွက် ၃၀၇၇၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အောင်စိန်သာသည် စာကြည့်တိုက်အသင်း မိဇံရပ်ကွက် စစ်တွေမြို့၊ တက္ကသိုလ် ကျောင်းသားများ ပညာသင် ထောက်ပံ့ရေးအဖွဲ့ (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ် ရခိုင် ကျောင်းသား/သူများ အသင်း အတွင်းရေးမှူး၊ ဒုဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအသင်း အတွင်းရေးမှူး အဖွဲ့ဝင်နှင့် သဘာပတိ အဖွဲ့ဝင် တာဝန်များကို တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်စိန်သာသည် စစ်တွေမြို့ရှိ တိုးတက်ရေးလူငယ်များ အစည်းအရုံး အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှု၌ ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တပ် ပေါင်းစု ပါတီဥက္ကဌ အဖြစ် ပါဝင်ခဲ့သည်။ 

........................
နိရဉ္စရာမှ

Sunday, February 26, 2012

မင်းပြားတခွင် ကျိန်းတော်ရှင်

Posted by Unknown On 2:43 AM

skd_mptk

မင်းပြားမြို့နယ် ဖြစ်စိုင် သမိုင်း

Posted by Unknown On 2:33 AM

mb_hist

Saturday, February 11, 2012

ဗိုလ်ရာဇာကျဆုံးရေနိန့်အထိမ်းအမှတ် ရက္ခအလင်းတန်းက ထုတ်ပြန်ရေထုတ်ပြန်ချက်

Posted by Unknown On 3:11 AM

ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာကျဆုံးရေနိန့်ဆိုကေ ဒေ ဖေဖေါ်ဝါရီလ ၁၁ ရက်နိန်ရေ ၁၄- နှစ်မြောက် ဗိုလ်ရာဇာကျဆုံးရေ နိန့်ဖြိုက်ပါရေ။ အိန္ဒိယစစ်တပ်က အင်ဒမန်ကျွန်းမှာ ၁၉၉၈-ခုနှစ်က လုပ်ကြံသတ်ဖြတ်လိုက်တေ ရခိုင့်မျိုးချစ်တော်လှန်ရေးသမားတစ်ယောက်ဖြိုက်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးရေနိန့် အတွက် ရက္ခအလင်းတန်းလူငယ်အဖွဲ့ ပြည်တွင်းကနိန်ပြီးနာ ဒေဂုပိုင် ထုတ်ပြန်ချက်တစောင်ထုတ်ပြန် လိုက်ပါရေ။

သံတွဲမြို့မဈီး(ဒွါရာဝတီဈီး) မီးလောင်

Posted by Unknown On 3:09 AM



ရခိုင်ပြည်နယ် သံတွဲမြို့ ရှိ မြို့မဈီးကြီး-ဒွါရာဝတီဈီးတွင် ဒေနိန့် ၂၀၁၂-ခု ဖေဖေါ်ဝါရီလ မိုးထပိုင်း ၅-နာရီမှာ မီးတစ်ခုလောင်ရေလို့ လေးဝတီက သတင်းရရှိပါရေ။ ဈီးတခုလုံး လောင်ကျွမ်းလားဗျာလ်ဖြစ်ကြောင်း သတင်း ရရှိပါရေ။ မီးစတင်လောင်ကျွမ်းစော်က ငါးဈီးတန်း အပြင်ဖက်က ဝါယာရှော့ဖြိုက်စော်ကနိန်ပြီးကေ စလောင်ပြီးနာ ဈီးတစ်ခုလုံးကို ကူးလားစော်ဖြိုက်ပါရေ။ မီးလောင်နိန်ရေအချိန်နောက်ကျမှ ရောက်လာရေ မီးသတ်ကားသုံးစီးရေ မီးအရှိန်ပြင်းရေအတွက် အဝီးကရာ မီးသတ်ပိုက်တိနန့် သတ်ကေလည်း မိုးထက်ဖက် ၇- နာရီနီးပါးထိ မီးမသီနိုင်သိမ့်လို့လည်းသိရပါရေ။ ဈီးထဲမှာဟိရေ လက်လုပ်လက်စား စားကုန်ဆိုင်တိ၊ အထည်ဆိုင်တိ၊ ရတနာပစ္စည်းရောင်းရေဆိုင်တိ၊ ဆီးပစ္စည်းရောင်းရေဆိုင်တိ အားလုံးပါလားရေ လို့ လေးဝတီက သတင်းရရှိပါရေ။

မီးရေ တိုက်မီးလား၊ မဟုတ်ဘဲနန့် အလိုလိုလောင်စော်လားဆိုစော်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း အရေး ယူလားဖို့လို လေးဝတီက ထပ်မံသိရှိရပါရေ။ ဈီးတစ်ခုလုံးဆုံးရှုံးမှုရေ လွန်ခရေ ၂၀၁၁ခု နိုဝင်္ဘလာ ၁၂-ရက် နိန့် လောင်လားခရေ မင်းပြားဈီးမီးလောင်စော်ထက် ပိုများရေလို့ သံတွဲမြို့ ငါးပွဲရုံပိုင်ရှင်တစ်ယောက် က လေးဝတီကို ပြောပါရေ။


ရခိုင်ပြည်မှာ မီးလောင်စော်ရေ ဒေနှစ် မြန်မာနိုင်ငံမီးလောင်ရေအမှုကို စရင်းကောက်ယူလိုက်ဖို့ဆိုကေ ရခိုင်ပြည်စော် စံချိန်တင်ရေအဆင်ဝင်လီပါဖို့။ သဘာဝရီဘေးတိ၊ လီဘေးတိ၊ မီးအန္တရာယ်တိစော်ရေ ရခိုင်ပြည် ကို အလုံးလိုက်အပြုံလိုက်ဝင်နိန်ကတ်တေပိုင် ရခိုင်ပြည်သူပြည်သားတိ တွိ့ကြံနိန်ရပါရေ။ ဒေ ၂၀၁၂-မှာ ဇန်နဝါရီလ ၃၀-ရက်နိန့်မှာ တောင်ကုတ်ဈီးမီးကြောင့်လည်း တောင်ကုတ်မြို့ခံတိ ဆုံးရှုံးနစ်နာမှုတိ အများကြီးကြုံတိခကတ်ပါရေ။ ယင်းအတွက်နန့် ဒေမီးတိ ဆက်တိုက်လောင်နိန်စော်ရေ သင်္ခါမကင်း ဖြိုက်စရာ တိ တွိ့နိန်ရပါရေ။ တိုက်ဆိုင်မှုလား၊ လူတိုက်စော်လားဆိုစော်ကိုတော့ခါ ကာယာကံရှင်တိ အသိဆုံးဖြိုက်ပါ လိမ့်မေ။

ဒေနိန့် ၂၀၁၁-ခုနှစ်က ၂၀၁၂-ခု ဖေဖေါ်ဝါရီလ ၁၁-ရက်ထိ ရခိုင်ပြည်မီးလောင်ကျွမ်းမှုစာရင်း

စဉ်
ရက်စွဲ
မြို့နယ်
ဆုံးရှုံးမှု
၁။
၁၁၊၂၊၂၀၁၂
သံတွဲမြို့နယ်
စုံစမ်းဆဲ
၂။
၃၀၊၁၊၂၀၁၂
တောင်ကုတ်မြို့နယ်
ဈီးဆိုင် ၁၂-ဆိုင်
၃။
၁၄၊၁၊၂၀၁၂
မောင်တောမြို့နယ်
စုံစမ်းဆဲ
၎။
၂၇၊၁၊၂၀၁၂
ဘူးသီးတောင်မြို့နယ်
စုံစမ်းဆဲ
၅။
၁၊၁၁၊၂၀၁၁
ရမ်းဗြဲမြို့
အိမ်ခြီ ၉၂-ဆောင်
၆။
၁၂၊၁၁၊၂၀၁၁
မင်းပြားမြို့နယ်
ဆိုင်ခန်း ၁၂၇၂ -ခန်း
၇။
၁၄၊၁၁၊၂၀၁၁
မင်းပြားမြို့နယ်
အိမ်ခြီ ၁-ဆောင်
၈။
၁၄၊၁၁၊၂၀၁၁
မြောက်ဦးမြို့နယ်
ဗီဒီယိုရုံ ၄-ရုံ၊ အိမ်ခြီ ၆-ဆောင်
၉။
၁၈၊၁၁၊၂၀၁၁
မြေပုံမြို့နယ်
အိမ်ခြီ ၁၅၆-ဆောင်
၁၀။
၁၈၊၁၁၊၂၀၁၁
မောင်တောမြို့နယ်
ဆိုင်ခန်း ၁၃၁-ခန်း၊ အိမ်ခြီ ၃-ဆောင်
၁၂။
၂၀၊၁၁၊၂၀၁၂
စစ်တွေမြို့နယ်
အိမ်ဆိုင်(စတိုးဆိုင်) ၁ ဆိုင်

Thursday, February 2, 2012

Villagers Fear Arrest after Refusing to Pay Paddy to Army

Posted by Unknown On 8:51 PM

Minbya: The villagers from Palaypauk (Balipauk) Village in Minbya Township in Arakan State are in fear of arrest after being threatened by the army because they were unwilling to sacrifice their paddy harvests which are charged by the army as rent for their confiscated farmlands.


handmade-rice-Arakan
One of the villagers told Narinjara that the Military Operation Command or Sa-Ka-Kha (9) based in nearby Kyauktaw Township has threatened to arrest the villagers because they were hiding when the army personnel came to collect paddy from them.

“The army personnel from Sa-Ka-Kha (9) led by Major Ne Win and Corporal Ar Jone came to our village on the 31st of January to collect paddy from us. All the villagers were hiding when they came. After this they went to the village monastery and informed the monk of the monastery that they would arrest us if we do not pay the paddy to them”, said the villager.

Palaypauk Village is situated in the place where Minbya and Pauktaw Townships meet in north eastern Arakan State. According to the villagers, the Sa-Ka-Kha (9) has forcibly confiscated over 300 acres of paddy farmlands that were owned by the villagers, and have then been leasing the lands back to the owners with a rent of 25 baskets of paddy per acre.

“The army personnel even picked a quarrel with the monk as the monk requested they spare the villagers the rent this year. The monk told them the paddy harvest in the village was very poor this year, and the villagers are very poor, and then they asked the monk if he would pay, or who would pay 40,000 baskets of paddy that the government has ordered them to annually contribute to the state”, said the villager.

According to the source, there are only two villages in the Palaypauk Village Group namely Palaypauk and Dokekanlae, and the army have been annually collecting 15,000 baskets of paddy harvests—9,000 baskets from Palaypauk and 6,000 baskets from Dokekanlae—since it confiscated the farmlands from those villages.

“We villagers here are very poor farmers who are mainly living on the traditional paddy farming and we have been facing a lot of trouble in our livelihood since we have had to pay our harvests to the army. That is why we are unwilling to pay our harvests anymore, and we have recently written an appeal to the President U Thein Sein”, said the villager.

The villager said they are worrying about arrest by the army, as the army personnel have informed them that they would come again on 5 February threatening they would take action against those who fail to pay the paddy to them on that day.