မီးလောင်ပြင်အတွင်း နေရာချထားဆောင်ရွက်ခြင်းမရှိရဟု ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော်လည်း မင်းပြားမြို့နယ်၊ သရက်အုပ်ကျေးရွာမီးလောင်ပြင်တွင် ဘင်္ဂလီများအား တင်းအဓမ္မ နေရာချထားပေးခြင်းမှာ မှား ယွင်းနေကြောင်းနှင့် ပန်းမြောင်းဒေသခံများစိုးရိမ်နေရကြောင်းသတင်းရရှိပါသည်။
ထိုသို့ မီးလောင်ပြင်အတွင်းနေရာချထားပေးခြင်းသည် ရခိုင်များနှင့်လွန်စွာနီးကပ်နေသော နေရာဖြစ်ခြင်းနှင့် လုံခြုံ ရေးအရ လုံးဝမသင့်တော်သောနေရာဖြစ်ကြောင်းလည်း
ဒေသခံများကပြောပါသည်။ "မီးလောင်ပြင် ဘယ်သူမှ မကျူး ကျော်ရာဆိုပြီး
ကုလားတွေကိုနေရာချထားပေးတာတော့ လုံးဝမသင့်တော်တဲ့ ကိစ္စဖြစ်ပါတယ်။
ပြည်နယ်အစိုး ရက ထုတ်ပြန်ထားတာရှိပေမယ့် လိုက်နာမှုမရှိတာကိုလည်း
တွေ့ရပါတယ်။ ဒါက အာဏာပိုင်တစ်ချို့ လုပ်တာလို့ သိရပါတယ်" ဟု ပန်းမြောင်းမှ
ဒေသခံတစ်ဦးကရှင်းလင်းပြောဆိုခဲ့ပါသည်။
မူလက စပါးများရိတ်သိမ်းရန်အကြောင်းပြကာ ထိုနေရာတွင် တဲများထိုးပေးထားသော်လည်း ယခုအခါတွင် ကုလားများအနေဖြင့် အိမ်များဆောက်လုပ်နေကြပြီဖြစ်ကြောင်းလည်း ပြောပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးပြည် နယ် အစိုးရအဖွဲ့အားတင်ပြခြင်းမရှိဘဲ ဖုံးဖိထားခြင်းများဖြစ်နိုင်ကြောင်းနှင့် မကြာခင်ကာလတွင် မလိုလားအပ်သော ပြဿနာဖြစ်လာနိုင်ခြေရှိကြောင်းလည်း ဒေသခံများ ပြောပါသည်။
ယခုအချိန်ကာလသည် လူမျိုးစုနှစ်ခုအကြား တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုပျက်ပြားနေသောကာလဖြစ်သည့် အတွက် ထိုသို့ နီးကပ်စွာ ထားရှိခြင်းသည် လွန်စွာ စိုးရိမ်စရာရှိကြောင်းလည်းသိရသည်။ သရက်အုပ်ရွာသားများ သည် ၄င်းတို့၏နေအိမ်များအား မီးရှို့ကာထွက်ပြေးခြင်းဖြစ်ကြောင်း၊
ယခင်တာဝန်ယူထားသော စခန်းမှူးကိုယ်တိုင် အစိုးရအဖွဲ့သို့
အစီရင်ခံခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း ယင်းကိစ္စအား မတရားစွပ်စွဲကာ
ရခိုင်တိုင်းရင်း သားများစွာကို ဖမ်းဆီးရန် စခန်းမှူးအသစ်မှ
ကြိုးပန်းခဲ့ကြောင်းလည်းသိရသည်။
ထို့ကြောင့် သရက်အုပ်ကျေးရွာအတွင်း ကျူးကျော်နေထိုင်သူများအား
အစိုးရအနေဖြင့် ဖယ်ရှားပေးသင့်ကြောင်း လည်း ဒေသခံများ က ပြောဆိုကြပါသည်
ထိုသို့ မီးလောင်ပြင်အတွင်းနေရာချထားပေး
မူလက စပါးများရိတ်သိမ်းရန်အကြောင်းပြ
ယခုအချိန်ကာလသည် လူမျိုးစုနှစ်ခုအကြား တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုပျက်ပြားနေသောကာလဖြစ်သ
ထို့ကြောင့် သရက်အုပ်ကျေးရွာအတွင်း ကျူးကျော်နေထိုင်သူများအား အစိုးရအနေဖြင့် ဖယ်ရှားပေးသင့်ကြောင်း လည်း ဒေသခံများ က ပြောဆိုကြပါသည်