ဒေနိန့်ညဇာသား မင်းပြားကသူငယ်ချင်း မောင်စံဝင်း Gtalk online တက်လာပြီးကေ ဗြုန်းခနဲ Chat box ထဲမှာပေါ်လာစော်က (သူငယ်ချင်း ရန်သိန်း သီဗျယ်ဝေး) လတ်၊ မျက်လုံးတိပြာဗျယ် အင်တန်ကြာအောင် စကားတစ်ခွန်းလေ့ပြန်မပြောနိုင်ခ။
အသိဝင်လာရေအချိန်မှာ ကယောင်ကတန်းနန့် မောင်စံဝင်းဖုန်းကို နိုင်ငံကုဒ် မထည့်ဘဲဆက်နိန်မိစော်ကို သတိထားမိရေ။
ကျွန်တော် မောင်စံဝင်းကို အကျိုးအကြောင်း မိန်းရေခါ
ယင်းသူပြောပြပါရေ
ဂရုဏာဒေါသနန့် အပြစ်တင်ပါရေ
ကျွန်တော့နားထဲမှာကြားတချက် မကြားတချက်
အခုလော ယင်းသူကျန်းမာရေး ကောင်းကောင်း မကောင်း ယက်ပြတ်နိန်မကောင်းဖြစ်တေ သူငယ်ချင်းတိက ကျန်းမာရေး ဂရုစိုက်ဖို့ပြောကေ ရရည်ရည်မောမောနန့် တုန့်ပြန်တတ်တေဝေး
ထိုတလောကတောင် မင်းပြားဈေးကြီးမီးလောင်ရေခါ အကူအညီပီးဖို့ ပြီးလွှားနိန်တုန်း ဆိုင်ကယ်တစ်စီးနန့်တိုက်မိသိမ့်ရေလတ်၊
သူငယ်ချင်းတိကမိန်းကေလေ့ တခုလေ့မဖြစ်လို့ရာပြောရေလတ်၊
အခုလည်း ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရပြီးကေ မင်းပြားဆေးရုံမှာ လွန်ခရေ စနေ နိန့်က ကွယ်လွန်လခရေ။
ဖုန်းချလခရေအချိန်ထိ ကျွန်တော် တခွန်းလေ့ပြန်မပြောနိုင်ခ။
အေးကိုရွှေ ဘားကိုဖုန်းဆက်တေခါ သူငယ်ချင်းတိစုဗျယ်အလှူလုပ်ဖို့ကန်နိန်ကတ်တေဆိုလို့ အိမ်ကိုဖုန်းဆက်ပြီးကေ အလှူထည့် ခိုင်းလိုက်တေ၊
သာဓုခေါ်ပါသူငယ်ချင်း အမျှယူပါသူငယ်ချင်း။
မင်းပြားမြို့က အငယ်ပိုင်းအရွယ်တိ ဖေါ်ရွေတတ်တေ ရန်သိန်းကို မသိရေလူမရှိပါ။
ပျော်ပျော်ရွှင်ရွှင်နိန်တတ်ပြီးကေ လူမှု့ရေးလုပ်ငန်းတိကို တက်တက်ကြွကြွပါဝင်ကူညီတတ်လို့ တစ်မြို့လုံးနန့် ခင်မင်ရင်းနှီးရေ လူငယ်တစ်ယောက်ဖြစ်ပါရေ။
်
ယင်းသူစော် ကျွန်တော်ရို့အုပ်စုထဲမှာ အချေခါကပင်ဆရာကျပါရေ၊ မတတ်တေ ပညာလေ့ခရှားရှား၊ ငါးတန်းလောက်ကပင် ပရော်ဖက်ရှင်နယ် ဖလင်ကင်မရာ နန့် ဓါတ်ပုံကောင်းကောင်းရိုက်နိုင်ပါရေ၊
ရေဒီယို၊ တီဗွီ၊ စလောင်း အားလုံးနိုင်နင်းကျွမ်းကျင် ပြုပြင်နိုင်ပါရေ။
အချေခါကပင် လျှပ်စစ်နန့် စက်မှု့ပိုင်းမှာ ပါရမီရှိရေ ပညာရှင်တစ်ယောက်ပါ။
အ၀ီးတနိန်ရာကိုရောက်နိန်ရေအတွက် သူငယ်ချင်းကို နောက်ဆုံးအနိန်နန့် နုတ်ဆက်ခွင့်မရခပါ။
နောက်တစ်ခါပြန်မတွိနိုင်ဗျယ် ဆိုရေအသိက ရင်ကိုမွန်းကျပ်စီပါရေ။
သီရေလူကြာကေမိန့် ဆိုရေစကားရှိကေလေ့
ဝချေတန်း ဆရာမ မလှဝင်း ကျောင်းတက်ခါကပင် သင်ပုန်းအကွဲချေ ကျောက်တန်အကျိုးချေ ကိုယ်စီကိုင်ယင်း တတူကြီးပြင်းလာကတ်တေ ငယ်သူငယ်ချင်းမင်းကို
ကျန်ခရေငါရို့ သူငယ်ချင်းတိအားလုံးက တသက်လုံး သတိရနိန်ပါမယ် သူငယ်ချင်း။
ငါ့သူငယ်ချင်း ကောင်းရာမွန်ရာ ငြိမ်းချမ်းရာ ဘ၀ တစ်ခုမှာပျော်ရွင်နိုင်ပါစီ။
မင်းသူငယ်ချင်း
ဦးမင်းနိုင်
(အောင်မင်းနိုင်)
၂၅.၁၁.၂၀၁၁