Saturday, December 3, 2011

တဦးတည်း ကိုယ်စားလှယ်ကြောင့် တနိုင်တပိုင် လုပ်စားသူများ ဒုက္ခရောက်

Posted by Unknown On 3:58 PM

မောင်တောမြို့နယ်သည် ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည်နှင့် အညီ လူဦးရေ ထူထပ်ပြီး ဆင်းရဲ နွမ်းပါး သူများနှင့် လက်လုပ် လက်စား အများအပြား နေထိုင်သော မြို့တမြို့ ဖြစ်ပါသည်။ ဆင်းရဲ နွမ်းပါး မှုကြောင့် စားဝတ်နေရေး အဆင်ပြေရန် အတွက် တဘက်နိုင်ငံဖြစ်သော ဘင်္ဂလာဒေခ်ျ့မှ ဆီ၊ ကြက်သွန်၊ အာလူး၊ ပဲ အမျိုးမျိုးနှင့် ကြက်ဥစသော မီးဖိုချောင်သုံး ပစ္စည်းများ နှင့် လူသုံး ကုန်ပစ္စည်း အမျိုးမျိုး တို့အား တနိုင်တပိုင် သယ်ယူပြီး မောင်တောဈေး အတွင်း ရောင်းချ၍ ဝမ်းရေးကိစ္စများအား ဖြေရှင်းနေရပါသည်။

ယင်းကဲ့သို့ ဝယ်ရောင်း ကိစ္စများအား ဒေသခံ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားများနှင့် အတူ ဘင်္ဂလီလူမျိုးများ ပါအတူတကွ လုပ်ကိုင် စားသောက်လာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရ ဖြစ်သော ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင့် သတင်းစာနှင့် ဂျာနယ်များတွင် မကြာခဏ ဖတ်ရှုရပါသဖြင့် ဆင်းရဲသားများ အနေဖြင့် အလွန် တရာမှ ဝမ်းသာ ပီတိဖြစ်ကြရပါသည်။

သို့ရာတွင်လွန်ခဲ့သော(၃)လ ခန့်မှစ၍ မောင်တောမြို့ မြို့မ ကညင်တန်းတွင် နေထိုင်သူ ဦးဖြုတ်အာမတ်၏ သား ခါလာမောက်(ခေါ်) အောင်နိုင်စိုး ဆိုသူမှ( နစက ) အရာရှိကြီးများအား တဖက်နိုင်ငံမှ ပစ္စည်းများအား မည်သူတဦး တယောက် ကိုမှ သယ်ယူခွင့် မပေးရန် တားမြစ်ခိုင်းပြီး ၄င်းသူတဦးတည်းကိုယ်သာ သယ်ယူခွင့် ပေးရန် ငွေကြေး ပေးခိုင်းစားနေခဲ့သည်မှာ ယနေ့ထိပင် ဖြစ်ပါသည်။ ( နစက) အရာရှိကြီးများကလည်း ငွေ ရမည်ဆိုပါက ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့်အ တိုင်း လုပ်ချင်သည့် အရာအားလုံးအား တဦး တည်း ကိုယ်စားလှယ်အဖြစ်ပေးအပ်ကာ လုပ်ပိုင်ခွင့်အား အာဏာအဖြစ် ပြောင်းလဲ ပြီး အကာ ကွယ် ပေးထား ခဲ့ပါသည်။ ယခုအခါ ဆင်းရဲသား လက်လုပ် လက်စားများမှာ နစကမှ ပေးထားသော တစ်ဦးတည်း ကိုယ်စားလှယ် ခါလာမောက်ကြောင့် လုပိကိုင် စားသောက်၍ မရတော့ပါ။ နစက လူကြီးများသည် နယ်စပ် ဒေသ တခုလုံးအား ချုပ်ကိုင်ထားပြီး လူမှောင်ခို ကုန်ကူး ခြင်း လုပ်ငန်း၊ ဒီဇယ်ဆီ တင်သွင်းခြင်း လုပ်ငန်းများ အားတရားဝင် လုပ်ငန်းကဲ့သို့ ဒေသရှိ ဘင်္ဂလီ လူမျိုးများနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပါသည်။

ယခု ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပိုမို အတင့်ရဲလာပြီး နယ်ကိုယ်စားလှယ်များ သာမက မြို့ပေါ် ကိုယ်စား လှယ် များကိုပါ ငွေကြေး ရယူပြီး ထားရှိ လာကြပါသည်။ ခါလာမောက်(ခေါ်) အောင်နိုင်စိုးမှာ တဘက်နိုင်ငံမှ ဒီဇယ်များကို တဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းပြီး မြို့ပေါ်ရှိ ဒီဇယ်ဆိုင်များအား ဖြန့်ဖြူးပေးနေသော နစက၏ မြို့ပေါ် တဦးတည်း ကိုယ်စားလှယ် ဖြစ်ပါသည်။ ၄င်းကိစ္စအား သက်ဆိုင်ရာ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှုးများ၊ စရဖအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့၊ သတင်းတပ်ဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအဝင် မြို့သူ မြို့သား များသိရှိကြသော်လည်း နစကအား မယှဉ်နိုင်သဖြင့် မသိကျိုးကျွန်ပြုနေခဲ့သည်မှာ ကြာမြင့် ခဲ့ပြီး ဖြစ်ပါသည်။

ယခုအချိန်အခါသည်ဒီမိုကရေစီလမ်းကြောင်းသို့ချီတက်နေသည်အချိန်အခါဖြစ်သည်နှင့်အညီအာဏာ၊ပါဝါကို အလွဲသုံးစားလုပ်ပြီး မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်နေသည့် နစကအကျင့်ပျက် လူကြီးများနှင့် အကျင့် ပျက်အောင် ဖျက်နေသေ ခါလာမောက်(ခေါ်) အောင်နိုင်စိုးအား ဆင်ရဲတွင်းထဲသို့ တစတစ ရောက်ရှိ နေကြပြီး ဒုက္ခ ရောက်နေသော ဒေသခံများ ကိုယ်စား ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် ပေးပါရန် နိုင်ငံတော် သမ္မတကြီးထံ အသနား ခံတိုင်ကြား အပ်ပါသည်။

ဆင်းရဲတွင်းသို့ရောက်ရှိနေသောမောင်တောဒေသခံများ



-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ