Saturday, January 14, 2012

ဆရာတော် ပညာစာရလွတ်ဗျာလ်

Posted by Unknown On 3:45 AM

သရက်ထောင်ကနီ ၁၃၊၁၊ ၂၀၁၂ ရက်နိက နိုင်ငံရေး အကျဉ်းသား အားလုံးစုစုပေါင်း (၁၀၄) ယောက် လွတ်မြောက်လာရေ အထဲမှာ ကျနော်ရို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှာ သီတင်းသုံးပြီးကေ အချေတိ အယောက် ၁၀၀ လောက်ကို မိဘမဲ့ ဂေဟာဖွင့်ပနာ ၊သမိုင်းသုတေသီ အလုပ်တိကို လုပ်ကိုင်ယင်းနန့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့မှာ အဖမ်းခံရပါရေ။ ယင်းဆရာတော်ရေ မာတုကာမနန့် ဖောက်ပြန်မှု၊ အလောင်းဖျောက်မှု၊ ဗွီဒီယို ဥပဒေမှု၊ နိုင်ငံခြား တရားဝင် ငွေကြေးကိုင်ဆောင်မှုတိနန့် မတရား အစွဲခံရပြီးကေ ထောင်ဒဏ် ၈ နှစ် အချခံခရပါရေ။ ဆရာတော်ရေ မြန်မာနိုင်ငံ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်နန့်အတူ ပြည်လည် လွတ်မြောက်လာပါရေလို့ သတင်းရဟိပါရေ၊  နောက်ထပ် တက်ကြွ ရခိုင်လူငယ်တိထဲက တချို့လည်း လွတ်လာကတ်ယာလို့ သတင်းရဟိပါရေ။ ယင်းအထဲမှာ တချို့ကို ကျနော်ရီု့လေးဝတီက စုံစမ်းတုန်းပါသိ့မ်။ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်) မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနန့် တခြား လူတိစော် ထောင်ထဲမှာ အသီသီ အဖမ်းခံနီရရေ လူတိဖြိုက်ပါရေ။ အေလူတိထဲက တချို့တ၀က်လွတ်လာကတ်ယာလို့ သတင်းရဟိပါရေ။ 
..........................................
လေးဝတီ

ရခိုင်ပြည်မှ ဗမာပြည်သို့ ယူဆောင်သွားသော ကလေးများကို ပြန်ပို့ပေးသင့်ပါသည်

Posted by Unknown On 3:12 AM

Thursday, January 12, 2012

မြောက်ဦးရဲက ချဲထီဒိုင်ကိုယ်စား အမျိုးသမီးငယ်သူ တစ်ဦးကို လူစားထိုး ဖမ်းဆီး တရားစွဲ

Posted by Unknown On 10:08 PM

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲအဖွဲ့သည် ချဲထီဒိုင်လုပ်သူ အမျိုးသမီးတစ်ဦးအား ငွေယူ ပြန်လွတ် ပေးလိုက်ပြီး အဆိုပါ အမျိုးသမီးနေရာတွင် တောလက် ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦးအား အစားထိုး ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။


Mrauk-U-Arakan
" အခု မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးခံထားရတာကတော့ မြောက်ဦးမြို့နယ် ထမရစ်ရွာက မလှလှ (အသက် ၂၂ နှစ်) ဖြစ်ပါတယ်။ သူမရဲ့ အမေရဲ့ နာမည်က ချဲထီဒိုင်ကိုင်တဲ့ အမျိုးသမီးနဲ့ နာမည်တူနေတဲ့ အတွက် ရဲက လူစားထိုးဖို့ လာဖမ်းစဉ် အမေ မရှိတဲ့ အတွက် သမီးကို ဖမ်းယူ သွားခဲ့ပါတယ်။ အခု သူမကို ရဲက မြောက်ဦးရဲစခန်းမှာ ချုပ်ထားပါတယ် " ဟု လူမူရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မြောက်ဦးရဲစခန်းမှ ဦးကျော်စိုး ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့သည် မြောက်ဦးမြို့ မြို့ပေါ် မဟိန်ဂျိန် ရွာမှ ချဲထီဒိုင်ကိုင်သူ ဒေါ်မလှစောအား လွန်ခဲ့သော တပတ်ကျော်က မြောက်ဦးမြို့ ဈေးထဲတွင် ချဲထီ စာရွက်များနှင့် အတူ ဖမ်းဆီးခဲ့သည်ဟု သူက ပြောသည်။

ဖမ်းဆီးစဉ် ချဲထီ စာရွက်များနှင့် အတူ သူမအား ဓါတ်ပုံရိုက်ပြီး သက်သေ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ပြည်နယ် ရဲတပ်ဖွဲ့ထိ အကြောင်းကြားခဲ့သည်ဟု သိရသည်။

" ဖမ်းပြီး နောက်ပိုင်းမှာ အဲဒီ အမျိုးသမီးကို ရဲစခန်းကို ယူသွားတယ်။ ရဲစခန်းကို ရောက်သွားတော့ အဲဒီအမျိုးသမီးက ရဲစခန်းမှူးကို ကျပ် ၁၀ သိန်း လာဒ်ပေးတော့ ရဲက ဒေါ်မစောလှကို ပြန်လွှတ် ပေးလိုက် ပါတယ်။ ဒါပေမယ့် အဲသလို ချဲထီ ဒိုင်လုပ်တဲ့ အမျိုးသမီးကို ဖမ်းမိတဲ့ အကြောင်း ပြည်နယ် ရဲမှူးထိ သတင်းပို့ထားတဲ့ အတွက် ဒေါ်မစောလှရဲ့ နေရာမှာ အစားထိုးဖို့ နောက်ထပ် ဒေါ်မစောလှ ဆိုတဲ့ အမျိုးသမီး တစ်ဦးကို လိုက်ရှာတော့ ထမရစ်ရွာမှာ နာမည်တူ အမျိုးသမီး တစ်ဦးကို သွားတွေ့ပါတယ်။ အဲဒီ အမျိုးသမီး ဖမ်းဆီးဖို့ သွားတဲ့ အခါ မရှိတဲ့ အတွက် သမီးဖြစ်သူ မလှလှကို ဖမ်းဆီးပြီး မြောက်ဦးကို ခေါ်လာတာ ဖြစ်ပါတယ် " ဟု သူက ဆက်ပြောသည်။

မလှလှအား ဖမ်းဆီးစဉ်က ရှာဖွေ ပုံစံများလည်း တစုံတရာ ပါရှိခြင်း မရှိသည့်အပြင် ရဲအဖွဲ့က အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ချဲထီ ဒိုင်လုပ်ကိုင်သူ ဒေါ်မစောလှ နေရာတွင် အစားထိုး တရားစွဲရန် အတွက် မသက်ဆိုင်သူ အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ကျေး အုပ်ချုပ်ရေးမှူး အပါအ၀င် ဆွေမျိုးများက ရဲစခန်းထိ လိုက်လာပြီး သူမအား ပြန်လွတ်ပေးရန် ပြောကြားသော်လည်း ရဲအဖွဲ့က နားမထောင်ဘဲ မလှလှကို ဆက်လက် ဖမ်းဆီးထားသည်ဟု ပြောသည်။

" အခုကျွန်တော်ကြားတာက အဲဒီ မလှလှကို ပြန်လွတ်လိုက်ရင် သူတို့ တရားခံ မရှိတဲ့ အတွက် အထက်က စစ်ဆေးရင် ရဲတာဝန်ရှိသူတွေ အလုပ်ပြုတ်သွားမယ်။ ဒါကြောင့် သူမကို ဆက် ဖမ်းထားပြီး တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ မြောက်ဦးရဲက တော်တော့ကို ဆိုးပါတယ်။ ဘယ်သူပြောတာကိုမှ အရေးမစိုက်ဘူး " ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သူမ၏ ဆွေမျိုးများက ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ မြောက်ဦးရုံးတွင်လည်း တိုင်ကြားထားသည်ဟု သိရသည်။ 

............................
Narinjara

Wednesday, January 11, 2012

တောင်ကုတ်တက္ကသိုလ် အပြီးသတ် တည်ဆောက်မည်

Posted by Unknown On 6:15 AM

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တက္ကသိုလ် တစ်ခုကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

sittway-university
တောင်ကုတ် တက္ကသိုလ်အား တောင်ကုတ်နှင့် မအီမြို့ အကြား ကားလမ်း မိုင်တိုင် အမှတ်(၁) နေရာတွင် တည်ဆောက်မည် ဖြစ်ကြောင်း၊ မြေတဧကကို ကျပ် ၆ သိန်းခွဲ နှင့် ဧက ၂၀၀ ကို ဦးကျောက်တောင်က ၀ယ်ယူပြီး ၂၀၁၃-ခုနှစ် တွင် အပြီးသတ်ဆောက်လုပ်မည် ဖြစ်ကြောင်း တောင်ကုတ်ကျောင်းသား တစ်ဦးကပြောသည်။

တောင်ကုတ်မြို့မှ အ.ထ.က ကျောင်းဆရာ တစ်ဦးအား တောင်ကုတ် တက္ကသိုလ် ဆောက်လုပ်ရေး ကိစ္စ မေးမြန်းရာ သူက ယခုလို ပြောသည်။

" ဆောက်လုပ်ဖို့ စီစဉ်နေတာက ဟုတ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းက ဘယ်တော့စမှာလဲ ဆိုတာကတော့ အသေးစိတ် မသိရှိရသေးဘူး။ ဦးကျောက်တောင်က တာဝန်ယူဆောက် လုပ်မှာဖြစ်ပါတယ်" ဟု ပြောသည်။

တောင်ကုတ်တွင် တက္ကသိုလ် ဖြစ်လာပါက လမ်းပန်း ဆက်သွယ်ရေးကြောင့် စစ်တွေ တက္ကသိုလ်သို့ သွားရောက် သင်ကြားရန် အခက်အခဲ ဖြစ်နေကြသည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်နယ်များမှ ကျောင်းသားများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

စစ်တွေနည်းပညာ ကောလိပ်မှ ကျောင်းသား တစ်ဦးကို သူ့အမြင်ကို မေးကြည့်ရာ နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

"တောင်ကုတ်မှာ တက္ကသိုလ် တည်ဆောက်ဖို့ စီစဉ်နေတာဟာ တောင်ပိုင်းက တက္ကသိုလ် ကျောင်းသားတွေ အ တွက် ၀မ်းသာ ပီတီဖြစ်စရာ သတင်း ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း အရမ်းကို ကြိုဆိုသင့်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ် အတွက် ပညာရေး အခန်းကဏ္ဍ တစ်ခု မြှင့်တင်မယ့် အစီအစဉ်လို့ မြင်ပါတယ်။"

သို့သော်လည်း တောင်ကုတ်တွင် တက္ကသိုလ် ဖွင့်လျှင် စစ်တွေမှ တက္ကသိုလ်၊ ကောလိပ်များ ကဲ့သို့ မဖြစ်ရန် လိုကြောင်း သူက ဆက်ပြောသည်။

" ကျွန်တော်က နည်းပညာကောလိပ်က ကျောင်းသားဆိုတော့ ကျွန်တော် နည်းပညာ ကောလိပ်မှာ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ပြောပြချင်ပါတယ်။ စစ်တွေ တက္ကသိုလ် အပါအ၀င်ပေါ့။ ကျွန်တော်တို့ နည်းပညာ ကောလိပ်မှာ ကျောင်းသားတွေ လေ့လာမယ့် ရည်ညွန်း စာအုပ် မရှိတာရယ်၊ ဆရာတွေ လေ့လာဖို့ စာအုပ်တွေ မရှိတာရယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ် တိုးတက် နေတဲ့ နည်းပညာတွေကို လေ့လာဖို့ အင်တာနက် မရှိတာရယ်။ ကွန်ပျူတာာ မလုံလောက်တာရယ်။ ပြီးရင် အရေးကြီးဆုံး ဖြစ်တဲ့ လျှပ်စက်မီး မရ ရှိတာရယ်ကြောင့် တက္ကသိုလ် ကျောင်းသားတွေအတွက် တော်တော် အခက်ခဲရှိပါတယ်။ ခုတည်ဆောက်မယ့် တက္ကသိုလ်မှာ ဒီကိစ္စတွေကို အဓိကထား လုပ်ပေးဖို့ လိုပါတယ်။ အထုတ်ကြီးပြီးတော့ အထည် မရှိတာမျိုးကိုတော့ မဖြစ်စေချင်ဘူး" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့အလင်းမှ သတင်းထုတ်ပြန်ချက်အရ လူဦးရေ ၃၁၈၃၁၀၀ ရှိရာ အဝေးသင် အပါအ၀င် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားနိုင်သူ တနှစ်လျှင် ၁၄၉၂၁ ဦး ခန့်သာ ရှိကြောင်း၊ လူတစ်ထောင်လျင် အဆင့်မြင့်ပညာ ၄ ဦးသာ တက်ရောက် သင်ကြားနိုင်ကြောင်း၊ ရာခိုင် နှုန်းဖြင့် တွက်ကြည့်ပါက ၀.၄ ရာခိုင်နှုန်းသာ အဆင့်မြင့်ပညာကို သင်ကြား နိုင်ခြင်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ လွတ်လပ်သော ပညာရေးအဖွဲ့အစည်းများမှ ကောက်ယူသော စစ်တမ်းများတွင် မူလတန်း ပညာကို ၆၀ ရာခိုင်နှုန်း၊ အလယ်တန်းပညာကို ၃၀ ရာခိုင်နှုန်း အထိသာ တက်ရောက်နိုင်ကြသည်ဟု သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်၌ ရှိနေသော တက္ကသိုလ်နှင့် ကောလိပ်များမှာ (၁) ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၊(၂) အစိုးရနည်းပညာကောလိပ်(စစ်တွေ)၊ (၃)စစ်တွေတက္ကသိုလ်၊ (၄) နည်းပညာတက္ကသိုလ် (သံတွဲ) (၅) ကျောက်ဖြူပညာရေး ကောလိပ် တို့ဖြစ်သည်။

-----------
 ထွန်းထွန်း နိရဉ္စရာ 

ရခိုင် ၀န်ကြီးချုပ် နယ်စပ် လာလည်

Posted by Unknown On 6:14 AM

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ နှစ်မြို့ ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောကို လာရောက် လည်ပတ်နေကြောင်း သိရသည်။


downtown-maungdow
သူ၏ ခရီးစဉ် အတွင်း အဖွဲ့ဝင် ၁၃ ဦးပါရှိပြီး ကြံ့ခိုင်ရေးပါတီမှ မွတ်ဆလင် ခေါင်းဆောင် ဦးအောင်ဇော်ဝင်းနှင့် ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင်လည်း လိုက်ပါလာသည်ဟု သိရသည်။

" သူတို့က နှစ်ရက် မောင်တောမြို့မှာ ၂ ရက်နေမယ်လို့ သိရပါတယ်။ ခရီးစဉ်က တစုံတရာ ထူးခြားမှု မရှိပါဘူး။ မနေ့ နေ့လည် ၁ နာရီက ဘူးသီးတောင်ကို ရောက်တယ်။ ညနေ ၃နာရီခွဲမှာ မောင်တောကို ရောက်ရှိလာပါတယ်" ဟု မောင်တော မြို့ခံ တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ရောက်လျှင် ရောက်ချင်း အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့သည်။

" မနေ့က ဒေ၀ါနဒီ ခန်းမမှာ ၀န်ထမ်းတွေ၊ ရပ်မိ ရပ်ဘတွေနဲ့ အစည်းအဝေး လုပ်တယ်။ ထူးထူး ခြားခြား ပြောဆိုသွားတာတော့ မရှိပါဘူး။ လက်ရှိ အစိုးရသစ် လုပ်ဆောင် နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ နောက်ပြီး ကြံ့ခိုင်ရေး ပါတီ လုပ်ဆောင် နေတာတွေကို ပြောသွားတယ် " ဟုသူက ဆက်ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ယမန်နေ့က ငါးခူရကျေးရွာ အထက်တန်ကျောင်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ညနေ ၅ နာရီတွင် မောင်မြို့အမှတ် ၅ ရပ်ကွက် မူလတန်း ကျောင်းဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးလှမောင်တင် ကျောင်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်နေစဉ် ဦးအောင်ဇော်ဝင်းမှာ ဒေသခံ မွတ်ဆလင်များနှင့် တွေ့ဆုံပြီး လူထု စည်းရုံးရေးများ လုပ်ဆောင်ခဲ့ဟု ဆိုသည်။

"၀န်ကြီးချုပ် ကျောင်းဖွင့်ပွဲ လုပ်နေတဲ့ အချိန်မှာ ဦးအောင်ဇော်ဝင်းက အမှတ် ၅ ရပ်ကွက်မှာ ဒေသခံတွေနဲ့ တွေ့ပြီး အစည်းအဝေးလုပ်တယ်။ လူ ၅၀၀ ခန့်ရောက်တယ်။ အဲဒီမှာ သူပြောတာက မောင်တောကို နိုင်ငံခြားက အဆင့်မြင့် ကိုယ်စားလှယ်တဦး လာဖို့ရှိတယ်လို့ပြောခဲ့တယ်လို့ ကြားတယ် " ဟု မောင်တော မြို့ခံက ပြောသည်။ှ

ဦးလှမောင်တင်၏ ခရီးစဉ်တွင် လုံခြုံရေးကို သာမန် အဆင့်သာ တိုးမြှင့်ထားပြီး ခရိုင်အဆင့်၊ မြို့နယ် အဆင့် အရာရှိများလည်း အတူ လိုက်ပါလာကြသည်ဟု သိရသည်။ 


       ------------

 မောင်အေး   နိရဉ္စရာ 

Monday, January 9, 2012

ရခိုင်ရိုးရာ ကျင်အားကစားကို အရှေ့တောင်အာရှ (ဆီးဂိမ်း)တွင် ထည့်သွင်းရန် ကြိုးပမ်းမည်

Posted by Unknown On 5:31 AM

မောင်ရမ္မာ
-----------
ရခိုင်ရိုးရာ ကျင် အားကစားကို လာမည့် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း)တွင် ထည့်သွင်းနိုင်ရန် အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ထုတ်ဖေါ် ပြောသည်။



Images ရခိုင်ရိုးရာ ကျင်အားကစားနှင့် ပရိသတ်
" ၂၀၁၃ ခုနှစ် ပြုလုပ်မည့် "ဆီးဂိမ်း" မှာ ဒေသခံ ရိုးရာ အားကစားဆိုပြီး ထည့်လို့ရပါတယ်။ ထည့်သွင်းမည့် အားကစားကို နိုင်ငံ ၄ ခုက အနည်းဆုံး ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အ တွက်ကြောင့် ကျွန်တော်တို့ ၂၀၁၃ မှာ ထည့်သွင်းနိုင်အောင် အခုကတည်းက နည်းစနစ်တွေကို တခုချင်း တခုချင်း ဗွီဒီယို ရိုက်ပြီးတော့ ဆီးဂိမ်းမှာ ပါဝင်တဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ အဲဒီနိုင်ငံတွေက စိတ်ဝင်စားလို့ ပါဝင် ယှဉ် ပြိုင်လာရင် ကျွန်တော်တို့ ရခိုင်ရိုးရာ ကျင် အားကစားဟာ အရှေ့တောင် အာရှ အားကစားပွဲတော် ဆီးဂိမ်း မှာ ပါဝင်လာမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ရိုးရာ ကျင် ကို ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ရခိုင်ရိုးရာ ကျင်ပွဲကို ရန် ကုန်မြို့ သိမ်ဖြူလမ်း၊ ဆရာဝန်များအသင်းရှေ့ရှိ လက်ဝှေ့ရုံတွင် ယခုလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ သွားမည်ဟု သူက ပြောသည်။

" ကျွန်တော်တို့ရဲ့ ရိုးရာ ကျင်အားကစားတွေလိုဘဲ နိုင်ငံ အသီးသီးက ရိုးရာ အားကစားတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အခုအခါ ယှဉ်ပြိုင်ကစားနေကြပါပြီ။ ၀ူရှူး၊ ဂျူဒို၊ ပိုက်ကျော်ခြင်းတွေက အစပေါ့လေ။ ကျင်အားကစားကလည်း အရှေ့တောင် အာရှက လူမျိုးတစ်မျိုးရဲ့ စိတ်ဝင်ဖွယ် ကောင်းတဲ့ အားကစားနည်း တစ်မျိုးဆိုတော့ တခြားနိုင်ငံတွေကို ဆွဲဆောင်နိုင်ရင် ကျင်အားကစားကလည်း ဆီးဂိမ်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားကြရမှာပေါ့" ဟု ပြောသည်။

Images ရခိုင်ရိုးရာ ကျင်ပွဲ
တခြားတဘက်တွင်လည်း ရခိုင်ရိုးရာ ကျင်အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ကစားလာနိုင်အောင် ပြန်လည် ဖေါ်ထုတ်သွားမည် ဖြစ်ပြီး ထိုသို့ ဖေါ်ထုတ်ခြင်းဖြင့် ရခိုင်လူငယ်များ၏ စိတ်ပိုင်း ဆိုင်ရာများကို ပြောင်းလဲ တိုးတက် လာနိုင်သည်ဟု သူက ပြောသည်။

" ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် လူငယ်တွေဟာ ညနေဖက်ဆိုလို့ရှိရင် ကျင် ကစား ကြတယ်။ ကိုယ့် ခန္ဓာကို ထိန်းသိမ်းတဲ့အနေနဲ့ ဆေးလိပ် မသောက်၊ အရက် မသောက်၊ အခု နောက်ပိုင်း ရခိုင်လူငယ်တွေဟာ အားကစား လိုက်စားမှု မရှိဘဲ ညနေဖက်ဆိုရင် ဘီယာသောက်တယ်။ အရက်သောက်တယ်။ ဆေးလိပ်သောက် တယ် ဖြစ်နေကြပါတယ်။ လူငယ်တွေ ရခိုင်ရိုးရာ အားကစားကို စိတ်ဝင်စားလာလို့ရှိရင် အရက်သောက် တာတွေ၊ ဆေးလိပ် သောက်တာတွေ လျော့ပါးလာမယ်" ဟု သူက ဆက်ပြောသည်။

ကျင်အားကစားကို ပြန်လည် မြင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တွင် ဇန္န၀ါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပြုလုပ်မည့် ကျင်ပြိုင်ပွဲတွင် ပထမဆု ရွှေမောင်းတန်းကို ကျပ် ၁၅သိန်း သတ်မှတ် ထားပြီး ဒုတိယ ငွေမောင်းတန်းကို ကျပ် ၁၀ သိန်း သတ်မှတ်ထားကြောင်း သိရသည်။

ရခိုင်ရိုးရာ ကျင်ပွဲသို့ မြန်မာ့လက်ဝှေ့ ချန်ပီယံ လုံးချောနှင့် စောငမန်းတို့ကို လာရောက်ကြည့်ရှု့ အားပေးရန် ဖိတ်ခေါ်ထားသည့်အပြင် အနယ်နယ် အရပ်ရပ်မှ ရခိုင် ကျင်သန်များကိုလည်း ဖိတ်ခေါ် ထားသည်ဟု သိရသည်။

ရခိုင်ရိုးရာ ကျင်အားကစားမှာ ရှေးခေတ် ရခိုင်ဘုရင်များလက်ကတည်းက ဆင်းသက်လာသော နပမ်းလုံး အားကစားနည်း တစ်မျိုးဖြစ်ပြီး ကျားကဲ့သို့ အလျင်အမြန် အဟုန်ဖြင့် တဘက်လူကို ဖမ်းကိုင်ပြီး မြေပေါ်လဲချရသဖြင့် "ကျားလျင်"ဟု ခေါ်ရာမှ နောက်ပိုင်းတွင် "ကျင်" ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နိရဉ္စရာ

Monday, January 2, 2012

သဘာဝဓာတ်ငွေ့အတွက် ကျောက်ဖြူမြို့မှာ လူထုဟောပြောပွဲလုပ်

Posted by Unknown On 9:08 AM



1.1.2012 ရက်နိ ညဇာဖက် ၅ ချက်တီ ခွဲလောက်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဦးဆောင်ပနာ ကျောက်ဖြူမြို့၊နာရီစင်ကွင်းမှာ ပြုလုပ်ကျင်းပခပါရေ။ လူထုကျင်းပပွဲအတွက် အစိုးရပါးက လျှောက်ထားချက်မှာ လူပေါင်း (၅၀၀) လောက်ရာ ခွင့်ပြုချက်ရကေလည်း အခမ်းအနားသို့ လူပေါင်း တထောင်ကျော်လောက် တက်ရောက် နားထောင်ခကတ် တေလို့သိရပါရေ။ ကျောက်ဖြူမြို့နယ် ဥက္ကဌ ဦးတင်ဖေက “ကျနော်ရို့ ပြည်သူလူထု တိုးတက်ရေးအတွက်ရေ ကျနော်ရို့ အတ္တမဟုတ်ပါ၊ ရသင့် ရထိုက်တေ အခွင့်အရေးကို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကိုယ်ရို့ ရပိုင်ခွင့်ကို တောင်းရစော်ပါ”လို့ ပြောကြားလားပါရေ။ ရခိုင်ပြည်က သဘာဓာတ်ငွေရေ ကမ္ဘာ သဘာဓာတ်ငွေ့ ထွက်တေ နိုင်ငံတိအားလုံးထဲမှာ အဆင့် ၃၅ နီရာဟိကေလည်း တိုင်းသူ ပြည်သားတိမှာ တခုချေလည်း အကျိုးခံခွင့်မဟိဘဲ အားလုံးကိုရာ ပြည်ပသို့ရောင်းချလားစော်ရေ တရားမျှတမှု မဟိလို့ ရခိုင်ပြည်သူတိက ခံစားနီရပါရေ။ ရခိုင်တိုးတက်ရေးပါတီက ပါတီအတွင်းရေးမှူး ဦးလှစောကလည်း “ ကျနော်ရို့ ရခိုင်ဒေသရေ ဖွဲ့ဖြိုးမှု နောက်အကျဆုံးမှာဟိနီပါရေ။ ကျနော်ရို့ လုံးဝကို အပစ်အပယ်ခံ ထားရ ဒေသကြီးတခုပိုင်ဖြိုက်နီပါရေ။ စီးပွါးရေး၊ နိုင်ငံရေးအရ ဘက်ပေါင်းစုံက နိမ့်ကျနီပါရေ။ ဖိနှိပ်ခံနီရရေ အခြေအနေကို ရောက်နီပါရေ။ ယင်းပိုင်ဖြိုက်လို့ ပိုက်လိုင်းကို ဆန့်ကျင့်စော်မဟုတ်၊ ရှုံ့ချစော်မဟုတ်၊ အစိုးရက ရီနံနန့် သဘာဓာတ်ငွေ့ကို ရောင်းစော်ကို ရှုံ့ချစော်လည်း မဟုတ်၊ ယင်းအထဲက ရသင့် ရထိုက်တေ တစုံတရာကို ပြည်သူ့လူထု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ပီးသင့်ပါရေ။ အထူးသဖြင့် သဘာဝဓာတ်ငွေ့တိကို ရောင်းပြီးကေ ငွေတိရနီယက်သားနန့် ရခိုင်ပြည်သူလူထုတိမှာ မီးလည်းမမြင်ရ၊ ရွာတိမှာဆိုကေ ပိုဆိုးရေ။ ဖယောင်တိုင်ကို မပြောကဲ့၊ ရီနံဆီမီးခွပ်ကိုတောင် အနိုင်နိုင်” လို့ ပြောကြားလားပါရေ။ အခမ်းအနားကို တက်ရောက်ခကတ်တေ ကျောက်ဖြူမြို့ခံတိလည်း အားရ ကျေနပ်မှုတိဟိပါရေလို့ ကြားသိရပါရေ။
လေးဝတီမှ