Monday, January 2, 2012

သဘာဝဓာတ်ငွေ့အတွက် ကျောက်ဖြူမြို့မှာ လူထုဟောပြောပွဲလုပ်

Posted by Unknown On 9:08 AM



1.1.2012 ရက်နိ ညဇာဖက် ၅ ချက်တီ ခွဲလောက်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဦးဆောင်ပနာ ကျောက်ဖြူမြို့၊နာရီစင်ကွင်းမှာ ပြုလုပ်ကျင်းပခပါရေ။ လူထုကျင်းပပွဲအတွက် အစိုးရပါးက လျှောက်ထားချက်မှာ လူပေါင်း (၅၀၀) လောက်ရာ ခွင့်ပြုချက်ရကေလည်း အခမ်းအနားသို့ လူပေါင်း တထောင်ကျော်လောက် တက်ရောက် နားထောင်ခကတ် တေလို့သိရပါရေ။ ကျောက်ဖြူမြို့နယ် ဥက္ကဌ ဦးတင်ဖေက “ကျနော်ရို့ ပြည်သူလူထု တိုးတက်ရေးအတွက်ရေ ကျနော်ရို့ အတ္တမဟုတ်ပါ၊ ရသင့် ရထိုက်တေ အခွင့်အရေးကို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကိုယ်ရို့ ရပိုင်ခွင့်ကို တောင်းရစော်ပါ”လို့ ပြောကြားလားပါရေ။ ရခိုင်ပြည်က သဘာဓာတ်ငွေရေ ကမ္ဘာ သဘာဓာတ်ငွေ့ ထွက်တေ နိုင်ငံတိအားလုံးထဲမှာ အဆင့် ၃၅ နီရာဟိကေလည်း တိုင်းသူ ပြည်သားတိမှာ တခုချေလည်း အကျိုးခံခွင့်မဟိဘဲ အားလုံးကိုရာ ပြည်ပသို့ရောင်းချလားစော်ရေ တရားမျှတမှု မဟိလို့ ရခိုင်ပြည်သူတိက ခံစားနီရပါရေ။ ရခိုင်တိုးတက်ရေးပါတီက ပါတီအတွင်းရေးမှူး ဦးလှစောကလည်း “ ကျနော်ရို့ ရခိုင်ဒေသရေ ဖွဲ့ဖြိုးမှု နောက်အကျဆုံးမှာဟိနီပါရေ။ ကျနော်ရို့ လုံးဝကို အပစ်အပယ်ခံ ထားရ ဒေသကြီးတခုပိုင်ဖြိုက်နီပါရေ။ စီးပွါးရေး၊ နိုင်ငံရေးအရ ဘက်ပေါင်းစုံက နိမ့်ကျနီပါရေ။ ဖိနှိပ်ခံနီရရေ အခြေအနေကို ရောက်နီပါရေ။ ယင်းပိုင်ဖြိုက်လို့ ပိုက်လိုင်းကို ဆန့်ကျင့်စော်မဟုတ်၊ ရှုံ့ချစော်မဟုတ်၊ အစိုးရက ရီနံနန့် သဘာဓာတ်ငွေ့ကို ရောင်းစော်ကို ရှုံ့ချစော်လည်း မဟုတ်၊ ယင်းအထဲက ရသင့် ရထိုက်တေ တစုံတရာကို ပြည်သူ့လူထု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ပီးသင့်ပါရေ။ အထူးသဖြင့် သဘာဝဓာတ်ငွေ့တိကို ရောင်းပြီးကေ ငွေတိရနီယက်သားနန့် ရခိုင်ပြည်သူလူထုတိမှာ မီးလည်းမမြင်ရ၊ ရွာတိမှာဆိုကေ ပိုဆိုးရေ။ ဖယောင်တိုင်ကို မပြောကဲ့၊ ရီနံဆီမီးခွပ်ကိုတောင် အနိုင်နိုင်” လို့ ပြောကြားလားပါရေ။ အခမ်းအနားကို တက်ရောက်ခကတ်တေ ကျောက်ဖြူမြို့ခံတိလည်း အားရ ကျေနပ်မှုတိဟိပါရေလို့ ကြားသိရပါရေ။
လေးဝတီမှ