Saturday, November 19, 2011

တရားသဖြင့်တောင်းဆိုသူတွေကို မတရားတဲ့နည်းလမ်းနဲ့ တုံ့ပြန်လာတဲ့ ဘီဘီစီမြန်မာပိုင်းအစီအစဉ်

Posted by Unknown On 9:38 PM

Bannerဘီဘီစီက ဘင်္ဂလီဘာသာရေးအစွန်းရောက်သမားတွေဘက်ကနေလိုက်ပြီး မြန်မာတိုင်းရင်းသားတွေအကြောင်းမဟုတ်မှန်ရေးသားဖေါ်ပြချက်တွေကို ဖြေရှင်းပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုနေတာကို ဖြေရှင်းမပေးရုံသာမက မသိကျိုးကျွန်ပြုတမင်တကာ အချိန်ဆွဲနေပါတယ်။
ဘင်္ဂလီဘာသာရေးအစွန်းရောက်သူတွေဆီက ဒေါ်လာငွေစားထားတဲ့ တခြားမြန်မာသတင်းဌာနတွေဖြစ်တဲ့ RFA, DVB, Mizzima, Irrawaddy တို့ဟာလည်း ပြည်သူလူထုရဲ့တောင်းဆိုချက်တွေကိုအခုအချိန်ထိ့ သတင်းအမှောင်ချထားတုန်းပါ။ ပိုဆိုးလာတာက ဘီဘီစီနဲ့အပေါင်းပါတွေဟာ ဒီကိစကို Facebook မှာ လာရောက်တောင်းဆို ဆွေးနွေးသူတွေကို ရိုင်းစိုင်းကြမ်းတမ်းသူတွေအဖြစ် မြင်လာအောင် နာမည်ဝှက်တွေနဲ့ Facebook account အသစ်တွေလုပ်ကာ ပြန်လည်ထိုးစစ်ဆင်လာတွေပါပဲ။
ဘီဘီစီကဖန်တီးလုပ်ဆောင်တယ်လို့ ယူဆရသူတချို့ဟာ ညစ်ပတ်ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေသုံးပြီး
-       ဘီဘီကိုဆဲဆိုယောင်ဖြင့် အမှန်တရားဘက်မှ တိုက်ပွဲဝင်နေသူများကို အများကအထင်သေးလာအောင် လုပ်ဆောင်နေခြင်းများ၊
-       ရခိုင်အမျိုးသားများအား ဘင်္ဂလီလူမျိုးများနှင့် အခြားမူဆလင်ဘာသာဝင်များကို မုန်းတီးသူများအဖြစ်အမြင်ရောက်လာအောင် လုပ်ဆောင်နေခြင်းများ၊
-       ဗမာတိုင်းရင်းသားများနှင့် အခြားပြည်ထောင်စုဘွားတရားဝင်တိုင်းရင်းသားလူမျိုးများအကြား အချင်းချင်းအထင်အမြင်လွဲမှားလာစေအောင် ပြုမူနေခြင်းများကို ဆက်တိုက်ဆိုသလို လုပ်လာတာကို တွေ့မြင်လာရပါတယ်။
ဘီဘီစီရဲ့ ဒီတန်ပြန်လုပ်ဆောင်မှုတွေဟာ တစုံတရာ ထိရောက်မှုရှိပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ တိုက်ပွဲအစပိုင်းက ပြည်သူတွေဖက်ကတက်ကြွစွာ ပါဝင်ခဲ့သူတချို့ဟာ အခုတလော နောက်ဆုတ်နေကြတာကို တွေ့လာရလို့ပါဘဲ။
ကျနော့်အနေဖြင့် အနူးအညွတ်မေတ္တာရပ်ခံလိုတာက comment တွေရေးတဲ့အခါ စိတ်လိုက်မာန်ပါမလုပ်မိဖို့ပါ။ ဘာသာရေးလူမျိုးရေးထိခိုက်နိုင်တဲ့ အသုံးအနှုန်းတွေမပါအောင် အတတ်နိုင်ဆုံးထိမ်းသိမ်းဖို့လည်း လိုပါတယ်။ ဖြစ်နိုင်ရင် မိမိရဲ့Facebook account အစစ်အမှန်ကို သုံးကြဖို့ပါ။ ကိုယ့်အလုပ်နှင့်ကိုယ်မအားလပ်ကြတဲ့အတွက် ပါဝင်ဆွေးနွေးဖို့ ကျတော်တို့ဘက်က လူအင်အားနည်းနေတာကို ကျနော်လည်း မြင်ပါတယ်။ အခြားတဖက်မှာတော့ ဘီဘီစီနဲ့ ဘင်္ဂလီအစွန်းရောက်သမားတွေဘက်က နာမေ၀ှက်မျိုးစုံနဲ့ လူအင်အားများသယောင် တယောက်တမျိုးထိုးနှက်တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့် ကိစမရှိပါ။ ဒီတိုက်ပွဲဟာ ကျနော်တို့ဖက်က နိုင်ထားပြီးသားဖြစ်ပါတယ်။ မြန်မာပြည်ရဲ့တရားဝင်တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးကို ကိုယ်စားပြုတဲ့ကျနော်တို့ဟာ ပုဂံခေတ်က ကျန်စစ်သားနဲ့သူရဲကောင်းလေးဦးလို လူလေးသိန်းပါဝင်တဲ့စစ်တပ်တခုနဲ့အလားတူပါတယ်။ အဲဒါကြောင့် ကျနော်တို့ဖက်က ထောက်ခံတဲ့သူတွေအနေနဲ့ ကိုယ့်နာမေအရင်းကိုသုံးပြီး ပြောဆိုဆွေးနွေးကြပါလို့ ပြောချင်ပါတယ်။ ဒါမှသာ အတုနဲ့အစစ်ခွဲခြားမြင်လာနိုင်ပါလိမ့်မယ်။ အစွန်းရောက်ဝါဒီတွေရဲ့အိမ်ရှင်တွေအပေါ်သစာမဲ့တဲ့လုပ်ရပ်တွေကို ပြည်သူလူထုတရပ်လုံးက ရှင်းရှင်းလင်လင်း နားလည်သွားခဲ့ပြီဖြစ်လို့ သူတို့ရဲ့မဟုတ်မမှန်လုပ်ကြံရေးသားမှုတွေကို ဆက်လက်ချေပပြောဆိုစရာလုံးဝ (လုံးဝ) မလိုတော့ပါဘူး။
ဘီဘီစီအနေနဲ့လည်း တရားသဖြင့်တောင်းဆိုနေကြတဲ့ မြန်မာတိုင်းရင်းသားပြည်သူအစစ်အမှန်တွေရဲ့တောင်းဆိုချက်ကို မလိုက်လျော့ဘဲ ဘင်္ဂလီအစွန်းရောက်တွေနဲ့ပေါင်းပြီး ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့

အနာဂတ်ဒီမိုကရေစီနိုင်ငံသစ်ကြီးမှာ တိုင်းရင်းသားပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာနေထိုင်လိုကြတဲ့ အစွန်းမရောက်တဲ့မူဆလင်ဘာသာဝင်ဘင်္ဂလီလူမျိုးများ၊ ၄င်းတို့မှ ပေါက်ဖွားကြီးပြင်းလာမယ့်မျိုးဆက်များကို ပြည်ထောင်စုဖွားတိုင်းရင်သားအားလုံးက ယုံကြည်မှုကင်းမဲ့လာအောင်၊ သစာမဲ့သူများအဖြစ်မြင်လာစေအောင် တမင်လုပ်ဆောင်နေတဲ့ သမိုင်းတရားခံတွေအဖြစ် ၄င်းတို့ကိုယ်၎င်းတို့ဖန်တီးနေခြင်းသာဖြစ်ပါလိမ့်မယ်။

နောက်တချက်ပြောချင်တာကတော့ ဒီနေ့အချိန်မှာဆိုရင် ရိုဟင်ဂျာဆိုတဲ့အတုအယောင်နာမေဟာ သမိုင်းထဲက အမဲစက်လေးတခု ဖြစ်သွားခဲ့ပါပြီ၊
အယင်တုန်းကမပါမပြီး ရိုဟင်ဂျာဆိုတဲ့စကားလုံးပါမှ ပွဲစည်သလိုဖြစ်ခဲ့တာတွေဟာ အခုအချိန်မှာ အားလုံးပြီးသွားခဲ့ပါပြီ၊ ရိုဟင်ဂျာဆိုတဲ့ဇာတ်လမ်း နိဂုံးချုပ်သွားခဲ့ပါပြီ။
အဲဒီနာမေကို အယင်ကစွဲစွဲလမ်းလမ်းသုံးစွဲ ရေးသားကြတဲ့သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေအားလုံးဟာလည်း သူတို့ရေးသားချက်တွေကို ရှက်ကိုးရှက်ကန်းနဲ့ တဖြည်းဖြည်းချင်း ဖုံးဖိဖျောက်ဖျက်လာတာကို မကြာခင်မှာဘဲတွေ့လာရပါလိမ့်မယ်။ အဲဒါကြောင့်ဘီဘီစီနဲ့ဘင်္ဂလီအစွန်းရောက်ဖက်သားတွေ သွေးရှုးသွေးတန်း ကြောက်ကန်ကန်ပြီး ပြန်လည်ရေးသားလာတာကို ကျနော့်တိုဖက်ကနေ ပြန်လည်ချေပနေစရာမလိုတော့ပါဘူး။ အဲဒီလိုပြန်ချေပနေမယ်ဆိုရင်လည်း ကျားသေကို ကြောက်ကြောက်နဲ့ဆက်ရိုက်နေသလို အချိန်ကုန်အင်အားကုန်ရုံပဲ ရှိပါတယ်။


ကျနော်တို့အနေနဲ့ နောက်ထပ်တဆင့်တက်ပြီး ကျားကိုတခါးဖွင့်ပေးခဲ့သူတွေ၊ သခိုးဒါးရိုးကမ်းသူတွေနဲ့အပေါင်းပါတွေအကုန်လုံးအကြောင်းကို ဖေါ်ထုတ်ဖွင့်ချသွားဖို့ လိုပါတယ်။
ဘီဘီစီအနေနဲ့လည်း စားတုန်းကတော့ အကုန်လုံးဝိုင်းစားတာ ခံရတာကျတော့ ငါတယောက်တည်းဆိုသလိုမျိုးဖြစ်နေတော့ သူ့ဖက်က အမှားဝန်ခံရမှာ အတော်ပဲ ကပ်သီးကပ်သပ်ဖြစ်နေပုံရပါတယ်။ ရိုဟင်ဂျာအရေးကို မြင့်တင်ပေးခဲ့တဲ့ BBC, RFA, DVB, Mizzima, Irrawaddy (AB နဲညွန့်ပေါင်းကြီးလည်း အစပိုင်းကပါခဲ့ပါသေးတယ်။ ညွန့်ပေါင်းကအမှားဝန်ခံခဲ့ပါသေးတယ်၊ AB ကဆရာကြီးတချို့ အခုအချိန်မှာတိတ်ဆိတ်နေနေတာ ကျနော်တို့အနေနဲ့စဉ်းစားစရာတခုပါဘဲ) စတဲ့သတင်းဌာနတွေနဲ့ တခြားကုလားနောက်လိုက်တွေဟာ ငွေမျက်နှာတခုတည်းကိုကြည့်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့  နိုင်ငံတော်ကိုပါ ထိ့ပါးစော်ကားခဲ့တဲ့ အမတန်မှကြီးမားတဲ့ ပြစ်မှုကိုကျူးလွန်ခဲ့သူတွေပါ။ အဲဒါကြောင့် အခုလိုဘင်္ဂလီခေါ်တောကုလားအစွန်းရောက်တစုရဲ့ မြန်မာပြည်ကိုဖဲ့ထုတ်သိမ်းယူရေးအကြံလို လုပ်ကြံမှုမျိုးနောင်ကို မပေါ်ပေါက်လာနိုင်အောင် ကြိုတင်စီစဉ်တဲ့နေရာမှာ ကျနော်တို့ဟာ ဘယ်သူ့မျက်နှာကိုမှ ထောက်စရာမလိုဘဲ ဖေါ်ထုတ်ရေးသားကြဖို့လိုအပ်ပါတယ်။ အဲဒီလိုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာမှပဲ ဘီဘီစီက သူ့ရဲ့အမှားကို မြန်မြန်ဝန်ခံလာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Written by နိုင်ဝင်း 
rakhapura.com/