Saturday, November 19, 2011

ရခိုင်အမတ် ၃ ဦး အမူရှုံးရတဲ့ ကိစ္စ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ အင်တာဗျူး

Posted by Unknown On 9:54 PM

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အနိုင်ရ ပေါက်တောမြို့နယ် အမတ် ၃ ဦးကို ရွှေးကောက်ပွဲ ကော်မရှင် ခုံရုံးက အရှုံးပေးခဲ့ပါတယ်။ အခုလို ပြည်သူတွေ မဲနဲ့ အနိုင်ရထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဘာကြောင့် ကော်မရှင်ခုံရုံးက အရှုံးပေးလိုက်ရသလဲ ဆိုတာကို အများသူငါ သိရှိနိုင်ရန် ရည်ရွယ်ပြီး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ဆက်သွယ် မေးမြန်းထားတာကို တင်ပြပေးလိုက်ပါတယ်။

မေး။ ။ RNDP က ကော်မရှင်မှာ ရှုံးနိမ့်သွားတဲ့ အမတ် ၃ ဦး ကိစ္စကကို ဘယ်လို ဆက်လုပ်ဖို့ စီစဉ်နေပါလဲ။

ဖြေ။ ။ ကျနော်တို့ ကော်မရှင်မှာ ကျနော်တို့ကို တရားစွဲတာ ၉ ဦးပါ။ ၆ ဦး ကိုတော့ သက်ဆိုင်ရာ ခုံအဖွဲ့တွေက အနိုင် ပေးလိုက်ပါတယ်။ ကျန်တဲ့ သုံးဦးကိုတော့ ကျနော်တို့က မဲအများဆုံး ရထား ပေမဲ့လည်း ကျနော်တို့ကို စွဲတာက တရားမဲ့ပြုကျင့်မှုရှိတယ်။ ရွေးကောက်ပွဲကာလမှာ ပါတီက ဘာသာရေး လူမျိုးရေးကို ခွဲခြားတယ်။ ရခိုင် သမ္မတနိုင်ငံ ထူထောင်ဖို့ ဆိုတဲ့ ကိစ္စမျိုးတွေ ပြောဆို ပြုကျင့်တယ်။ တရားမဲ့ ပြုကျင့်တဲ့ သဘောနဲ့ ပါတီက လုပ်တယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီက စွဲချက်တင်ပြီး ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးက အရှုံးပေးတဲ့ သဘော ဖြစ်ပါတယ်။ ကျနော်တို့ ပါတီက တရားစွဲ ခံရတဲ့ ပေါက်တောမြို့နယ်က ပုဂ္ဂိုလ်တွေကလည်း ပါတီက လုပ်တယ်ဆိုပြီး စွပ်စွဲချက်မှာ ပါလာတဲ့ အတွက် အဲဒါဟာ ကျနော်တို့နဲ့ မဆိုင်ဘူး။ စွဲဆိုချက်ပါမှာ ပါတဲ့ အတိုင်း ပါတီကို စွဲဆိုတာဖြစ်တယ်။ ဒါကြောင့် ပါတီကဘဲ ဒီကိစ္စကို ရှင်းသင့်တယ် ဆိုပြီး သူတို့က ပါတီကို ပြောတယ်။ သူတို့ရဲ့ ဖြေရှင်းချက် တွေထဲမှာလည်း ပါပါတယ်။ ခုလို ဆိုတော့ ဒီကိစ္စဟာ ပါတီကို စွဲတာ ဖြစ်တဲ့ အတွက် တနည်းအားဖြင့် ပြောရမယ် ဆိုရင် ကျနော်တို့ ရှုံးရတာ နောက်ကွယ်က ဖိအားလည်း ရှိမယ် ဆိုပြီးတော့မှ အခုလက်ရှိ ခုံရုံးက ဆုံးဖြတ်တာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီ အနေနဲ့ အယူခံတက်ဖို့ ဆုံးဖြတ်ပီး တစ်မှုကို ကျပ် ၁၀ သိန်းစီ သွင်းပြီးတော့ ရက်ပေါင်းသုံးဆယ် အတွင်းမှာ သွင်းရတဲ့ ကိစ္စဖြစ်တော့ ကျနော်တို့က ၂၀ ရက်နေ့က ငွေသွင်းတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို မိတ္တူယူပြီးတော့ ရှေ့နေနဲ့တိုင်ပင်ပြီး လုပ်နေပါတယ်။ ကျနော်တို့က ခုလို ရှုံးနိမ့်တာဟာ ဖိအားပေးမှုတခု အဖြစ် သုံးသပ်ပါတယ်။ အမှန်တကယ် နိုင်ထားတဲ့ ပုဂ္ဂိုလ်တွေကို မဲဆန္ဒရှင် တို့၏ ဆန္ဒသဘောထားကို ပစ်ပယ်ပြီးတော့ ကော်မရှင်က ဆုံးဖြတ်တာဟာ တခုခုများ ချို့ယွင်း မှုရှိလား ဆိုပြီး တိုင်ပင်ညှိနိုင်းလို့ တင်သွင်းထားခြင်း ဖြစ်ပါတယ်။

မေး။ ။ အမှုကို ဘယ်နေ့များ ကြားနာ စစ်ဆေးမယ်လို့ သိရပါလဲ။ ပီးရင် အမူသွား အမူလာက ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ အမှုသွား အမှုလာကိုတော့ ကျနော်တို့ ပြောလို့ မရပါ။ ဘာလို့လဲ ဆိုတော့ ခုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပါတယ်။ ခုံအဖွဲ့မှာ ပါတဲ့ တရားစီရင်ရေး အဖွဲ့က ဆုံးဖြတ်တာ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့က လုပ်နိုင်ခွင့် တခုသာရှိပါတယ်။ ဘာလဲဆိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကို အခုနားက ဆုံးဖြတ်ချက်တွေပေါ်မှာ ပြန်လည် သုံးသပ်ပြီးတော့ ဒီလိုဒီလို အချက်လက်တွေ ရှိပါတယ်။ ဒီလို အခြေအနေတွေ ရှိပါတယ်။ အမှု ဖြစ်တယ်ဆိုတဲ့ ပေါက်တော မြို့နယ်တွေကို သွားပြီးတော့ ကော်မရှင်အနေနဲ့ သူတို့ရဲ့ စွဲဆိုချက်မှာပါတဲ့ စွပ်စွဲတဲ့ ပုဂ္ဂိုလ်က ပြတဲ့ သက်သေတွေဟာ တကယ်တမ်း အဲဒီအတိုင်း ဟုတ်မှန်ရဲ့လား။ သက်သေအားဖြင့် တဦးသာ ပြနိုင်ခဲ့ ပါတယ်။ အဲဒီသက်သေကတော့ ကော်မရှင် ဥက္ကဌပါ။ သူကလည်း ပေါက်တော မြို့နယ်က ရွေးကောက်ပွဲဟာ free and fair ဖြစ်တယ် ဆိုပြီးတော့ ထွက်ဆိုသွားတာ ဖြစ်ပါတယ်။ တရားစွဲ ပုဂ္ဂိုလ်တွေရဲ့ တရားလိုပြ သက်သေတွေ အဖြစ် ကိုးဦး ပြပါတယ်။ မူဆလင် တွေလည်း ပါတယ်။ သက်သေတွေကို ခရီးစရိတ် အကုန်ကျခံ၊ ငွေကြေး ကုန်ကျခံ ပြီးတော့ တရားလို ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေက နေပြည်တော်ထိ ခေါ်လာတာဟာ အဖြစ်မှန်နဲ့ ထွက်ဆိုတာ ဟုတ်မဟုတ်ကို ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့က ဖြစ်နိုင်ရင် ပေါက်တောမြို့နယ်မှာရှိတဲ့ အဓိက သူတို့ စွပ်စွဲတာမှာပါတဲ့ တရားမဲ့ပြုကျင့်တယ် ဆိုတဲ့ နေရာ ကံချောင်းကျေးရွာ မဲရုံနဲ့ပတ်သက်လို့ ကိုယ်တိုင် လာစစ်ဆေးပါ။ ကံချောင်းကျေးရွာ မှာ ဖြစ်တဲ့အဖြစ်ပျက်ကို နည်းနည်းလောက် ကျနော် ရှင်းပြပါမယ်။ အဲဒီရွာမှာ ကြိုတင် မဲပေးတာနဲ့ ပတ်သက်လို့ အဲဒီရွာက ကြံ့ခိုင်ရေး ပါတီဝင်တွေဟာ ကြိုတင်မဲပေးဖို့ အတွက် အတင်းအကျပ် ကောက်ယူနေပါတယ် ဆိုပြီးတော့ မြို့နယ်ကို ကျနော်တို့ ပါတီ ကျေးရွာ အဖွဲ့ဝင်တွေက တင်ပြတယ်။ ပါတီကလည်း မြို့နယ်မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ တို့ဟာ အဲဒီရွာကို နိုဝင်္ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီမှာသွားပြီး ကြည့်တဲ့အခါမှာ ကြိုတင်မဲကို ယူနေတာကို တွေ့ရတယ်။ (ကြိုတင်မဲဆိုတာမှာ စည်းကမ်းချက်တွေ ရှိပါတယ်။ ကြိုတင်မဲ စည်းကမ်းချက် ဆိုတာက အခုနားက ပြောသလို တကယ်တမ်း နေမကောင်းလို့လား၊ အသက်ရွယ် ကြီးနေလို့လား၊ အလုပ်ကိုင်ကြောင်း ခွင့်ယူရမည့်သူ ဖြစ်လို့လား။ တကယ်တမ်း နိုဝင်ဘာ ၇ ရက်နေ့မှာ မဲမပေးနိုင်ခြင်း ရှိတဲ့သူ တကယ်တမ်း ရွေးကောက်ပွဲ ကော်မရှင်က ကျေညာထားတဲ့ နည်းဥပဒေနဲ့ ကိုက်ညီရဲ့လား၊ တမင်တကာ အတင်းကျပ် ကော်မရှင် ဥပဒေကို ကျော်လွန်ပြီးတော့ အတင်းကျပ် ကြိုတင်မဲကို ယူတာလား ဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ( ကြိုတင်မဲ ယူတာနဲ့ ဖြစ်ပွားတဲ့ ပြဿနာမှာ ဘောင်နှစ်ဘောင် ရှိပါတယ်) တရားမဲ့ပြုကျင့်တယ် ဆိုတဲ့ ကြံ့ခိုင်ရေးက စွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီဘက်ကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ကြိုတင်မဲ ယူတာကို သူတို့ (ခုံရုံး)က မစဉ်းစားခဲ့ပါဘူး။ ကျွန်တော်တို့ ပါတီက တရားမဲ့ ပြုကျင့်တယ် ဆိုတဲ့ဘက်ကိုဘဲ သူတို့ စဉ်းစား ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။ ဆိုတော့ အဲဒီနေ့ ကြိုတင်မဲ ယူတဲ့အခါမှာ သူတို့ကြံ့ခိုင်ရေးပါတီက လူ အယောက် ၁၀၀ လောက်ကို ယူခဲ့ပြီလို့ ဆိုပါတယ်။ အဲဒီတော့ ကျနော်တို့က မဲပုံ သုံးပုံးမှာ တပုံးကို ကြိုတင်မဲ ကောက်တဲ့ အချိန်မှာ ကျေးရွာ ကော်မရှင်က ထိမ်းပြီးတော့ ကြိုတင်မဲ ယူသွားတာ တွေ့ရတယ်။ ကြိုတင်မဲ ယူတဲ့အခါမှာ မဲပုံး သုံးပုံးဟာ လွှတ်တော် သုံးရပ်အတွက် သီးသန့်ပါ။ အဲဒီ သုံးပုံထဲက တပုံကို ယူပြီးတော့ ရပ်ကျေးရွာ ကော်မရှင် ဥက္ကဌက ကြိုတင်မဲ လက်မှတ်တွေကို ကြိုတင်မဲ လက်မှတ်တွေလည်း ပွနေပါတယ်။ ကြိုတင်မဲလက်မှတ်တွေကို တအိမ်တက်ဆင်း ကောက်ရမှာပါ။ တနေရာတည်းမှာ အတင်းကျပ် ခေါ်ပြီးတော့ ဂီရိမုန်တိုင်း အတွက် ပစ္စည်းပေးဖို့ ဆိုပြီးတော့ မဲပေးပါ၊ ကြိုတင်မဲ လာပေးပါ ဆိုပြီး လုပ်နေတာကို သတင်းကြားလို့ ကျနော်တို့ဘက်က သွားကြည့် တာပါ။ အဲဒီလိုမျိုး သွားကြည့်တဲ့ ကိစ္စကို အတင်းအကျပ် ဓာတ်ပုံရိုက်တယ်။ လိုလိုလားလား လာပေးတဲ့ ပုဂ္ဂိုလ်တွေကို အဟန့်အတား ဖြစ်အောင် လုပ်တယ်လို့ဆိုပြီး သူတို့ဘက်က စွပ်စွဲ ပါတယ်။ ကျနော်တို့ သုံးသပ် ရသလောက် အဲဒီလို ဥပဒေကို ဆန့်ကျင်ပြီး လုပ်တာကို ဟန့်တားတာဟာ တရားမဲ့ ပြုကျင့်မှုတခုကို ကျနော်တို့ဘက်က ပုဂ္ဂိုလ်တွေက တားပြီးတော့ free and fair ဖြစ်အောင် ကူညီတာဘဲ ဖြစ်ပါတယ်။ အဲဒါကို အမြင် နှစ်မျိုးရှိတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ လာကြည့်ပါ ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။ တကယ်တမ်း အဖြစ်မှန် ဘယ်လိုရှိတယ်ဆိုတာကို သက်ဆိုင်ရာ ခုံအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ပေါက်တောမြို့နယ်ကို လာရောက်ပြီးတော့ ဒီနေရာမှာ free and fair ဖြစ်တဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့လားလို့ တကယ်တမ်း ရခိုင်ပါတီဟာ ညစ်ညမ်းမှုနဲ့ တရားမဲ့ ပြုကျင့်ခြင်းကို လုပ်ခဲ့လား။ တကယ်တမ်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့အတိုင်း ကျနော်တို့ဟာ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ ခွင့်ပြုချ ဘောင်ကျော်ပြီးတော့ ဘာလုပ်ခဲ့လဲဆိုတာ ပြန်လည်သုံးသပ်ဖို့အတွက် ဒေသကို ပြန်လည် ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။
( မှတ်ချက်။ ။ ရခိုင်တိုင်းရင်းသားများ ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်ကို ကြံ့ခိုင်ရေးပါတီမှ ဦးဦးစောလှက၎င်း၊ ရခိုင်ပါတီမှ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို ကြံ့ခိုင်ရေးမှ ဦးထွန်းအောင်ခိုင်မှ၎င်း၊ ပြည်နယ် လွှတ်တော်တွင် ဦးမောင်ကျော်သိန်းကို ကြံ့ခိုင်ရေး ပါတီမှ ဦးမောင်ထွန်းမြက ၎င်း တရားစွဲဆိုခဲ့ပါသည်။ သူတို့ (၆) စလုံးမှာ ပေါက်တော ဇာတိများ ဖြစ်ကြပါသည်။)



----------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း