Sunday, July 7, 2013

မင်ပြားမြို့နယ် နဂရာကျေးရွာအုပ်စုတွင် နှစ်လကျော်အတွင်း နွားတစ်ရာပျောက်၊ လက်သည်ရှာမတွေ့သေး ၊ လုံခြုံရေးတပ်ဖွဲ့များ နှင့် ကုလားများကို ဒေသခံများက မသင်္ကာ

Posted by Unknown On 6:27 AM

By Thaung Kwre
====================

စစ်တွေ ၊ ၀၇ ဇူလိုင် ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် နဂရာကျေးရွာအုပ်စုတွင် ၂၀၁၃ ဧပြီ သင်္ကြန်မတိုင်မီကနှင့် ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့ အကြားတွင် ပျောက်ဆုံးသွားခဲ့သော နွားကောင်ရေမှာ တစ်ရာနီးကပါးရှိကြောင်း နွားပိုင်ရှင် (၃၅)ဦး လက်မှတ်ရေးထိုးထားသည့် တိုင်စာတစ်စောင်ကဆိုသည်။

ထို့အပြင် ဇွန်လ (၁၉) ရက်နောက်ပိုင်းလည်း ယင်းနယ်တစ်ဝိုက်တွင် နွားများ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။
အခြားသောရခိုင်ကျေးရွာများတွင် လိုက်ရှာ၍ မတွေ့သဖြင့် အနီးအနား ကုလားရွာများမှ ကုလားများက ခိုးယူခြင်းဖြစ်သည် ဟု သံသယရှိသော်လည်း တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရမည့် ဌာနများက ယခုအချိန်အထိ ထိရောက်သောရလဒ်ရလာအောင် မည်သို့မှဆောင်ရွက်ပေးခြင်းမရှိ ဟု သိရသည်။

ပြီးခဲ့သော တစ်နေ့ကျော် ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်နေ့ အရုဏ်တက်ချိန်တွင် မင်းပြားမြို့နယ် မင်းဖူးကျေးရွာမှ လယ်သမား ဦးဖြူသာထွန်းပိုင် နွားကိုးကောင်ကို ယင်းရွာ၏ ပတ်ဝန်းကျင် လက်မ (ကုလား)ရွာမှ ကုလား သုံးဆယ်ခန့် အုပ်စုဖွဲ့ကာ မောင်းနှင်ခိုးယူသွားရာ လှမ်းမြင်လိုက်သော ရခိုင်ရွာသားများက လိုက်သေးသော်လည်း မမီလိုက်တော့ဘဲ ကုလားတစ်ဦးကိုသာလျှင် ဖမ်းဆီးရမိခဲ့သည် ဟု ဆိုသည်။

ပြီးခဲ့သော နှစ်ပတ်ခန့်ကလည်း ဦးငတွဲဆိုသူလယ်သမား၏ နွားနှစ်ကောင်ပျောက်သွားရာ အဆိုပါ လက်မ(ကုလား)ရွာမှပင် ပြန်ရခဲ့သည်။

လက်မ ကုလားရွာတွင်းသို့ စစ်တပ် နှင့် ကုလားမီးသတ်တပ်ဖွဲ့တို့ ၀င်ရောက်ရှာဖွေကာ ဦးငတွဲ၏ နွားများကို ဆွဲယူလာကာ ရွာပြင်တွင်စောင့်နေကြရသော နွားပျောက်လိုက်ရှာသူများထံနွားများကိုအပ်ပြီး ကုလားမီးသတ် တပ်ဖွဲ့အတွက် အလှူခံရာ အလှူငွေ သုံးသောင်းထည့်ပေးခဲ့ရသည် ဟု ဆိုသည်။

မင်းပြားမြို့နယ်အတွင်းမှ လယ်သမားများကမူ ဤကဲ့သို့ ကျွဲနွားများရာချီ ပျောက်ဆုံးနေမှုမှာ ကုလားများ၏ လက်ချက်ပင်ဖြစ်ပြီး၊ လုံခြုံရေးတာဝန်ယူထားသော တပ်ဖွဲ့များ နှင့် ကုလားများအကြား သဘောတူညီချက် တစ်စုံတစ်ရာ ရှိနိုင်သည် ဟု သင်္ကာမကင်းဖြစ်နေကြသည်။


( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )

========================================
ပူးတွဲဓါတ်ပုံပါ စာရွက်မှာ - တိုင်ကြားသူ နွားပိုင်ရှင် လယ်သမားများ လက်မှတ်ရေးထိုးထားသည့် စာရွက်နှစ်ရွက်အနက် ပထမစာမျက်နှာဖြစ်ပါသည

Saturday, July 6, 2013

မင်းပြားမြို့နယ်အတွင်းဖမ်းဆီးရရှိသော ကျွဲခိုးဂိုဏ်းခေါင်းဆောင် မတာမိန်အား အမှုထဲမှ ထုတ်ပယ်ရန် ရဲတစ်ချို့ ကြိုးစားနေခြင်းများရှိနေ

Posted by Unknown On 6:58 PM

Arakan Events

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ဆင်ကြီးပြင်ကျေးရွာမှ ကျွဲ၊နွား ခိုးယူသော ဂိုဏ်းခေါင်းဆောင် မတာမီ ဆိုသူအား ယင်း အမှုထဲမှ ဆွဲထုတ်ရန်နှင့် အမှုထဲတွင်ပါဝင်မှုမရှိအောင် ပြုလုပ်နေခြင်းများ၊ကြိုးစားနေခြင်းများရှိနေကြောင်းသ တင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပန်းဇင်းမော်ကျေးရွာနေ ဦးဝေချမ်းအောင်၏ ကျွဲနှစ်ကောင် ပျောက်ဆုံးမှု ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသို့သွားရောက်တိုင်ကြားပြီးနောက် မတာမိန် အားထိုကျွဲ (၂)ကောင်ကိုလက်ခံထား ရှိပါက ပြန်ပေးရန် သွားရောက်ပြောကြားခဲ့ရာ မရှိကြောင်း၊လက်ခံထားရှိခြင်းမရှိဟုဆိုခဲ့သည်။
သို့သော်လည်း ဇွန်လ ပမထအပတ်တွင် အဆိုပါကျွဲနှစ်ကောင်အား သတ်ဖြတ်စားသောက်သော သတင်းအခိုင်အမာ ရရှိသဖြင့် မတာမီအားသွားရောက်ပြောကြားရာတွင် ငွေကျပ် ၄ သိန်းပြန်လျောပေးမည်ဟု သူခိုးများက ပြောကြောင်း နှင့် နှစ်ဘက်စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း ငွေကို ပေးချေခြင်းမရှိသဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် မင်းပြားရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းသိရသည်။
ယင်းအတွက် သက်ဆိုင်ရာမှ မတာမိန်အပါအ၀င် ကျွဲခိုးသူများအားလိုက်လံဖမ်းဆီးရာ ကာလီယာ၊ မမတ်နုရ်၊ ဆတ်ဂေါ်ရီ၊ ရော်ဘီရှာ၊ အိုမော်ရာလီ တို့ (၆)ဦးအားဖမ်းဆီးရရှိခဲ့သော်လည်း ကျန်တရားခံနှစ်ဦးဖြစ်သူ ရွှေလှမောင်၊ မောင်သာဒိုး တို့နှစ်ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားပြီး ယနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ဖမ်းဆီးတရားခံများအားစစ်ဆေးရာတွင် မတာမိန်သည် ငွေကြေးတတ်နိုင်သူ တစ်ဦးဖြစ်သဖြင့် မျက်နှာဖုံးစွပ်ထားပြီး ဘင်္ဂလီများအား ဖြစ်ချင်သည်များကို စေခိုင်းနေသော ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ခိုးယူထားသော ကျွဲနှစ်ကောင် အား မတာမိန်၏ ကျွဲများအတူ ရောနှောထားခဲ့ကြောင်း၊ သတ်ဖြတ်စားသောက်သောအခါတွင်လည်း မတာမိန်အား ကျွဲသား ၅ ပိဿာ ပေးခဲ့ရကြောင်း၊ မတာမိန်၏ အမိန့်ကြောင့် ရခိုင်တိုင်းရင်းသားများ၏ မည်သည့် ပစ္စည်းမဆို ဖျက်ဆီးရန်ကြံစဉ်နေကြခြင်းများရှိကြောင်း၊ မတာမိန်သည် သာလျင် အဓိက ညွှန်ကြားသူဖြစ် ကြောင်းများကိုလည်း ဖွင့်ချပြောဆိုလာခဲ့ကြကြောင်းသိရသည်။
ယင်းအတွက် မတာမိန်၏ မျက်နှာဖုံးစွပ်ထားခြင်းသည် အခုမှသာပေါ်လွင်နေခဲ့ကြောင်းသိရသည်။ သို့သော်လည်း ယင်းအမှုအပေါ်တွင် မတာမိန် မပါဝင်စေရန် ရဲများက ပယ်ထုတ်ရန်ကြိုးစားလျက်ရှိကြောင်းနှင့် အကယ်၍ မတာမိန် လွတ်မြောက်သွားပါက အဆိုပါကဲ့သို့ ကျွဲနွားများခိုးယူမှုအား ထပ်မံကျူလွန်နေဦးမည်ဖြစ်ပြီး ပြဿနာကို ပြန်လည် မွေးဖွားခြင်းများဖြစ်လာနိုင်ကြောင်း၊ ထိုက်သင့်သောပြစ်ဒဏ်ကို ချမှတ်ပေးမှသာ အခြားသော နောက်ဆက်တွဲပဋိပက္ခများကို ရှောင်ရှားရာရောက်မည်ဖြစ်ကြောင်းလည်း ဒေသခံများ မကျေမနပ်ပြောဆိုကြသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး မင်းပြားရဲစခန်းမှ ပြစ်မှုဆိုင်ရာဥဒေပုဒ်မ (ပ)---- ၃၇၉/၄၁၁ အရအမှုဖွင့်ထားကြောင်းသိရ သည်။ ထိုအမှုအား လာမည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် တရားရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
ကျွဲနွားများအား ခိုးရန်နှင့်ရခိုင်တိုင်းရင်းသားများ၏ ပစ္စည်းများ ပိုင်ဆိုင်မှုများကို အချိန်ရှိသမျှ ဖျက်ဆီးရန်တိုက်တွန်း သူ၊ သူခိုးဂိုဏ်းခေါင်းဆောင်အား ပြန်လွှတ်ပေးရန်စီစဉ်မည်ဆိုပါက မလိုလားအပ်သော ပြဿနာများထပ်မံဖြစ်ပွား လာနိုင်သဖြင့် ဥပဒေ ကြောင်းအရ အရေးယူဆောင်ရွက်သင့်ကြောင်းနှင့် တရားခံများ၏ဖြောင့်ချက်တွင်ပါဝင်သည့် အတိုင်း ခေါင်းဆောင်ဖြစ်နေခြင်းအား ပယ်ဖျက်မည်ဆိုပါက ပြဿနာများဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများ ကပြောဆိုသုံးသပ်ကြပါသည် ။


Monday, June 24, 2013

ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း ဖွင့်ပွဲအခန်းအနား(Arakan New Generation School)

Posted by Unknown On 2:45 AM

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ တေဇာရာမကျောင်း တိုက်၌ ရက္ခိတမျိုးဆက်သစ် ပရဟိတ ပညာသင်ကျောင်း ( Arakan New Generation School) ဖွင့်ပွဲအခန်းအနားကို ရက္ခအလင်းတန်းမှ ဦးစီးကျင်းပခဲ့ ပါသည်။

မင်းပြားမြို့၌ ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း (ANGS) ဖွင့်ပွဲ
အခန်းအနားကို ၂၃-၆-၂၀၁၃ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ အချိန်တွင် ရက္ခအလင်းတန်း(ဗဟို)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ (စစ်တွေ)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ(မင်းပြား)မှ တာဝန်ရှိ သူများ၊ ပရဟိတပညာသင်ကျောင်း နာယက (တေဇာရာမကျောင်းတိုက် ဆရာတော်ကြီး) ဦးညာဏသာမိနှင့် ဖိတ်ကြားထားသော ရဟန်း သင်္ဃာတော်များ၊ ပရဟိတကျောင်း အလုပ်အမှုဆောင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌနာဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုများ၊ ရခိုင့်နိုင်ငံရေး ပါတီနှင့် ရခိုင့် လူမှုအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း လူ(၃၀၀)ကျော်ခန့် တက်ရောက်ပြီး စည်
ကားသိုက်မြစ်စွာ ဖွင့်လှစ် ခဲ့ကြပါသည်။

ဤကျောင်းကို တေဇရာမ ဆရာတော်နှင့် မြို့သူမြို့သားအချို့မှ ဦးဆောင်ပြီး ၂၀၁၀ခုနှစ်မှ စတင်လျှက် တနိုင်တပိုင် ပျိုးထောင်ခပြီးဖြစ်ပါသည်။သို့သော် တနိုင်တပိုင်သာဖြစ်သောကြောင့် စာသင်ဝိုင်းအဆင့်မျှဖြင့်သာလည်ပတ်နိုင်ခဲ့ပြီး အဆင့်မှီ၊ တိုးတက်၊ ရည်ရှည်တည်တန့်ရေးအတွက်မူကား ပူးပေါင်းပါဝင်မှု အင်အားများ အမှန်ပင် လိုအပ်နေခဲ့ပါသည်။

သို့ဖြစ်ပါ၍ ရက္ခအလင်းတန်းအဖွဲ့မှ ၄င်းစာသင်ဝိုင်းအား Arakan New Generation School (ANGS) ဟု အမည်ပေးကာ ကျောင်းကော်မတီတရပ်ကို အခိုင်အမာဖွဲ့စည်း ပေးပြီး ၂၀၁၃/၁၄ ပညာသင်နှစ်အတွက် သိန်း(၃၀)ခန့် သင်ထောက်ကူပစ္စည်းများကို မတည်လှူဒါန်းလျှက် သင်ကြားမှုပိုင်း ဆိုင်ရာနန့် ရည်ရှည်တည်တန့် တိုးတက်ခိုင်မာရေး ကိစ္စရပ်များအတွက် ကိုပါ စနစ်တကျစီမံပြီး ၂၀၁၃ ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့ တွင် အောင်အောင်မြင်မြင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Friday, June 21, 2013

ရခိုင်အမျိုးသားကွန်ရက်မှ ANP ပါတီအား ပူးပေါင်းဝန်းရံမည်ဟု သိရ

Posted by Unknown On 10:48 PM

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ဇွန်လ ၁၇ ရက်နေ့က ရခိုင်အမျိုးသားပါတီ(ANP)အဖြစ် ပူးပေါင်းနိုင်ခဲ့ခြင်းအပေါ်ရခိုင်အမျိုးသား အကျိုးစီပွားအတွက် ရခိုင်အမျိုးသားကွန်ရက်(ANN)မှ ပူးပေါင်းဝန်းရံသွားမည်ဟု သိရသည်။
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်က " ဒီ ရခိုင်အမျိုးသားပါတီကို ၀န်းရံဖို့ဆိုတာက ကျနော်တို့ ကွန်ရက်နဲ့ ဆက်စပ်တဲ့ ရခိုင်အမျိုးသား ကာကွယ်ရေးနှင့် အကျိုးစီးပွားအတွက် တတ်နိုင်သလောက် ၀န်းရံသွားပါမယ်။ သူတို့ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေအတွက် ရှေးရှုပြီးတော့ အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဒီပါတီအပေါ်မှာ အဘက်ဘက်က တိုက်ခိုက်လာလို့ရှိရင် ကျနော်တို့ကတော့ ဝန်းရံဖို့ ကာကွယ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ သူတို့ရဲ့ နောက်မှာ ကျနော်တို့က အုပ်တချပ်သဲတပွင့်အဖြစ်နဲ့ မိမိတို့ တက်နိုင်တဲ့ဖက်က ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီပါတီအနေနဲ့ တခုခု အတိမ်းအစောင်းတွေ ဖြစ်သွားရင်လည်း ပြန်လည်တည့်မတ်ပေးဖို့ ကျနော်တို့က စဉ်းစားထားပါတယ်။ " ဟု ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်(ANN)မှ ရခိုင်ပါတီကြီးနှစ်ခု ရခိုင်အမျိုးသားပါတီ(ANP) အဖြစ် ပူးပေါင်းသွားခြင်းအပေါ်မှာ ရခိုင်ပြည်သူတရပ်လုံးနှင့်အတူ အထူးဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထောက်ခံကြိုဆိုသည့် သဘောထားတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

" ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျနော်တို့က အရင်ကတည်းက လိုလားပါတယ်။ ပူးပေါင်းသွားဖို့အတွက် ကျနော်တို့ကွန်ရက်အနေနဲ့ နှစ်ဖက်ပါတီစလုံးကို ပြောတာဆိုတာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ထပ်တူ ရခိုင်ပြည်သူတွေကလည်း ပူးပေါင်းဖို့အတွက် လိုလားနေတာဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အပေါ်မှာ ပါတီနှစ်ရပ်ပူးပေါင်းဖို့ဆိုတဲ့ အဆင့်ထိဖြစ်လာတာကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းကိုကြားရလို့ ကျနော်တို့က အရင်းဝမ်းသာပါတယ်။ " ဟု သူကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာထိ အဘက်ဘက်က ဆင်းရဲချွတ်ချုံကျနေသည့် အချိန်အခါမှာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဘ၀နှင့်ဆန္ဒအပေါ် အလေးထားပြီး ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့်လည်း စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ ရုန်းကန်လှုပ်ရှား ဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုးသားကွန်ရက်မှ ယုံကြည်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RNDP နှင့် ALD ပါတီတို့ ပူးပေါင်းဆောင်ရွက်၍ ပါတီတစ်ခုတည်းအဖြစ် ထူထောင်ခြင်းသည် ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံသမိုင်းမှာ ပထမဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ALD ဥက္ကဌ ဦးအေးသာအောင်က RFA မြန်မာပိုင်းတွင် ပြောကြားထားသည်။

Saturday, January 26, 2013

မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာမီးလောင်ပြင်အတွင်း ဘင်္ဂလီများအားနေရာပြန်လည်ချထားပေးသဖြင့် ရခိုင်များစိုးရိမ်နေ

Posted by Unknown On 8:40 AM

မီးလောင်ပြင်အတွင်း နေရာချထားဆောင်ရွက်ခြင်းမရှိရဟု ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော်လည်း မင်းပြားမြို့နယ်၊ သရက်အုပ်ကျေးရွာမီးလောင်ပြင်တွင် ဘင်္ဂလီများအား တင်းအဓမ္မ နေရာချထားပေးခြင်းမှာ မှား ယွင်းနေကြောင်းနှင့် ပန်းမြောင်းဒေသခံများစိုးရိမ်နေရကြောင်းသတင်းရရှိပါသည်။
ထိုသို့ မီးလောင်ပြင်အတွင်းနေရာချထားပေးခြင်းသည် ရခိုင်များနှင့်လွန်စွာနီးကပ်နေသော နေရာဖြစ်ခြင်းနှင့် လုံခြုံ ရေးအရ လုံးဝမသင့်တော်သောနေရာဖြစ်ကြောင်းလည်း ဒေသခံများကပြောပါသည်။ "မီးလောင်ပြင် ဘယ်သူမှ မကျူး ကျော်ရာဆိုပြီး ကုလားတွေကိုနေရာချထားပေးတာတော့ လုံးဝမသင့်တော်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြည်နယ်အစိုး ရက ထုတ်ပြန်ထားတာရှိပေမယ့် လိုက်နာမှုမရှိတာကိုလည်း တွေ့ရပါတယ်။ ဒါက အာဏာပိုင်တစ်ချို့ လုပ်တာလို့ သိရပါတယ်" ဟု ပန်းမြောင်းမှ ဒေသခံတစ်ဦးကရှင်းလင်းပြောဆိုခဲ့ပါသည်။
မူလက စပါးများရိတ်သိမ်းရန်အကြောင်းပြကာ ထိုနေရာတွင် တဲများထိုးပေးထားသော်လည်း ယခုအခါတွင် ကုလားများအနေဖြင့် အိမ်များဆောက်လုပ်နေကြပြီဖြစ်ကြောင်းလည်း ပြောပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးပြည် နယ် အစိုးရအဖွဲ့အားတင်ပြခြင်းမရှိဘဲ ဖုံးဖိထားခြင်းများဖြစ်နိုင်ကြောင်းနှင့် မကြာခင်ကာလတွင် မလိုလားအပ်သော ပြဿနာဖြစ်လာနိုင်ခြေရှိကြောင်းလည်း ဒေသခံများ ပြောပါသည်။
ယခုအချိန်ကာလသည် လူမျိုးစုနှစ်ခုအကြား တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုပျက်ပြားနေသောကာလဖြစ်သည့် အတွက် ထိုသို့ နီးကပ်စွာ ထားရှိခြင်းသည် လွန်စွာ စိုးရိမ်စရာရှိကြောင်းလည်းသိရသည်။ သရက်အုပ်ရွာသားများ သည် ၄င်းတို့၏နေအိမ်များအား မီးရှို့ကာထွက်ပြေးခြင်းဖြစ်ကြောင်း၊ ယခင်တာဝန်ယူထားသော စခန်းမှူးကိုယ်တိုင် အစိုးရအဖွဲ့သို့ အစီရင်ခံခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း ယင်းကိစ္စအား မတရားစွပ်စွဲကာ ရခိုင်တိုင်းရင်း သားများစွာကို ဖမ်းဆီးရန် စခန်းမှူးအသစ်မှ ကြိုးပန်းခဲ့ကြောင်းလည်းသိရသည်။
ထို့ကြောင့် သရက်အုပ်ကျေးရွာအတွင်း ကျူးကျော်နေထိုင်သူများအား အစိုးရအနေဖြင့် ဖယ်ရှားပေးသင့်ကြောင်း လည်း ဒေသခံများ က ပြောဆိုကြပါသည်

Friday, January 25, 2013

Citizen Journalist and Online Media ရက်တိုသင်တန်း

Posted by Unknown On 9:26 AM

ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ လူငယ်လူရွယ်များအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ပြည်တွင်းဂျာနယ်များတွင် လက်ရှိသတင်းများရေးသားနေသော ဂျာနယ်လစ်များမှ Citizen Journalist နှင့် Online Media အသုံးပြုမှုများကို မီဒီယာကျင့်ဝတ်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီရေးသားနိုင်ကြစေရန် (၄)ရက်ကြာ ရက်တိုသင်တန်းအဖြစ် မင်းပြားမြို့တွင် ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ (Citizen Journalist)နှင့် (Online Media) ရက်တိုသင်တန်းကို ဇန္နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၄င်းမြို့ရှိ ဓမ္မာရုံ ဓမ္မသုခေသီဆောင်တွင် သင်တန်းပြုလုပ်လျှက်ရှိသည်ကို သိရသသည်။ သင်တန်းနှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်ကမေးမြန်းရာ " ဒီသင်တန်းကိုပြုလုပ်ရတာကတော့ မီဒီယာ(Media)ဆိုတာ ဘယ်လောက်ထိအရေးပါသလဲ၊ အရေးကြီးသလဲပေါ့။ ပြီးတော့အစိုးရနဲ့ပြည်သူတွေကြားမှာ သတင်းအချက်အလက်တွေ ဆက်စပ်မိအောင် ပေါင်းကူးတံတားသဖွယ် ဖြစ်စေချင်တယ်။ နောက်တစ်ခုက မီဒီယာတွေအပေါ်မှာ တချို့လူတွေက အထင်လွဲအမြင်လွဲဖြစ်နေကြတယ်။ အဲဒီလိုအထင်လွဲ အမြင်လွဲတာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့နဲ့ ဒေသခံလူတွေရဲ့ အသိပညာအတတ်ပညာ တိုးပွားလာနိုင်အောင် ရွယ်ရည်ပြီးတော့ ဖွင့်ရတာဖြစ်ပါတယ်။ " ဟု သင်တန်းဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူ မတင်တင်သွယ်က ပြောသည်။ အဆိုပါသင်တန်းတွင် " ပွင့်သစ်တမန်းသားက မီဒီယာပိုင်းဆိုင်ရာနှင့် သတင်းရေးသားပုံ၊ သတင်း၏အရေးပါပုံ " ကိုထွန်းလင်းအောင်က "သတင်းပညာရပ်တွင် ကင်မရာ၏အရေးပါပုံ " နှင့် ကိုအောင်ကျော်ဝင်းမှ " IT (Information Technology) နည်းပညာနှင့် ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာဗဟုသုတများ " စသည့် တာဝန်အသီးသီးဖြင့် ပို့ချသွားမည်ဖြစ်ကြောင်း မတင်တင်သွယ်က ဆက်လက်ပြောကြားခဲ့သည်။ ကွန်ပျူတာမှာ သိထားသင့်သည့် အချက်အလက်များနဲ့ ပတ်သက်ပြီး ကိုအောင်ကျော်ဝင်းက " ကျနော်မနေ့က IT လို့ခေါ်တဲ့ သတင်းအချက်လက်နဲ့ နည်းပညာပိုင်းကို သတင်းနည်းပညာမှာ ဘယ်လိုအသုံးချမလဲဆိုတာကို သင်ပေးခဲ့ပါတယ်။ ဒီလိုသင်ပေးတဲ့အခါမှာ သင်တန်းသားတွေက အရမ်းကိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အပြန်အလှန်ဆွေးနွေးတာတွေ တောင်းဆိုချက်တွေ လေးရှိပါတယ်။ ဒါပေမယ့်သင်တန်းကာလ အချိန်နည်းတဲ့အတွက် အားမလိုအားမရဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မတန်ကျယ်ပြန့်လှတဲ့ နည်းပညာတွေကို တစ်ရက်တည်းနဲ့ပြောပြရတဲ့အတွက် အားရကျေနပ်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ " ဟုအာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။Min Par ထို့အပြင် သင်တန်းသားတစ်ဦးဖြစ်သူကို ကောင်းမြတ်ကျော်က " ဒီသင်တန်းမှာတော့ ကွန်ပျူတာသုံးတတ်တဲ့ သူလည်းပါတယ်၊ မသုံးတတ်သူလည်းပါတယ်။ မသုံးတတ်သူအတွက်ကတော့ ကျွန်ပျူတာကို ဘယ်လိုသုံးရမလဲဆိုတာကို သိသွားတာပေါ့။ နည်းပညာတွေကို အင်တာနက် (Internet)မှာ ဘယ်လိုမျှဝေမလဲ။ သတင်းတွေကို သတင်းဌာတွေဆီ ဘယ်လိုပို့ရမလဲပေါ့။ အဲဒါတွေကို တော့ရလိုက်ပါတယ်။ သင်တန်းပြပေးတဲ့ ဆရာတွေအပေါ်မှာလည်း အချိန်နည်းပေမယ့်အားရ ကျေနပ်မှုတော့ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ဝေးကနေပြီးတော့ တကူးတက လာရောက်သင်ပေးတယ်ဆိုကတည်းက သူတို့ကိုလေးစားမိပါတယ်။ ကျေးဇူးလေးတင်ပါတယ်။ ဒီလိုမျိုးဆရာတွေက ကျနော်တို့ကို မျှဝေပေးသလို ကျနော်တို့လည်းဆရာတွေနဲ့ ထပ်တူထပ်မျှ ကိုယ်အနီးအနားမှာရှိသူတွေကို မျှဝေပေးသွားမယ်လို့ပြောချင်ပါတယ်။ " ဟုအာရ်ကန်တိုင်းမ်စ်အား ပြောသည်။ ယခုကဲ့သို့ သတင်းအတတ်ပညာ သင်တန်းများအား မင်းပြားမြို့တွင်သာမကဘဲ ရခိုင်ပြည်အနှံ့မှဒေသခံများတွင် ပြုလုပ်ရန်ဖိတ်ခေါ်မည်ဆိုပါက အခမဲ့သွားရောက်သင်တန်းပေးရန် အဆင်သင့်ရှိနေကြောင်း IT ဆရာကိုအောင်ကျော်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀) တက်ရောက်ရာ မင်းပြားဒေသမှ လူငယ်များအပါဝင် အစိုးရဌာနမှဝန်ထမ်းတစ်ချို့လည်း သင်တန်းသားအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။


Saturday, October 20, 2012

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်

Posted by Unknown On 2:07 AM

မောင်အေး
ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
ဆန္ဒပြသူများသည် အိုအိုင်စီ အလိုမရှိ ဟု ရေးသားထားသော တီရှပ် အကျီများကို ဆင်တူ ၀တ်ဆင် ထားကြပြီး “ရခိုင်ပြည်တွင် OIC NO အလို မရှိ။ စစ်တွေ- ရန်ကုန်ကားလမ်း နဘေးမှ ဘင်္ဂလီရွာများကို ရွှေ့ပြောင်း ပေးပါ ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုရာကျော်က ပြောသည်။
“ အိုအိုင်စီ မွတ်ဆလင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့ထားတာ။ သူတို့ဝင်လာရင် ရခိုင်ပြည် ပျက်မယ်။ ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီဘင်္ဂလီရွာတွေကတော့ စစ်တွေ- ရန်ကုန်ကားလမ်း ဘေးမှာ ရှိနေတော့ ခရီးသွားတဲ့ ကားတွေကို နှောင့်ယှက်တာတို့ တားဆီးတာတို့ ဂဲတွေနဲ့ ပစ်တာတော့ ရှိတယ်။ ဒါကြောင့် ကားလမ်းဘေးက ရွှေ့ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အခုလက်ရှိတွင်လည်း ကားလမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ခရီးသွားကားများအား တိုက်ခိုက်မူများ ရှိပါသလားဟု မေးမြန်းရာ ယခုအခါ မရှိတော့ကြောင်း၊ သို့သော် လွန်ခဲ့သော လအထိ ယခုလို နှောင့်ယှက် တားဆီးမူများ ရှိခဲ့ကြောင်း ပြောဆိုသည်။
ဆန္ဒပြပွဲကို မင်းပြားမြို့ ဈေးဟောင်းပိုင်း ကမ်းနားလမ်းရှိ ဓမ္မာရုံမှစတင်ပြီး မြောင်းဘွေလမ်း၊ ဥက္ကာ ပျံလမ်း၊ တရားရုံးလမ်း၊ ရဲစခန်းရှေ့နှင့် ဦးကျော်ဦးလမ်းအတိုင်း ချီတက်ပြီး ဆန္ဒပြပြီး   ဓမ္မာရုံ သို့ပြန်လှည့်လာကာ ဟောပြောပွဲလုပ်ပြီး အဆုံးသတ်ခဲ့ကြသည်ဟု ပြောသည်။
ဆန္ဒပြပွဲကို လက်နက် မပါသော ယူနီဖေါင်းဝတ် ရဲတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ရအောင် ထိန်းသိမ်းပေးခဲ့သည်ဟု သိရှိရသည်။

Saturday, September 29, 2012

ဘင်္ဂါလီများကို ပြောင်းရွေ့မည်ဟု ရခိုင်ဝန်ကြီးချုပ် ကတိပေး

Posted by Unknown On 5:41 AM

ရခိုင် ကလေးငယ်တစ်ယောက်ကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂါလီများ သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲသဖြင့် စစ်တွေမြို့တွင် အခြေအနေများတင်းမှာခဲ့ရာ ယင်းသို့ ထပ်မံ တင်းမာမှုများ ထပ်မံ မဖြစ်ပွါးစေရန် အင်ပါလာ ရပ်ကွက်မှ ဘင်္ဂါလီများကို အခြားတစ်နေရာသို့ ပြောင်းရွေ့ပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံဃာတော်များကို ကတိပြုပြောကြားခဲ့ကြောင်း Eleven Media Group တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်က သံဃာတော်များကို ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့် ရခိုင်တိုင်း ရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေါ်က်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ယင်းသို့ ကတိပြုပြောကြားလိုက်ပြီးနောက်
သံဃာတော်များက ဒေသခံ ရခိုင်တိုင်းရင်းသားများကို လူစုခွဲရန်နှင့် မေတ္တာရပ်ခံခဲ့သဖြင့် မနေ့က ည ၇နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း ယင်းတွင်ဖော်ပြထားသည်။

ဓါတ်ပုံ - Eleven Media Group

စစ်တွေတွင် အခြေအနေတင်းမာမှု မြင်ကွင်း

Monday, September 17, 2012

ဘင်္ဂါလီကုလားများ ရခိုင်တောင်သူလယ်သမားများ၏ စပါးခင်းများအား ၀င်ရောက်ဖျက်ဆီး

Posted by Unknown On 6:05 AM

၁၆-၉-၂၀၁၂ နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ(ရခိုင်)ကျေးရွာရှိ လယ်ပိုင်ရှင် ဦးမောင်ဇံဖြူ၊ ဦးမောင်တင်သိန်းချေ နှင့် ဦးမျိုးထွ
န်း တို့(၃)ဦးပိုင်ဆိုင်သော လယ်မြေ (၁)ဧက၊ ကွင်အမှတ်(၆၅-က) အတွင်းရှိ မိုးစပါးပင်များကို နဂရာပေါက်တော(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာယု (ဘ)ဦးကျော်သိန်း၊ အသက်(၃၀)နှစ်၊ လာလင်း (ဘ)ဦးအဒူကာလီ၊ အသက်(၂၉)နှစ်တို့သည် နောက်ပါ (၂)ဦး၊ စုစုပေါင်း(၄)ဦးသည် ကွင်းအမှတ် (၆၅-က)အတွင်းစိုက်ပျိုးထားသည့် မိုးစပါးပင်များအား ၀င်ရောက်ဖျက်ဆီးနေသည်ဟုသတင်းရရှိပါသဖြင့် ရွာသား(၃)ဦးနှင့်အတူ တပ်မတော်သား(၂)ဦးတို့ သည် (၁၁း၀၀)နာရီအချိန်တွင် နဂရာပေါက်တော (မွတ်ဆလင်)ကျေးရွာနေ မာမောက်တာယုနှင့် အပေါင်းပါ(၃)ဦးတို့အား သွားရောက်ဖမ်းဆီးခဲ့ပါသည်။
ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် စပါးဖူးပွင့်သီးချိန်အတွင်း ယခုလို ဖျက်ဆီး ရိုက်သိမ်းခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပွားရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူလယ်သမားများအနေဖြင့် စပါးခင်းအတွင်း ၀င်ရောက်ဖျက်ဆီးသူများ အား ဥပဒေကြောင်းအရ တရားစွဲဆိုသွားရန်ဆန္ဒရှိပါသော်လည်း ငွေကြေးအလွန်အကျွံကုန်ကျမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း လုံခြုံမှုအားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တရားစွဲဆိုရာ တွင်လည်း ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မှာစိုးရိမ်သဖြင့် ဆက်လက်မဆောင်ရွက်နိုင်ဘဲ ကျူးကျော်သူတို့၏ ရန်စစော်ကားမှုများကို ခါးသီးစွာခံစားနေရပါသည်။
Photo: ''ဘင်္ဂါလီကုလားများ ရခိုင်တောင်သူလယ်သမားများ၏ စပါးခင်းများအား ၀င်ရောက်ဖျက်ဆီး''

၁၆-၉-၂၀၁၂ နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ(ရခိုင်)ကျေးရွာရှိ လယ်ပိုင်ရှင် ဦးမောင်ဇံဖြူ၊ ဦးမောင်တင်သိန်းချေ နှင့် ဦးမျိုးထွန်း တို့(၃)ဦးပိုင်ဆိုင်သော လယ်မြေ (၁)ဧက၊ ကွင်အမှတ်(၆၅-က) အတွင်းရှိ မိုးစပါးပင်များကို နဂရာပေါက်တော(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာယု (ဘ)ဦးကျော်သိန်း၊ အသက်(၃၀)နှစ်၊ လာလင်း (ဘ)ဦးအဒူကာလီ၊ အသက်(၂၉)နှစ်တို့သည် နောက်ပါ (၂)ဦး၊ စုစုပေါင်း(၄)ဦးသည် ကွင်းအမှတ် (၆၅-က)အတွင်းစိုက်ပျိုးထားသည့် မိုးစပါးပင်များအား ၀င်ရောက်ဖျက်ဆီးနေသည်ဟုသတင်းရရှိပါသဖြင့် ရွာသား(၃)ဦးနှင့်အတူ တပ်မတော်သား(၂)ဦးတို့ သည် (၁၁း၀၀)နာရီအချိန်တွင် နဂရာပေါက်တော (မွတ်ဆလင်)ကျေးရွာနေ မာမောက်တာယုနှင့် အပေါင်းပါ(၃)ဦးတို့အား သွားရောက်ဖမ်းဆီးခဲ့ပါသည်။
ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် စပါးဖူးပွင့်သီးချိန်အတွင်း ယခုလို ဖျက်ဆီး ရိုက်သိမ်းခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပွားရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူလယ်သမားများအနေဖြင့် စပါးခင်းအတွင်း ၀င်ရောက်ဖျက်ဆီးသူများ အား ဥပဒေကြောင်းအရ တရားစွဲဆိုသွားရန်ဆန္ဒရှိပါသော်လည်း ငွေကြေးအလွန်အကျွံကုန်ကျမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင်လည်း လုံခြုံမှုအားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တရားစွဲဆိုရာ တွင်လည်း ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မှာစိုးရိမ်သဖြင့် ဆက်လက်မဆောင်ရွက်နိုင်ဘဲ ကျူးကျော်သူတို့၏ ရန်စစော်ကားမှုများကို ခါးသီးစွာခံစားနေရပါသည်။

မင်းပြားမှာ နွားများပျောက်ဆုံး

Posted by Unknown On 6:04 AM

၂၇-၈-၂၀၁၂ နေ့ ည(၈)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ သောင်းခုံမော်ကျေးရွာမှ ဦးမောင်လှ ပိုင် နွား(၁)ကောင်ကို စမ္ဘလေ(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာခတ် ပါ(၃)ဦးခိုးယူစဉ် ကျေးရွာမှ ၀ိုင်းဝန်းဖမ်းဆီးရာ မာမောက်တာခတ်အားဖမ်းဆီးရမိပြီး ကျန်(၂)ဦးမှာ ထွက
်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ အဆိုပါကိစ္စအား သက်ဆိုင်ရာ မင်းပြားမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သို့ တိုင်ချက်ဖွင့်ပြီး မြို့နယ်တရားရုံးသို့ အမှုဖွင့်ထားကြောင်းသိရှိရ။
ကုလား-ရခိုင်အဓိဂရုန်းဖြစ်ပြီးပြီးနောက် မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လုံခြုံရေးချထားမှုအားနည်းနေခြင်းကြောင်း မွတ်ဆလင်ကုလားရွာများနှင့်နီးစပ်သည့် ရခိုင်ကျေးရွာများတွင် ကျွဲ/နွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါသည်။
Photo: ၂၇-၈-၂၀၁၂ နေ့ ည(၈)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ သောင်းခုံမော်ကျေးရွာမှ ဦးမောင်လှ ပိုင် နွား(၁)ကောင်ကို စမ္ဘလေ(မွတ်ဆလင်)ကျေးရွာမှ မာမောက်တာခတ် ပါ(၃)ဦးခိုးယူစဉ် ကျေးရွာမှ ၀ိုင်းဝန်းဖမ်းဆီးရာ မာမောက်တာခတ်အားဖမ်းဆီးရမိပြီး ကျန်(၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ အဆိုပါကိစ္စအား သက်ဆိုင်ရာ မင်းပြားမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သို့ တိုင်ချက်ဖွင့်ပြီး မြို့နယ်တရားရုံးသို့ အမှုဖွင့်ထားကြောင်းသိရှိရ။
ကုလား-ရခိုင်အဓိဂရုန်းဖြစ်ပြီးပြီးနောက် မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လုံခြုံရေးချထားမှုအားနည်းနေခြင်းကြောင်း မွတ်ဆလင်ကုလားရွာများနှင့်နီးစပ်သည့် ရခိုင်ကျေးရွာများတွင် ကျွဲ/နွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါသည်။