Monday, June 24, 2013

ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း ဖွင့်ပွဲအခန်းအနား(Arakan New Generation School)

Posted by Unknown On 2:45 AM

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ တေဇာရာမကျောင်း တိုက်၌ ရက္ခိတမျိုးဆက်သစ် ပရဟိတ ပညာသင်ကျောင်း ( Arakan New Generation School) ဖွင့်ပွဲအခန်းအနားကို ရက္ခအလင်းတန်းမှ ဦးစီးကျင်းပခဲ့ ပါသည်။

မင်းပြားမြို့၌ ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း (ANGS) ဖွင့်ပွဲ
အခန်းအနားကို ၂၃-၆-၂၀၁၃ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ အချိန်တွင် ရက္ခအလင်းတန်း(ဗဟို)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ (စစ်တွေ)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ(မင်းပြား)မှ တာဝန်ရှိ သူများ၊ ပရဟိတပညာသင်ကျောင်း နာယက (တေဇာရာမကျောင်းတိုက် ဆရာတော်ကြီး) ဦးညာဏသာမိနှင့် ဖိတ်ကြားထားသော ရဟန်း သင်္ဃာတော်များ၊ ပရဟိတကျောင်း အလုပ်အမှုဆောင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌနာဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုများ၊ ရခိုင့်နိုင်ငံရေး ပါတီနှင့် ရခိုင့် လူမှုအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း လူ(၃၀၀)ကျော်ခန့် တက်ရောက်ပြီး စည်
ကားသိုက်မြစ်စွာ ဖွင့်လှစ် ခဲ့ကြပါသည်။

ဤကျောင်းကို တေဇရာမ ဆရာတော်နှင့် မြို့သူမြို့သားအချို့မှ ဦးဆောင်ပြီး ၂၀၁၀ခုနှစ်မှ စတင်လျှက် တနိုင်တပိုင် ပျိုးထောင်ခပြီးဖြစ်ပါသည်။သို့သော် တနိုင်တပိုင်သာဖြစ်သောကြောင့် စာသင်ဝိုင်းအဆင့်မျှဖြင့်သာလည်ပတ်နိုင်ခဲ့ပြီး အဆင့်မှီ၊ တိုးတက်၊ ရည်ရှည်တည်တန့်ရေးအတွက်မူကား ပူးပေါင်းပါဝင်မှု အင်အားများ အမှန်ပင် လိုအပ်နေခဲ့ပါသည်။

သို့ဖြစ်ပါ၍ ရက္ခအလင်းတန်းအဖွဲ့မှ ၄င်းစာသင်ဝိုင်းအား Arakan New Generation School (ANGS) ဟု အမည်ပေးကာ ကျောင်းကော်မတီတရပ်ကို အခိုင်အမာဖွဲ့စည်း ပေးပြီး ၂၀၁၃/၁၄ ပညာသင်နှစ်အတွက် သိန်း(၃၀)ခန့် သင်ထောက်ကူပစ္စည်းများကို မတည်လှူဒါန်းလျှက် သင်ကြားမှုပိုင်း ဆိုင်ရာနန့် ရည်ရှည်တည်တန့် တိုးတက်ခိုင်မာရေး ကိစ္စရပ်များအတွက် ကိုပါ စနစ်တကျစီမံပြီး ၂၀၁၃ ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့ တွင် အောင်အောင်မြင်မြင် ဖွင့်လှစ်ပေးခဲ့ပါသည်။