Friday, May 25, 2012

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးထံပေးစာ

Posted by Unknown On 8:44 PM

သို./
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန်.ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို. ရခိုင်ပြည်၌ မြစ်ကြီး လေးသွယ်ရှိတဲ့ အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအား လျှပ်စစ် စီမံကိန်း ပြုလုပ်နေပါသည်။ ကျွန်တော်တို့သည် ၄င်းလေးမြို့ မြစ်ရေဖြင့် သုံးစွဲ ချက်ပြုတ်ကြရပြီး ၊ ၄င်းမြစ် ပတ်ဝန်းကျင်တွင်လည်း လယ်မြေ ၊ ယာမြေ၊ ကိုင်း အစရှိသည်တို့ကို ပြုလုပ်ပြီး အသက်မွေး ၀မ်းကျောင်းမှုကို လုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၄င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါး အတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချ စားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့ မြစ် ရေအား လျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင့် တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ်ညမ်းခြင်း ၊ သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ့ ငါးများ မြစ်ရေ ညစ်ညမ်းမှုဖြင့် အလိုအလျောက် သေခြင်း များဆက်လက်ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ၄င်းအပြင် မြစ်ကမ်းနဘေးမှ ရွာများမှာလဲ ၄င်းလေးမြို.မြစ်ရေကို သုံးစွဲမိကြသဖြင်. ကျန်းမာရေးများလည်း ထိခိုက်လျက် ရှိနေကြပါတယ်။ ၄င်းအပြင် ထိုလေးမြို.မြစ်၏ ဘေးဘယ်ညာ တစ်ဘက် တစ်ချက်တွင်လဲ ၄င်းလေးမြို့ မြစ်က ရေကို အမှီသဟဲပြု၍ လယ်မြေ ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုး စားသောက်၍ ရရှိမည့် နည်းလမ်းများလည်း အလွန် နည်းနေလျှက်ရှိနေပါတယ်။ ၄င်းမြစ်ရေကို အမှီပြုရျ လုပ်ကိုင် စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။ အကယ်၍ ဒီလေးမြို့ မြစ် စီမံကိန်းဖြစ်ပေါ် လာခဲ.လျှင်လည်း ကျွန်ာတော်တို.ရခိုင်ပြည်ရှိလေးမြို.မြစ်ပတ်ဝန်းကျင်တွင် နေထိုင် လုပ်ကိုင် စားသောက်လျှက်ရှိကြသော ပြည်သူများမှာလဲ အလုပ်လက်မဲ့ ဦးရေ ဒီထက် နှစ်ဆတိုးကာ ဆင်းရဲ ကျပ်တည်း မှု များစွာနဲ့ ရင်ဆိုင်ရမည့် အရေးနဲ့ ကြုံကြိုက်နေရပါသောကြောင်. သနား ညှာတာ ထောက်ထား စွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန်.ပေးပါရန် ရိုသေ လေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန် အားမေတ္တာရပ်ခံ တောင်းဆိုသမှု ပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူး တင်ပါတယ်။

တက်တိုးမောင် - မြောက်ဦးမြို. ၊ ရခိုင်ပြည်။