Sunday, February 26, 2012

မင်းပြားတခွင် ကျိန်းတော်ရှင်

Posted by Unknown On 2:43 AM

skd_mptk

မင်းပြားမြို့နယ် ဖြစ်စိုင် သမိုင်း

Posted by Unknown On 2:33 AM

mb_hist

Saturday, February 11, 2012

ဗိုလ်ရာဇာကျဆုံးရေနိန့်အထိမ်းအမှတ် ရက္ခအလင်းတန်းက ထုတ်ပြန်ရေထုတ်ပြန်ချက်

Posted by Unknown On 3:11 AM

ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာကျဆုံးရေနိန့်ဆိုကေ ဒေ ဖေဖေါ်ဝါရီလ ၁၁ ရက်နိန်ရေ ၁၄- နှစ်မြောက် ဗိုလ်ရာဇာကျဆုံးရေ နိန့်ဖြိုက်ပါရေ။ အိန္ဒိယစစ်တပ်က အင်ဒမန်ကျွန်းမှာ ၁၉၉၈-ခုနှစ်က လုပ်ကြံသတ်ဖြတ်လိုက်တေ ရခိုင့်မျိုးချစ်တော်လှန်ရေးသမားတစ်ယောက်ဖြိုက်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးရေနိန့် အတွက် ရက္ခအလင်းတန်းလူငယ်အဖွဲ့ ပြည်တွင်းကနိန်ပြီးနာ ဒေဂုပိုင် ထုတ်ပြန်ချက်တစောင်ထုတ်ပြန် လိုက်ပါရေ။

သံတွဲမြို့မဈီး(ဒွါရာဝတီဈီး) မီးလောင်

Posted by Unknown On 3:09 AM



ရခိုင်ပြည်နယ် သံတွဲမြို့ ရှိ မြို့မဈီးကြီး-ဒွါရာဝတီဈီးတွင် ဒေနိန့် ၂၀၁၂-ခု ဖေဖေါ်ဝါရီလ မိုးထပိုင်း ၅-နာရီမှာ မီးတစ်ခုလောင်ရေလို့ လေးဝတီက သတင်းရရှိပါရေ။ ဈီးတခုလုံး လောင်ကျွမ်းလားဗျာလ်ဖြစ်ကြောင်း သတင်း ရရှိပါရေ။ မီးစတင်လောင်ကျွမ်းစော်က ငါးဈီးတန်း အပြင်ဖက်က ဝါယာရှော့ဖြိုက်စော်ကနိန်ပြီးကေ စလောင်ပြီးနာ ဈီးတစ်ခုလုံးကို ကူးလားစော်ဖြိုက်ပါရေ။ မီးလောင်နိန်ရေအချိန်နောက်ကျမှ ရောက်လာရေ မီးသတ်ကားသုံးစီးရေ မီးအရှိန်ပြင်းရေအတွက် အဝီးကရာ မီးသတ်ပိုက်တိနန့် သတ်ကေလည်း မိုးထက်ဖက် ၇- နာရီနီးပါးထိ မီးမသီနိုင်သိမ့်လို့လည်းသိရပါရေ။ ဈီးထဲမှာဟိရေ လက်လုပ်လက်စား စားကုန်ဆိုင်တိ၊ အထည်ဆိုင်တိ၊ ရတနာပစ္စည်းရောင်းရေဆိုင်တိ၊ ဆီးပစ္စည်းရောင်းရေဆိုင်တိ အားလုံးပါလားရေ လို့ လေးဝတီက သတင်းရရှိပါရေ။

မီးရေ တိုက်မီးလား၊ မဟုတ်ဘဲနန့် အလိုလိုလောင်စော်လားဆိုစော်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း အရေး ယူလားဖို့လို လေးဝတီက ထပ်မံသိရှိရပါရေ။ ဈီးတစ်ခုလုံးဆုံးရှုံးမှုရေ လွန်ခရေ ၂၀၁၁ခု နိုဝင်္ဘလာ ၁၂-ရက် နိန့် လောင်လားခရေ မင်းပြားဈီးမီးလောင်စော်ထက် ပိုများရေလို့ သံတွဲမြို့ ငါးပွဲရုံပိုင်ရှင်တစ်ယောက် က လေးဝတီကို ပြောပါရေ။


ရခိုင်ပြည်မှာ မီးလောင်စော်ရေ ဒေနှစ် မြန်မာနိုင်ငံမီးလောင်ရေအမှုကို စရင်းကောက်ယူလိုက်ဖို့ဆိုကေ ရခိုင်ပြည်စော် စံချိန်တင်ရေအဆင်ဝင်လီပါဖို့။ သဘာဝရီဘေးတိ၊ လီဘေးတိ၊ မီးအန္တရာယ်တိစော်ရေ ရခိုင်ပြည် ကို အလုံးလိုက်အပြုံလိုက်ဝင်နိန်ကတ်တေပိုင် ရခိုင်ပြည်သူပြည်သားတိ တွိ့ကြံနိန်ရပါရေ။ ဒေ ၂၀၁၂-မှာ ဇန်နဝါရီလ ၃၀-ရက်နိန့်မှာ တောင်ကုတ်ဈီးမီးကြောင့်လည်း တောင်ကုတ်မြို့ခံတိ ဆုံးရှုံးနစ်နာမှုတိ အများကြီးကြုံတိခကတ်ပါရေ။ ယင်းအတွက်နန့် ဒေမီးတိ ဆက်တိုက်လောင်နိန်စော်ရေ သင်္ခါမကင်း ဖြိုက်စရာ တိ တွိ့နိန်ရပါရေ။ တိုက်ဆိုင်မှုလား၊ လူတိုက်စော်လားဆိုစော်ကိုတော့ခါ ကာယာကံရှင်တိ အသိဆုံးဖြိုက်ပါ လိမ့်မေ။

ဒေနိန့် ၂၀၁၁-ခုနှစ်က ၂၀၁၂-ခု ဖေဖေါ်ဝါရီလ ၁၁-ရက်ထိ ရခိုင်ပြည်မီးလောင်ကျွမ်းမှုစာရင်း

စဉ်
ရက်စွဲ
မြို့နယ်
ဆုံးရှုံးမှု
၁။
၁၁၊၂၊၂၀၁၂
သံတွဲမြို့နယ်
စုံစမ်းဆဲ
၂။
၃၀၊၁၊၂၀၁၂
တောင်ကုတ်မြို့နယ်
ဈီးဆိုင် ၁၂-ဆိုင်
၃။
၁၄၊၁၊၂၀၁၂
မောင်တောမြို့နယ်
စုံစမ်းဆဲ
၎။
၂၇၊၁၊၂၀၁၂
ဘူးသီးတောင်မြို့နယ်
စုံစမ်းဆဲ
၅။
၁၊၁၁၊၂၀၁၁
ရမ်းဗြဲမြို့
အိမ်ခြီ ၉၂-ဆောင်
၆။
၁၂၊၁၁၊၂၀၁၁
မင်းပြားမြို့နယ်
ဆိုင်ခန်း ၁၂၇၂ -ခန်း
၇။
၁၄၊၁၁၊၂၀၁၁
မင်းပြားမြို့နယ်
အိမ်ခြီ ၁-ဆောင်
၈။
၁၄၊၁၁၊၂၀၁၁
မြောက်ဦးမြို့နယ်
ဗီဒီယိုရုံ ၄-ရုံ၊ အိမ်ခြီ ၆-ဆောင်
၉။
၁၈၊၁၁၊၂၀၁၁
မြေပုံမြို့နယ်
အိမ်ခြီ ၁၅၆-ဆောင်
၁၀။
၁၈၊၁၁၊၂၀၁၁
မောင်တောမြို့နယ်
ဆိုင်ခန်း ၁၃၁-ခန်း၊ အိမ်ခြီ ၃-ဆောင်
၁၂။
၂၀၊၁၁၊၂၀၁၂
စစ်တွေမြို့နယ်
အိမ်ဆိုင်(စတိုးဆိုင်) ၁ ဆိုင်

Thursday, February 2, 2012

Villagers Fear Arrest after Refusing to Pay Paddy to Army

Posted by Unknown On 8:51 PM

Minbya: The villagers from Palaypauk (Balipauk) Village in Minbya Township in Arakan State are in fear of arrest after being threatened by the army because they were unwilling to sacrifice their paddy harvests which are charged by the army as rent for their confiscated farmlands.


handmade-rice-Arakan
One of the villagers told Narinjara that the Military Operation Command or Sa-Ka-Kha (9) based in nearby Kyauktaw Township has threatened to arrest the villagers because they were hiding when the army personnel came to collect paddy from them.

“The army personnel from Sa-Ka-Kha (9) led by Major Ne Win and Corporal Ar Jone came to our village on the 31st of January to collect paddy from us. All the villagers were hiding when they came. After this they went to the village monastery and informed the monk of the monastery that they would arrest us if we do not pay the paddy to them”, said the villager.

Palaypauk Village is situated in the place where Minbya and Pauktaw Townships meet in north eastern Arakan State. According to the villagers, the Sa-Ka-Kha (9) has forcibly confiscated over 300 acres of paddy farmlands that were owned by the villagers, and have then been leasing the lands back to the owners with a rent of 25 baskets of paddy per acre.

“The army personnel even picked a quarrel with the monk as the monk requested they spare the villagers the rent this year. The monk told them the paddy harvest in the village was very poor this year, and the villagers are very poor, and then they asked the monk if he would pay, or who would pay 40,000 baskets of paddy that the government has ordered them to annually contribute to the state”, said the villager.

According to the source, there are only two villages in the Palaypauk Village Group namely Palaypauk and Dokekanlae, and the army have been annually collecting 15,000 baskets of paddy harvests—9,000 baskets from Palaypauk and 6,000 baskets from Dokekanlae—since it confiscated the farmlands from those villages.

“We villagers here are very poor farmers who are mainly living on the traditional paddy farming and we have been facing a lot of trouble in our livelihood since we have had to pay our harvests to the army. That is why we are unwilling to pay our harvests anymore, and we have recently written an appeal to the President U Thein Sein”, said the villager.

The villager said they are worrying about arrest by the army, as the army personnel have informed them that they would come again on 5 February threatening they would take action against those who fail to pay the paddy to them on that day.

စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ

Posted by Unknown On 8:45 PM

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲ (ဗလိ) ပေါက် ကျေးရွာမှ စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများကို စစ်တပ်က ဖမ်းဆီးနိုင်ဖွယ် အခြေအနေ ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။


Farming Myanmar
ကျောက်တော် အခြေစိုက် စကခ (၉) မှ စပါးကောက်ရန် လာစဉ် ရွာသားများက စပါး မပေးလို၍ ရှောင်တိမ်း နေကြသဖြင့် စစ်တပ်သို့ စပါးမပေးလျှင် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားကြောင်း ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

" ဇန္န၀ါရီလ ၃၁ ရက်နေ့က ကျောက်တော် အခြေစိုက် စကခ (၉)မှ ဗိုလ်မှူးနေ၀င်းနှင့် ဒုတပ်ကြပ် အာဂျွန်းတို့ စပါးကောက်ဖို့ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ ရွာသားတွေက အကုန်လုံး ရှောင်နေကြပါတယ်။ သူတို့( စစ်တပ်) က ဘုန်းကြီးကျောင်းကို ရောက်လာပြီး ဆရာတော်ကို ရွာသားတွေ စပါး မပေးရင် အရေးယူမယ်ဆိုပြီး ပြောသွားတယ်လို့သိရပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပုလဲပေါက်ကျေးရွာသည် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ် အစပ်တွင် တည်ရှိပြီး အဆိုပါကျေးရွာမှ လယ်ဧက ၃၀၀ ကျော်ကို ကျောက်တော် အခြေစိုက် စကခ (၉) မှ သိမ်းယူပြီး ကျေးရွာသားများကို တဧက ၂၅ တောင်းနူန်းဖြင့် သီးစား ပြန်ချထားကြောင်း ကျေးရွာသားများက ပြောသည်။

" စစ်သားတွေက ဘုန်းတော်ကြီးကိုတောင် ရန်ရှာသွားတယ်လို့ သိရပ့ါတယ်။ ဆရာတော်က ဒီနှစ်ရွာမှာ ဘုန်းကြီး ကျောင်းလည်း ဆောက်နေတော့ တနှစ်လောက် တကာတို့ သည်းခံကြပါ။ ရွာသားတွေမှာ စပါးလည်း ဒီနှစ် သိပ်မရဘူးဆိုတော့ နောက်နှစ်မှ လာကောက်ပါလို့ ပြောတာကို သူတို့ တပ်မကနေ အစိုးရကို စပါးတင်း (၂) သောင်းသွင်းရမယ်။ ဒီစပါးတွေကို ဘုန်းကြီးက ပေးမှာလားလို့တောင် မေးသွားပါသေးတယ်" ဟု သူက ဆက်ပြောသည်။

ပုလဲပေါက်ကျေးရွာသားများနှင့် အနေဖြင့် နှစ်စဉ် စစ်တပ်သို့ စပါးတောင်း (၉၀၀၀) ပေးသွင်းနေကြရသဖြင့် ဆင်းရဲသော ရွာသားများအတွက် ၀န်ထုတ် ၀န်ပိုး ဖြစ်နေ၍ စစ်တပ်မှ စပါးကောက်ခံမူကို သက်ညှာပေးပါရန် နိုင်ငံတော် သမ္မတကြီးဆီကို ရွာသားများက စာရေး အသနားခံထားကြောင်းလည်း သိရသည်။

" ပုလဲပေါက် အုပ်စုကနေ စုစုပေါင်း စပါးတောင်း ၁၅၀၀၀ ပေးရမယ်။ ပုလဲပေါက် အုပ်စုမှာက ပုလဲပေါက်နဲ့ တုတ်ကံလယ် ရွာ နှစ်ရွာဘဲ ရှိတယ်။ ပုလဲပေါက်က စပါး တောင်း ၉၀၀၀ နဲ့ တုတ်ကံလယ်က ၆၀၀၀ သွင်းရပါမယ်။ ကျွန်တော်တို့မှာ နစ်နာမူတွေ ရှိနေတဲ့ အတွက် ဒီကိစ္စကို သက်ညှာပေးဖို့ ရွာသားတွေက နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာရေးပြီး အသနားခံထားပါတယ်" ဟု ရွာသားက ဆက်ပြောသည်။

စပါးလာကောက်စဉ် ရွာသားများက ရှောင်ပုန်းနေသဖြင့် စစ်တပ်က တပ်ရင်းသို့ ပြန်သွားပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် လာရောက်မည် ဖြစ်ကြောင်း၊ စပါး မပေးပါက တစ်ရွာလုံးကို အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း၊ ရွာသားများ အနေဖြင့် သူတို့ လုံခြုံရေးကို စိုးရိမ်နေကြကြောင်း သိရှိရသည်။ 

.................................
နိရဉ္စရာ

စစ်တပ်က လယ်မြီသိမ်းယူမှု အတင်းအဓမ္မစပါးကောက်ခံလာစွာတိ ထပ်တိုးလာကြောင်း လယ်သမားတိပြော

Posted by Unknown On 8:31 AM


မြောက်ဦး(ရခိုင်ရိုးမ)။    ။ရခိုင်ပြည်နယ်အတွင်း အခြီစိုက် စစ်တပ်တိရေ ရခိုင်ပြည်သူတိ လုပ်ကိုင်စားသောက် နိန်ကတ်တေ လယ်ယာမြီ၊ ဥယျာဉ်ခြံတိကို အတင်းအဓမ္မသိမ်းယူမှုတိ ထပ်တိုးလာကြောင်း သတင်းရဟိပါသည်။

မြောက်ဦးမြို့နယ် အခြီစိုက် ခမရ (၃၇၇)၊ (၃၇၈) စရေ စစ်တပ်တိက ပြည်သူတိလုပ်စားနိန်ရေ  လယ်ဧက တစ်ချို့ကို သိမ်းယူထားကြောင်း  မြောက်ဦးမြို့နယ်က လယ်သမားတစ်ယောက်က ပြောပါသည်။

“ဟုတ်ပါရေ၊ ကျနော်လေ့ ရွာတော့ အတိကျမသိပါ၊ သိမ်းရေလို့တော့ ကြားလိုက်တေ၊ ဇာပိုင်သိမ်းစွာတော့ မသိပါ၊ သိမ်းရေ စစ်တပ်က မြောက်ဦး အခြီစိုက်တပ်ရင်းကပါ’’ လို့ ယင်းလယ်သမားက ပြောပါသည်။

မြောက်ဦးမြို့နယ် မြက်ရိက်ကျွန်းကျေးရွာအုပ်စု အမှတ် (၈၉၀-A) (၈၈၉-F) (၈၈၉-G)  အတွင်းမှာဟိရေ လယ်မြီ ဧက ၂၀၀ ကျော်ကို  ခမရ  ၃၇၈ က သိမ်းယူထာကြောင်း သိရပါသည်။

ယင်းမြီကွက်တိစွာ ဒေသခံပြည်သူတိ နှစ်ပေါင်း  ၁၀၀ ကျော်ကပင် လုပ်ကိုင်စားသောက်လာကတ်တေ လယ်ကွင်းတိ ဖြိုက်တေလို့လည်း သိရပါသည်။

ယင်းကြောင့် ဒေသခံတစ်ချို့မှာ လုပ်စားဖို့အတွက် လယ်ယာတိ မဟိဖြိုက်နိန်ကြောင်း သက်ဆိုင်ရာကို တင်ပြထားကေလေ့ ဒေနိ့ထိ ဖြေရှင်းပီးမှု မဟိသိမ့်ကြောင်း ယင်းလယ်သမားက ဆက်ပြောပါသည်။

ယင်းအပြင် စစ်တပ်က တဧကကို စပါးတင်း ၅၀ စီ လယ်သမားတိဘားက ကောက်ခံနိန်ကြောင်းလည်း သိရပါသည်။

မင်းပြားမြို့နယ် ကျိန်းတောင် အနောက်ဘက် ကျေးရွာတိဖြိုက်တေ ဆင်ကြီးပြင်၊ ဘူးပင်၊ သမင်ခြီရာ စရေ ကျေးရွာတိအတွင်း ပြည်သူတိလုပ်စားနိန်ကတ်တေ လယ်မြီနန့်ဥယျာဉ်ခြံတိကိုလည်း  ခမရ(၅၅၅)၊ ခမရ (၅၄၁) စရေ တပ်ရင်းတိက သိမ်းယူထာကြောင်းလည်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်ရေ ဧရိယာမှာ  (၁၃၀၀၁၄၇) ဧက ဟိပြီးကေ အသုံးချမှုမှာ  ၁၄  ရာခိုင်နှုန်းရာ ဟိကြောင်း၊ ယင်းအထဲက စိုက်ပျိုးမြီ  (၁၂၈၉၀၀၂)  ဧက အသုံးချမှုက ၁၄.၃၁ ရာခိုင်နှုန်း အခြား မြီတိ စိုက်ပျိုးခြင်းမပြုရေ မြီက (၂၃၀၀၀၄၁) ဧက ဟိပြီး၊ အသုံးပြု ရာခိုင်နှုန်းက ၂၅.၃၁ ရာ ဟိကြောင်း သိရပါသည်။

ယင်းအပြင် အတည်မပြုနိုင်သိမ့်ရေ သတင်းတရပ်အရ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လယ်ယာသိမ်းယူမှုမှာ ၂၅ ရာခိုင်နှုန်း ဟိကြောင်း သိရပါသည်။
.............................................................................................
ရခိုင်ရိုးမ