Saturday, December 3, 2011

ကျနော်နန့် မင်းပြား

Posted by Mrat.khine On 1:43 AM

ရာဇသံလက်ညှိုးတစ်ချောင်း
မင်း ဘဏ္ဍာ ပြား ထက်ကို ထိုးလိုက်ရေခါ
ဂန္တဝင်ထဲက ကျီးဖြူရွာချေ
မြို့ဖြစ်လာလတ်တေ။

ဗုဒ္ဓဟူးဂြိုလ်ဂဟဇာထက်ချိန်က
အဉ္ဇနကမ်းမှာ ယေဓမ္မာလွှမ်း
ကျိန်းတောင်သျှင်ရင်ပြင်မှာ စည်သံရွှမ်းလို့
ဆောင်းရောက်လီတိုင်း ကောက်ဦးဆွမ်းတင်ပနာ
မြို့သျှင်မ မျက်နှာလန်းခလီယင့်။

ဖြစ်စိုင်ထဲက မာတိကာမှာ
ကျိန်းဒုံးညိုနာင့် မြတောင်
ဗာရဲဘနာင် ငစည်အက
ဦးစိန္တာနာင့် ပြွန်ဟြှည်ချောင်း
အသျှင် ညာဏိဿရနာင့် ကုဿိနာရုံ
ုံပြည့်စုံရေ စာမျက်နှာတိက နီရာယူလို့။

ကာလပညတ်ကိုလွန်မြောက်
်ပစ္စက္ခကိုရောက်လတ်တေခါ
စပါးတစ်ရာနှစ်ရာ
အောက်ရွာပိုင်းကို တက်လာရုံကလွဲလို့
ပုဇွန်တစ်သိုက် နှစ်သိုက်
အလယ်ပိုင်းကို ရောက်လာရုံကလွဲလို့
ကွမ်းသီးတစ်မောင်းနှစ်မောင်း
ဈီးဟောင်းပိုင်းကို ဝင်လာရုံကလွဲလို့
သင်္ဘောဆိပ်ကမ်းတောင့်က ပြိုနီဆဲ
ဦးစိုးတင့်ချောင်းလေ့သော့ တိမ်လာမြဲ။

ရာမောင်တန်းတားထိုးပြီးရေခါမှ
ကန်ပွားလတ်တေ ရီယှားရေ
ခြင်ပွားလတ်တေ မီးပျက်ရေ
ငှက္ကဋ္ဌလုပွဲမှာ မွဲဆီးဖော်ပျာယ်
ရှဲဒိုင်ပါးမှာ ဘဝဖျက်ကတ်တေ
ကလေချေတိက ယမကာပင်လယ်မှာ
ကလေ့မေချေတိက ကိုးရီးယားခွဆုံမှာ
ခဲဝါတိက မြို့ထဲမှာ မထိတရိ
ဆာဟာရဝတ်ရုံတိက မြွသီမြွသတ်
ငလှချေပိုက်ဆိပ်မှာရာ လူစည်ရေနာင့်
ကျောင်းသူချေရို့ လွယ်အိတ်ထဲမှာ အမ်ပီဖိုးနာင့် အပြာကားတိ
ရွာကျောင်းတိမှာ ခေါင်းလောင်းသံတိတ်ပနာ
နာဂိန္ဒမော်ကွန်း အရည်ခမ်းလီပျာယ်။

မွီးရပ်ကိုချစ်ကေလေ့ ဝီးနီရရေ
အစာမြက်တတ်တေ လူတိခမာ
ဝက်အူချောင်းနာင့် ကျိန်းအညင်းသီးကို လျှာရည်ကျ
ကေသလာပေါ် ဆန်မွှီးနာင့် ငစရိုင့်ချောင်းခရမ်းသီးကို အောက်မိ
မင်းကန်ရီနာင့် သကာရည်ကိုလွမ်းပနာ
ကျိန်းတစ်ပတ်ခရီးနာင့် ဂရင်ဂျိုင်ကိုလေ့
ရက်ပြတ်အတွက်ပေါ်လီကတ်ဖို့ရာ။

အို....အဘောင်သျှင်မ
"ရာမောင်နတ်ကြီး ပြင်ကဆီးရန်မီးတစ်ခါ မပြုလာ" အောင်
"ကျိန်းတောင်ကျော်လမ်း ကြက်ရိုးပင်မှာသဇင်ပန်း"ကို မနွမ်းစီအောင
်"ကျိန်းတောင်ခြီရင်း စစ်တလင်းလေ့ဖြစ်လိမ့်မည်"ကို မဖြစ်စီအောင်
စီးတော်မြင်းကို ဇက်ကြိုးဖွင့်ပျာယ်ခွာသံပြင်းနာင့် ဝင်ဆောင့်ပါ
လပြည့်ညည့်မှာ မြို့ကိုပတ်ပျာယ်
မြီးချေရို့ကို စောင့်ရှောက်ပါ။

အာရုံခံ ဇောင်းတန်းက နီပနာ
ရပ်ပျာယ် ကြည့်ခီရေခါမှ
မင်းပြားဆိုစွာ
ပိုးထိုးထားရေ အုန်းပင်တိနာင့်
မွဲပြာရောင်တောက်ပနာ
ခြင်္သေ့ရုပ် အောင်လံနက်တိ
နီရာတကာ လန့်ဆန်ခံလို့
အလင်းမဟိန့် အမှောင်မဟိန့်
မီးပြတိုက်မဟိန့် ကင်းမဟိန့်ဘဲ
ပစပေါက်ကျယ်ပျာယ်
အာဟာရပြတ်နီရေ
ရင်လီးကောင်းထမန်း ယနနာ မြို့ချေ။ ။

Written by : Aso...Chay

From source: