Saturday, December 31, 2011

ကိုလိုနီစနစ်ဖျက်သိမ်းရေး ဘင်္ဂလာဒေခ်ျ့တွင် တောင်းဆို

Posted by Unknown On 10:38 PM

ထွန်းထွန်း
-----------
၂၂၇-ခုနှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာကျဆုံးသည့်နေ့တွင် ဗမာ အစိုးရမှ ရခိုင်ပြည်တွင် ကျင့်သုံးနေသော ကိုလိုနီ စနစ်ကို အပြီးတိုင် ဖျက်သိမ်းရန် ကော့စ်ဘဇားမြို့တွင် တောင်းဆို ခဲ့ကြသည်။


227-Arakan-Fall-down-day-celebrated-in-Bangladesh ကော့စ်ဘဇားမြို့တွင် ကိုလိုနီ စနစ် ဖျက်သိမ်းရန် တောင်းဆိုနေကြစဉ်။
အဆိုပါ တောင်းဆိုမူအား ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၇ နှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာကျဆုံးနေ့တွင် ကော့စ်ဘာဇားမြို့ တောကျောင်းမှ Press Club ရှေ့သို့ ချီတက်ခဲ့သော ဆန္ဒပြပွဲ အတွင်း တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"အဓိကကျွန်တော်တို့ ဆန္ဒပြ တောင်းဆို ရတဲ့ရည်ရွယ်ချက်က ရခိုင်သားတွေ ကျွန်ဖြစ်နေတာ ၁၇၈၄-ခုနှစ်ကနေ၂၀၁၁ နှစ် ဒီဇင်ဘာ ၃၁ရက်နေ့ဆိုရင် နှစ်ပေါင်း ၂၂၇-နှစ်ရှိသွားပြီ ဖြစ်တယ်။ ၁၉၆၁ ခုနှစ်က ကိုလိုနီ စနစ်ဖျက်သိမ်းရေးကို ကုလသမဂ္ဂမှာ ပြဌာန်းခဲ့တယ်။ ဒါပေမယ့် ဗမာ အစိုးရ အဆက်ဆက်က ရခိုင်ကို လက်အောက်ခံ ကိုလိုနီ နယ်ပယ် တစ်ခုလို သဘောထားပြီး အုပ်ချုပ် နေတယ်။ အဲဒါကြောင့် decolonization ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီစနစ်ကို ဖျက်သိမ်းဖို့ တရားဝင် တောင်းဆို ရတာဖြစ်တယ်" ဟု ဆန္ဒပြပွဲကို ဦးဆောင် လုပ်ကိုင်သည့် Arakan Freedom Movement မှ ဥက္ကဌ ဦးဖိုးလှက နိရဉ္စရာ သို့ ပြောသည်။

ဗမာ အုပ်ချုပ်သူများက ရခိုင်ကို ကိုလိုစနစ်ဖြင့် အုပ်ချုပ်နေသည်ဟု မည်သည့် အချက်များကို အခြေခံပြီး ပြောပါသလဲဟု မေးမြန်းရာသူက ယခုလို ပြောသည်။

" ရခိုင်ပြည်သူတွေရဲ့ ဘ၀ဟာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတည် နေတယ်။ ဗမာ စစ်တပ် တပ်ရင်း (၆၀) ခန့်ကို တပ်စွဲထားပြီး မြေခွန်၊ လယ်ခွန်တောင်မကဘူး လူခွန်အထိကိုတောင် ကောက်နေတယ်။ အင်္ဂလိပ်ခေတ်ထက် ဆိုးရွားတဲ့ အခြေအနေကို ရောက်နေတယ်။ ဒါ့ပြင် ရခိုင် ကထွက်တဲ့ ဂတ်စ်ကိုလဲ ရခိုင်တွေ သုံးခွင့် မရှိဘူး။ ပြောပိုင်ခွင့်လည်း မရဘူး။ ရခိုင်ပြည်သူတွေ ဆန္ဒမပါဘဲ တိုင်းတပါးသား တရုတ်ကို ရောင်းစားထားတယ်။ ပိုလျှံတဲ့ ဂတ်စ်တွေကိုလည်း ဗမာပြည်က စက်မူဇုံတွေမှာ သုံးမယ်ဆိုတော့ ရခိုင်ပြည်ကို ကိုလိုနီ လက်အောက်ခံ နိုင်ငံလို သဘောထားတယ်ဆိုတာ သိသာ ထင်ရှားနေပါတယ်" ဟု သူက ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသမီး တစ်ဦးကလည်း သူဆန္ဒပြရာတွင် ပါဝင်ရကြောင်းကို ယခုလို ပြောသည်။

" ရခိုင်ပြည်မှာ ရခိုင်တွေ နေထိုင်လို့ မရအောင်ထိ အခက်အခဲတွေ အမျိုးမျိုးဖြစ်အောင် အုပ်ချုပ်တဲ့ အစိုးရက ဖန်တီးထားတယ်။ ဒါကြောင့် ရခိုင်ပြည်ထဲက ရခိုင်သားတွေဟာ နိုင်ငံတကာကို သွားပြီး အငှားခံနေရတယ်။ ခုဆိုပြည်ပမှာ ရခိုင်သားတွေ သိန်းနဲ့ ချီလို့ ရှိနေပြီ ဖြစ်တယ်။ ပြည်ထဲမှာ ရခိုင် လူငယ်တွေ မရှိတော့ဘူး။ နို့သောက်နဲ့ တုတ်ထောက်လောက်ပဲကျန်တော့တယ်။ ဒီလို လုပ်နေတာကို မကျေနပ်တဲ့ အတွက် လာရောက် ဆန္ဒပြရတာ ဖြစ်ပါတယ်" ဟုပြောသည်။

ဆန္ဒပြပွဲသို့ ရခိုင်အမျိုးသားကောင်စီ ( ANC) ၊ ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်ပ (ALD) မှ အဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ရခိုင်ကျောင်းသားလူငယ်များ စုစုပေါင်း ၅၀ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို နံနက် ၁၁ နာရီမှ စတင်ခဲ့ပြီး ရဟန်းတော်များအား ဆွမ်းကျွေး ကုသိုလ် လုပ်ကာ နေ့လည်ပိုင်းတွင် ဆန္ဒပြ လှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် တောကျောင်း၌ ရေစက်ချ၊ အမျှဝေပြီး ငါးပါးသီလခံယူကာ ညနေ ၃နာရီခန့်တွင် အောင်မြင်စွာပြီးစီးခဲ့သည်။


--------------------------------------------------------------------------------------------
.: နိရဉ္စရာသတင်းဖြစ်ပါသည်။

Wednesday, December 28, 2011

Arakan Freedom Movement Committee – AFMC ''ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မီတီ”တရပ်ကိုဖွဲ့စည်းခြင်း..

Posted by Unknown On 5:19 PM

ဒီဇင်ဘာ ၂၈။ ။လွန်ခရေ ဒီဇင်ဘာ ၂၆ ရက်နိန့်က ဘဂ်လာဒေခ်ျ့ နိုင်ငံ
ကောဆ်ဘာဇာ ခေါ် ဖလောင်းချိတ် မြို့ မှာ ရခိုင်တိုင်းချစ်ပြည်ချစ်
မျိုးချစ်များ စုပေါင်းဗြီးကေ ” Arakan Freedom Movement
Committee – AFMC ''ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု
ကော်မီတီ”တရပ်ကို အောက်ဖေါ်ပြဘာ လူတိနန်
့ဖွဲ့စည်းထားကတ်ကြောင်းသတင်းရရှိဘာရေ။
ရခိုင်ပြည်ကိုလိုနီစနစ်ဖျက်သိမ်းရေး
အလုပ်အမှုဆောင်တာဝန်ရွီးချယ်ရန်တက်ရောက်လာသူများအထဲမှ ၉၅ ရာခိုင်နှုန်းသောအများဆန္ဒမဲဖြင့်အောက်ပါပုဂ္ဂိုလ်များကိုအောက်ပါအတိုင်းရွီးချယ်ခဂတ်ပါသည်။
၁။ သဘာပတိအဖွဲ့ 
(၁) ဦး စန္ဒာဝရ
(၂) ဦး ခိုင်အာဏာနီ

၂။ ဥက္ကဌ
ဦး ဖိုးလှ
၃။ အတွင်းရေးမှူးအဖွဲ့ 
(၁) ဦးထွန်းလှိုင် - အတွင်းရေးမှူး ---------- ၁
(၂) ဦး ရက္ခ၀ံသ - အတွင်းရေးမှူး ----------- ၂
၎။ ဘဏ္ဍာရေးမှုး
ဦး စန္ဒာဝရ
၅။ စည်းရုံးရေးနှင့်ပြန်ကြားရေး
(၁) ဦးရက္ခ၀ံသ
(၂) မစောမြတ်မွန်
၆။ EC အဖွဲ့ ဝင်များ
(၁) မသန္ဒာ
(၂) ဒေါ်စိန်ယိုင်ဖြူ
(၃) ဦး စိုးသိုက်
(၄) ဦး သာသာမောင်
(၅) ဦး ကျော်ခိုင်
(၆) ဦး မောင်အေးချမ်း
(၇) ဦး ခိုင်ပန်းအောင်
(၈) ဦး ခိုင်ကျော်ခိုင် ရို့ ဖြစ်ကတ်ဘာရေ။
ဒေပိုင် ဖွဲ့ စီးထားရေ ကော်မီတီက ထိပ်တန်းတာဝန်ခံ ဥက္ကဌ ဦးဖိုးလှ ကို
လေးဝတီသတင်းဌါန ဘဂ်လာေးခ်ျ့ တာဝန်ခံ ခိုင်ဥက္ကာပျံ(ရခိုင်ရိုးမ) က
ဆက်သွယ်မီးမြန်းထားစွာမှာ
ခိုင်ဥက္ကာပျံ။ ။ မဂ်လာဘာ ရှိခိုးဘာယင့် ဆရာ
ဥက္ကဌ ဦးဖိုးလှ။ ။ မဂ်လာဘာ
မိန်း။ ။လူကြီးမင်းရို့ အနိန်နန့် ဇာကြောင့်  ဒေပိုင် ကိုလိုနီစနစ်ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖေါ်ရစော်ဘာလေး။
ဖြေ။ ။ရခိုင်လူမျိုးဆိုစွာ နှစ်ပေါင်း ၅ ထောင်ကျော် မာရယု မင်းမှသည် မဟာသမတရာဇာ မင်းအထိ ဘုရင်မင်းမြတ်ပေါင်း ၂၅၀ ကျော်ဖြင့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့  ၊ မြောက်ဦး ခေတ်ကြီး ၄ ခေတ်နန့်ကမ္ဘာ့ အလယ်မှာ ထယ်ဝါကြီးကျယ်ခရေ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးဖြစ်ပါရေ။ ဒေကြီးကျယ်ခရေ ရခိုင့် ဘုရင့် နိုင်ငံတော်ရေ မကြေငြါသောနယ်ချဲ့ ဗမာ ဘုရင်မောင်ဝိုင်း၏ ကျူးကျော် စစ်ကြောင့် ၁၇၈၄ ခု ဒီဇင်ဘာလ ၃၁ ရက်နိန့်မာ ထီးကျိုးစည်ပေါက် ဖြစ်ပြီးကေ ဗမာ ကျူးကျော်သူ နယ်ချဲ့ လက်အောက်ကို ကျရောက်ခရပါရေ။
ရခိုင့် ကိုလိုနီ ကျွန်ဘ၀ကို အကျဉ်းရုံး ဖော်ပြရပါကေ-
(၁) ပထမ ဗမာနယ်ချဲ့ပါးမာ ၁၇၈၄ က ၁၈၂၆ ထိ -----------၄၂နှစ်
(၂) ဒုတိယ အင်္ဂလိပ် နယ်ချဲ့ ပါးမာ ၁၈၂၆ က ၁၉၄၂ ထိ ………-၁၁၆ နှစ်
(၃) တတိယ ဖက်ဆစ် ဂျပန်ပါးမာ ၁၉၄၂ က ၁၉၄၅ ထိ …-------….၃ နှစ်
(၄) စတုတ္ထ အင်္ဂလိပ် ဘားမာ တဖန် ၁၉၄၅ က ၁၉၄၈ ထိ ……----.၃ နှစ်
(၅) ပဉ္စမ ဗမာ နယ်ချဲ့ဘားမာ တဖန် ၁၉၄၈ က ၂၀၁၁ ဒေနိန့်ထိ ၆၃ နှစ်
အားလုံး စုစုပေါင်း
-----------------၂၂၇ နှစ်ကြာပါဗျာ။
ဗမာ နယ်ချဲ့ဘားမာ အယင်က .။------------၄၂နှစ်
နှောက် ဒေနိန့်ထိ---------------------------- ၆၃ နှစ် အားလုံးပေါင်း
၁၀၅ နှစ်ရှိပါလီဗျာလ်။
နယ်ချဲ့ဟူသမျသည် သူရို့၏ အကျင့်စရိုက်နှင့် အညီ -
(က) နိုင်ငံရေးအရ ----------------------------------နယ်ချဲ့ခြင်း (ခ) စီးပွာရေး အရ ---------------------------------လက်ဝါးကြီးအုတ် ဂုတ်သွီးစုတ်ခြင်း
(ဂ) ယိုင်ကျေးမှုအရ --------------------------------မြီလှန်ဖျက်ဆီးခြင်း
( ဃ) လူမျိုးရေးအရ
-------------------------------သွီးနှောဝါးမျိုခြင်းနှင့် ရခိုင်ပြည်၏ မြီတွင်းမြီပေါ်၊ရီအောက်၊ တန်ဖိုးမဖြတ်နှိုင်ရေ သဘ၀ ဓာတ်ငွေ့  အပါအ၀င် နှောက်ဆုံး လူခွန်ကိုပါ ကောက်ယူဂုတ်သွီးစုတ်နိန်ကတ်ခြင်းကြောင့်  ရခိုင်ပြည်သူရို့၏ ဘ၀ကား ဆင်းရေးတွင်းနက်သထက်နက်ပြီးကေ ကိုလိုနီ နယ်ချဲရို့ ၏ ဆိုကျိုးဟူသမျှကို ခါးစည်းခံနိန်ကတ်ရစွာပါ ။ ယင်းကြောင့် ကိုလိုနီကျွန်ဘ၀က လွတ်မြောက်ဖို့ အကြမ်းမဖက်တေ တိုက်ပွဲသဏ္ဍာန်ကို ဖော်ထုပ်ရစွာ ဖြစ်ပါရေ။
မိန်း။ ။ ဒေပိုင်ဆန္ဒ ထုတ်ဖေါ်စော်ကို ပြည်တွင်းပြည်ပ-ရခိုင်လူမျိုးတိက လက်ခံကတ်ဖို့  ထင်ဘာယင့်လား
ဖြေ။ ကျူးကျော်သူနယ်ချဲ့ရို့အဓမ္မသိမ်းပိုက်ထားရေမိမိရို့အဖိုးအဖီးပိုင်ရေ မြီကို ပြန်လည်ရယူဖို့။ဆုံးရှုံးနိန်ရေ အချပ်အချာအာဏာ ၃ ရပ် (ဥပဒေ ပြုစုခွင့်၊ တရားစီရင်ခွင့်၊ အုပ်ချုပ်ခွင့်)ကိုပြန်လည်ရယူဖို့ ကြိုးစားရေ ရုန်းကန်မှုကို ရခိုင်သားအများစုက ခိုင်မာစွာ ထောက်ခံရေလို့ ယုံကြည်ပါရေ။ အကြောင်းက ၁၉၉၀ ကမ္ဘာသိ ရွီးကောက်ပွဲမာ ရခိုင် ဒီမိုကရေစီ အဖွဲ့  Arakan League For Democracy –ALD ရခိုင်ပြည်မာ အနိုင်ရစွာ၊ ၂၀၁၀ ရွီးကောက်ပွဲမာ ရခိုင့်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ Rakhine Nationalities Development Party- RNDP အနိုင်ရစွာရေ ရခိုင်သားတိ သူရို့ဖော်ပြနိုင်ရေ ဘောင်အထဲက ရခိုင်ပြည် လွတ်လတ်ရေး တောင်းစွာလို့ ကျနော်ရို့ ခိုင်ခိုင်မာမာ နားလည်ထားပါရေ။
မိန်း။ ။ဒုတိယပင်လုံညီလာခံ လုပ်ဖို့  စော်ကို ဇါပိုင်မြင်ဘာရေလေး-
အဖြေ၊။ ။အတိုချုပ်ပြောရကေ ပင်လုံညီလာခံဆိုစွာ ဗမာတိက ဗမာပြည်ဆိုရေ တိုင်းပြည်လွတ်လတ်ရေး ရဖို့အတွက် ဗမာမဟုတ်တေ အခြားလူမျိုး( ရှမ်း၊ ချင်း၊ ကချင်၊ကရင်၊ ကယား၊ မွန်၊ ရခိုင်) တိကိုလှဲ့ စားစည်းရုံးခရေ၊အသုံးချခရေ နည်းဗျူဟာ တရပ်ရာ ဖြစ်တေ၊ လက်တွိ အကောင်အထည်ဖော်ဖို့မဟုတ်ပါ မည်သည့်အချိန်အခါကလဲ အကောင်အထည်မဖော်ခ နောင်ကိုလဲ ဖော်လီဖို့မဟုတ်ပါ။ ယင်းကြောင့်  ဒုတိယ ပင်လုံညီလာခံဆိုစွာလည်း ဒေပုတ်ထဲက ဒေပဲလို့ရာ မြင်ပါရေ။
မိန်း။ ။ရခိုင်လက်နက်ကိုင်အဖွဲ့ တိက လွတ်လွပ်ရီးအတွက် အမှန်လုပ်ဖို့  လိုကတ်ပါယင့်လား
ဖြေ။ ။၁၇၈၄ ဗမာနယ်ချဲ့ဘားမာ ကျရောက်တေလောက်ကပင် ဒေနိန့်ထိ တဗိုလ်ကျတဗိုလ်တက်စနစ်နန့် ရခိုင်ပြည်ကို ပြန်လည်ထူထောင်နှိုင်ဖို့ကြိုးစားကတ်တေရခိုင့်သူရဲကောင်းတိ၏ဘ၀အသက်တိကားမရွီမ တွက် နှိုင်အောင်ပီးဆပ်လီကတ်ပါဗျာလ်၊ သို့သော် ဒေနိန့်ထိ မြင့်တခါနိမ့်တလှည့်နန့် ရခိုင့်သူရဲကောင်းရို့၏ ဓါးကို ဓါးချင်း လှံကို လှံချင်းတော်လှန်လာရေ တိုက်ပွဲရေ ၂၂၇ နှစ်ကြာလာသည့်တိုင်အောင် လုံးဝအဆက်မပြတ် သိမ့်ပါ၊ မလွတ်လပ်မချင်းလည်း တိုက်ပွဲကားအဆက်ပြတ်လီဖို့မဟုတ်ပါ။ ဒေအချက်ရေ လက်နက်ကိုင်မပါဘဲ ရခိုင်ပြည်လွတ်လပ်ရေး မရနှိုင်ဆိုစွာကို ရခိုင်သားတိသက်သီပြနိန်ကတ်ခြင်းဖြစ်ပါရေ။ “အသက်ကိုလှီးသွီးချောင်းစီးမှ အပြီးကြံ့ ခိုင်၊ နိုင်ငံတိုင်းမြို့ ၊အစို့ စို့ ကို၊ ရလီဖူးခ၊ ဤလောကသည်၊ အောက်ကျမခံချင်သောကြောင့်” လို့ ဂေါင်းဆောင်ကြီးရို့ အခိုင်အမာ မိန့်ဆိုထားခရေမဟုတ်ပါလား။
မိန်း။ ။ အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိက ဗမာ(စစ်)အစိုးရနန့် ငြိမ်းချမ်းရီးဆွီးနွီးနီကေ ရခိုင်လက်နက်ကိုင်(ပါတီ) အဖွဲ့ တိက ဆွီးနွီးဖို့  လိုအပ်တေလို့ ယူဆဘာယင့်လား
ဖြေ။ ။တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တိ ဗမာစစ်အစိုးရဆိုစွာနန့်ငြီးချမ်းရေးဆွေးနွေးနိန်ကတ်တေ ဆိုစွာရေနည်းဗျူဟာအရအင်အားအနည်းအများပေါ်မူတည်လို့ နိုင်ငံရေးကဇတ်ဝိုင်းတိရာဖြစ်ပါရေ ရခိုင့်လက်နက်ကိုင်အင်အားစုတိ ငြီးချမ်းရေးဆွေးနွေးပွဲလုပ်ဖို့မလုပ်ဖို့ ကားသူရို့အလုပ်ပါ။ ကျနော်ရို့အလုပ်မဟုတ်ပါ။ သို့သော် ကျနော်ရို့အမြင်ကိုပြောရဖို့ဆိုကေ ရခိုင့်လက်နက်ကိုင်အင်အားတိ ယင်းပိုင်လုပ်လီဖို့မဟုတ် လို့မြင်ပါရေ။ မိန်း။ ။နာက်ဆုံး ရခိုင်ပြည်သူတိကို ဇာပြောရှင်ဘာရေလည်း
ဖြေ။ ။ဒေအခွင့်အရေးကိုပီးရေအတွက်ကောင်းကောင်းကျေးဇူးတင်ပါရေ နှောက်ဆုံးအနိန်နန့် ရခိုင်ပြည်သူတိကို ပြောချင်စွာက ရခိုင်သားကျွန်ဖြစ်စွာ (၂၂၇) နှစ်ဖြစ်ပါဗျာလ် ကျွန်ဆိုစွာ ကိုယ့်ကြမ္မာကိုကိုယ်မဖန်တီးနှိုင်ရေလူကိုပြောစွာပါ၊ ကျနော်ရို့ရခိုင်သားတိ ကိုယ့်ကြမ္မာကိုကိုယ်ဖန်တီးပိုင်ခွင့်အားလုံးကို နယ်ချဲ့ဗမာတိအဓမ္မသိမ်းယူထားစွာ (၁၀၅) နှစ်ဖြစ်လီပါ ဗျာလ် ဒေကျွန်ဘ၀ကလွတ်မြောက်ပြီးကေ ဖေါ်ပြခရေ အချုပ်အချာအာဏာ (၃) ရပ်ကို ပြန်လည်ရ ယူလို့ ကိုရို့ရခိုင်သားကံကြမ္မာကို ကိုယ်ရို့ကိုယ်တိုင်ဖန်တီးဖို့လက်နက်မကိုင်ရေဒေလှုပ်ရှားမှု...............
“ရခိုင်ပြည်လွတ်လပ်ရေး ငရို့အရေး---- ငရို့အရေး ”
“ရခိုင်ပြည်လွတ်လပ်ရေး ငရို့အရေး ---- ငရို့အရေး”
ဆိုရေ ကြွီးကြော်သံနန့် နိုင်ငံတကာအလိုက် တိုက်ပွဲဝင်လားကတ်ဖို့ကျနော်ရို့ “ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ” Arakan Freedom Movement Committee – AFMC တိက စိုင်းပြင်းနိန်ကတ်ပါရေ၊ ဒေတိုက်ပွဲမာအထူးသဖြင့်နိုင်ငံတကာရောက် ရခိုင်သားတိအနိန်နန့် ရောက်တေနိန်ရာက ကျရေတာဝန်ကို တပိုင်တနိုင်ပါဝင်ကတ်ပါလို့ အထူးလည်း စားစွာနန့်တိုက်တွန်းလိုက်ပါရေ။ ကျနော်ရို့၏ဥပဒေဘောင်အတွင်းက လက်နက်မကိုင်ရေ ရခိုင်ပြည်လွတ်မြောက်ရေးတိုက်ပွဲရေ လက်နက်ကိုင်တော်လှန်ရေးနန့်ဖွေးသာတခတ်မာ ဂေါင်းနန့် ပန်းပိုင် ခွဲခြားလို့မရပါ တသားတည်းရာ ဖြစ်ပါရေ။ ယင်းကြောင့် ကမ္ဘာ့လူသားတိအလည်မာ ရခိုင်လူမျိုးရေလွတ်လပ်တေလူမျိုးတမျိုးအဖြစ်ဂုဏ် သရေရှိရှိပြန်လည်ရပ်တည်နိုင်ဖို့အားလုံးပူးပေါင်းပါဝင်ကတ်ပါလို့လေးစားစွာတိုက်တွန်းလိုက်ပါရေ။ ။ ခိုင်ဥက္ကာပျံ။ ။ဒေပိုင်မအားလပ်တေကြားထဲက ဖြေကြားပီးရေအတွက် ဆရာနန့်အတူ အားလုံးကို လေးဝတီဝိုင်းတော်သားတိကိုယ်စား အထူးကျေးဇူးတင်ရှိပါရေ။ ယင်းကော်မီတီအဖွဲ့ ကို အမြဲတမ်းဘဂ်လားဒေခ်ျနိုင်ငံမှာ ဆက်လို့ တာဝန်တိထမ်းဆောင်လားကတ်ဖို့  ဖြစ်ဗြီးကေ လာဖို့ ဒီဇင်ဘာ (၃၁)ရက်နိန်မှာ ဆန္ဒပြချီတက်ဖို့ လို့ လည်း သတင်းရရှိဘာရေ။
ခိုင်ဥက္ကာပျံ (ဘဂ်လာဒေခ်ျ့ )
အေပို့စ်ရေ လေးဝတီ က မီးမြန်အင်တာဗျူခြင်းသာဖြိုက်ပါရေ။
 
မျိုး ဆက်သစ်

ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက လယ်များကို မိမိပိုင်လုပ်ပြီး နိုင်ငံခြား ကုမ္ပဏီ တစ်ခုသို့ ဌားရမ်းလိုက်၍ လယ်သမားများက နိုင်ငံတော် အစိုးရထိ တိုင်ကြား

Posted by Unknown On 2:05 AM

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်ဧက အများအပြားကို ဒုတိယ ဗိုလ်မှူးကြီး (အငြိမ်းစား) တစ်ဦးက ၎င်းပိုင်လုပ်ပြီး အိန္ဒိယ ကုမ္ပဏီ တစ်ခုကို ဌားရမ်းလိုက်သဖြင့် လယ်မဲ့ယာမဲ့ ဖြစ်သွားသော လယ်သမားများက နိုင်ငံတော် အစိုးရထိ စာရေး တိုင်ကြားလိုက် ကြောင်း သတင်း ရရှိသည်။


Pya-Tae-villae-hills ပျားတဲ ကျေးရွာ အုပ်စုတွင် လယ်များကို အိန္ဒိယ ကုမ္ပဏီက မြေထိုးစက်များဖြင့် ဖြိုတူးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
လယ်များကို ၎င်းပိုင်လုပ်ပြီး ဌားရမ်းလိုက်သော ပုဂ္ဂိုလ်မှာ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ဆန်းအောင်ဖြစ်ပြီး သူ့၏ မှတ်ပုံတင် အမှတ်မှာ - ၉ မျဉ်းစောင်း မနမ (နိုင်) ၀၁၃၉၆၁- ဖြစ်သည်။

" အဲဒီ ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်က ကျောက်ဖြူမြို့နယ် ပျားတဲ ကျေးရွာ အုပ်စုက လယ်ဧက ၂၄ ဒဿမ ၁၆ ဧကကို အိန္ဒိယ ကုမ္ပဏီ တစ်ခုနဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို ၂၉ လအတွက် ကျပ်ငွေ ၂၀၅ သိန်း ၄သောင်း ၈ထောင်နဲ့ ဌားရမ်းထားပါတယ်။ အဲသလို ဌားရမ်းလိုက်တဲ့ လယ်သမား ၁၀ ဦးက လယ်မဲ့ယာမဲ့ ဖြစ်သွားတာကြောင့် နိုင်ငံတော် အစိုးရထိ စာရေးပြီး ဒီဇင်္ဘာလ ၂၆ ရက်နေ့က တိုင်ကြားလိုက်ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

တိုင်ကြားသူ လယ်သမားများမှာ ကျောက်ဖြူမြို့နယ် ကြတ္တိန် ကျေးရွာ ၄ ဦး၊ ကပ်သပေ ကျေးရွာမှ ၅ ဦးနှင့် ကမ်းဒီးကျေးရွာမှ တစ်ဦးတို့ ဖြစ်ကြသည်။

� တိုင်တာက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးကို တစ်စောင်နဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို တစ်စောင် စာရေးပြီး တိုင်ကြားပါတယ်။ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးကို တိုင်တဲ့ စာကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌဆီကို မိတ္တူပေးပါတယ်။ ရခိုင်ပြည်နယ် အစိုးရဆီကို ရေးသား ပေးပို့တဲ့စာကိုလည်း ပြည်နယ် ဆည်မြောင်း ဦးစီးဌာန အပါအ၀င် ပြည်နယ် အထွေထွေ ဦးစီးမှူး၊ ခရိုင် ဦးစီးမှူးတွေဆီကို မိတ္တူပေးပါတယ်" ဟု သူက ဆက်ပြောသည်။

ကျေးရွာသားများ အနေဖြင့် သူတို့ လယ်ယာမြေများကို ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်မှ ဌားရမ်းသွားကြောင်းကို အိန္ဒိယ ကုမ္ပဏီမှ မြေထိုးစက်များဖြင့် လာထိုးမှ သိရကြောင်း သူက ဆက်ပြောသည်။

" အခုလို ဌားရမ်းထားတာကို လယ်သမားတွေပိုင်တဲ့ လယ်တွေကို မြေထိုးစက်တွေနဲ့ လာထိုးပြီး အဆောက်အဦးတွေ လာဆောက်မှ သိရပါတယ်။ ဘာကြောင့် ကျွန်တော်တို့ လယ်တွေကို ခုလို လုပ်ရသလဲလို့ မေးတဲ့ အခါ အဲဒီ ကုမ္ပဏီမှာ ပါလာတဲ့ ဗမာ ၀န်ထမ်းတွေက အဲဒီမြေတွေကို ဗိုလ်မှူး ဆန်းအောင်ဆီက သူတို့ ဌားရမ်းထားတာ ဖြစ်တယ်ဆိုပြီး ပြောတယ်။ ပီးရင် ဌားရမ်းထားတဲ့ စာချုပ်ကို ပြတော့မှ သူတို့လယ်တွေ အသိမ်းခံကြရတယ် ဆိုတာ သိကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်နှင့် အိန္ဒိယ ကုမ္ပဏီ မြေဌားစာချုပ်တွင် လူ( ၆) ဦး၏ အမည် ပါရှိပြီး ထိုအထဲတွင် (၃) ဦးက လက်မှတ်ရေးထိုးပြီး ကျန် (၃) ဦးက လက်မှတ် မထိုးဘဲ ပါရှိကြောင်း သိရသည်။

အဆိုပါ စာချုပ်ထဲတွင် ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်ကိုယ်စား တပ်ကြပ်ကြီး ထွန်းအောင်ကျော် (ရေ) ကပ အမှတ်- ၂၅၂၄၉၊ အမျိုးသားမှတ်ပုံတင် အမှတ်- ၁၀ မျဉ်းစောင်း မလမ (နိုင်) ၀၁၉၈၆၇ က ငွေလက်ခံရရှိသူနှင့် မြေဌားရမ်းသူ အဖြစ် လက်မှတ်ရေးထိုးထားပြီး ဦးကိုကိုထွေး၊ အမျိုးသား မှတ်ပုံ အမှတ် ၁၂ မျဉ်းစောင်း လမန (နိုင်) ၀၄၈၂၂၃ - ဒု အထွေထွေ ဦးစီးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းက မြေလွဲပြောင်း လက်ခံ ရယူသူ အဖြစ် လက်မှတ်ရေးထိုးထားသည်။

၎င်းစာချုပ်တွင် အသိသက်သေ အဖြစ် တခြား လက်မှတ်ရေးထိုးထားသူ တစ်ဦးမှာ ကျောက်ဖြူမြို့နယ် ဒုဦးစီးမှူး ဦးခင်မောင်မြင့်၊ အမျိုးသား မှတ်ပုံတင် အမှတ်- ၉ မျဉ်းစောင်း ပဘန (နိုင်) ၁၂၄၇၈၀ က ဖြစ်သည်။

အဆိုပါ စာချုပ်တွင် အမည်သာ ပါရှိပြီး လက်မှတ် မရေးထိုးထားသူ (၃) ဦးမှာ ဦးအောင်စိန်ချမ်း (ကြတ္တိန် ကျေးရွာ ဥက္ကဌ)၊ ဦးစောလွှင် (လက်ထောက် အင်ဂျင်နီယာ- ဆလရ) MOG နှင့် အိန္ဒိယ ကုမ္ပဏီမှ Morim Jom � Chief Supervisor တို့ဖြစ်ကြသည်။

အဆိုပါ စာချုပ်တွင် ၂၀၁၁ ခုနှစ် သြဂတ်စ်လ မှ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလ အထိ (၂၉ လ) အတွက် လယ်ဧက ၂၄ ဒဿမ ၁၆ ဧကကို ကျပ်ငွေ ၂၀၅၄၈၀၀၀ ဖြင့် ၈၊၈၊ ၂၀၁၁ နေ့မှ စဌားရမ်းလိုက်သည်ဟု ပါရှိကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာသတင်းဖြစ်ပါသည်

ရမ္မာဝတီ အရှင်ပညာစာရကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့်မည်

Posted by Unknown On 2:02 AM

မောင်အေး
-----------
သရက်ထောင်တွင် အကျဉ်းကျခံနေရသော ရခိုင် စာပေနှင့် သမိုင်းသုတေသီ ပညာရှင် ရမ္မာဝတီ အရှင် ပညာစာရကို ဂျပန်နိုင်ငံ အခြေစိုက် ရခိုင်မျိုးစောင့်ဂိုဏ်းမှ ယခုနှစ် အတွက် " ရက္ခိတ မျိုးစောင့်ဆု" ကို ချီးမြှင့်ရန် ရွှေးချယ် လိုက်ကြောင်း သတင်း ရရှိသည်။


Panyarsara
အရှင် ပညာစာရကို ယခုကဲ့သို့ တန်ဖိုးရှိသော ရက္ခိတ မျိုးစောင့်ဆုကို ပေးအပ်ရန် ရွှေးချယ်ရခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဦးကျော်သန်းလိုင်က ယခုလို ရှင်းပြသည်။

" ဆရာတော် အရှင် ပညာစာရဟာ အမျိုးဘာသာ သာသနာ တည်တံ့ ရှင်သန် ကြီးပွားရေး အတွက် နှစ်ရှည်လများ စာပေ သမိုင်း ပညာတွေနဲ့ အပတ်တကုတ် ကြိုးစားခဲ့တဲ့ သုတေသီ ပုဂ္ဂိုလ် တစ်ဦးဖြစ်တယ်။ အဖိုးမဖြတ်နိုင်တဲ့ ရခိုင်နဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို နှစ်ရှည်လများ စုဆောင်းခဲ့သူ တစ်ဦး ဖြစ်တယ်။ ဒါ့အပြင် သာမန်လူတွေ မလုပ်နိုင်တဲ့ မိဖမဲ့ ကလေးငယ်တွေ၊ မိဘ ဆွေမျိုး စွန့်ပစ်ခြင်း ခံရတဲ့ ကလေးငယ်တွေ၊ လူမျိုးခြား- ဘာသာခြား လက်ထဲကို ရောက်သွားတဲ့ ကလေးငယ်တွေကို စုဆောင်းပြီး မိမိရင်သွေးငယ်များပမာ ပြုစု ပျိုးထောင် စောင့်ရှောက်ခဲ့တယ်။ ဒီလို အချက်တွေကြောင့် ဆရာတော်ကို ဆုပေးဖို့ ရွှေးချယ်ရတာ ဖြစ်ပါတယ်။"

ဆရာတော်အား ပေးအပ် ချီးမြှင့်မည့် ဆုကို ၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၇ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးသည့်နေ့ အခမ်းအနားတွင် အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အတူ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ကာ ပေးအပ်မည် ဖြစ်သည်။

" ကျွန်တော်တို့က ဒီလ ၁၄ ရက်နေ့ကတည်းက ဆရာတော်ကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့် မယ်ဆိုတာ လျှို့ဝှက် မဲစနစ်နဲ့ အဖွဲ့ဝင်တွေ အကြား ရွေးချယ်ထားပြီးပါပြီ။ ဆုပေးမယ့် အချိန် နီးကပ်လာပြီးမှ တရားဝင် ကျေညာလိုက်ရတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဆရာတော် အရှင်ပညာစာရအား ရခိုင်အမျိုးသားရေးကို ဆောင်ရွက်သူ ပုဂ္ဂိုလ် တစ်ဦးဖြစ်သဖြင့် စစ်အစိုးရ အာဏာပိုင်များက အမြင်ကပ် ပုဒ်မဖြင့် ၂၀၁၀ ခုနှစ်က စက်တင်္ဘာလက ထောင် (၈) နှစ်နှင့် သုံးလ ချမှတ်ပြီး ယခုအခါ သရက်ထောင်တွင် ချုပ်နှောင်ထားသည်။

ဆရာတော် ပညာစာရကို ၂၀၁၀ ခုနှစ် ဇူလိုင်လက သူသီတင်းသုံးရာ စစ်တွေမြို့ အာကျိတ်တော် ကုန်းပေါ်ရှိ မဟာမုနိ ဗုဒ္ဓ ၀ိဟာရ မိဘမဲ့ကလေးဂေဟာမှ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားပြီး နောက်ပိုင်းတွင် ကလေးငယ်များ၏ အလောင်းဖျောက်ဖျက်မှု၊ တရား မ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မူ၊ ငွေ အလွဲသုံးစား လုပ်မှု၊ စည်ပင် ဥပဒေကို မလိုက်နာမူ၊ မာတုကာမနှင့် ဖောက်ပြန်မှု စသည့် အမူများ အပါအ၀င် အမှု ပေါင်း ၇ ခုနှင့် တရားစွဲဆိုခဲ့သည်။

ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်စုဆောင်းထားသည့် ရခိုင် ရှေးဟောင်း ဒင်္ဂါးများ၊ ဘုရား ဆင်းထုများ၊ ရှေ့ဟောင်း ရခိုင်ရာဇ၀င် ပေမူများ၊ ဆေးကျမ်းများ အပါအ၀င် တခြားပစ္စည်းများကို အာဏာပိုင်များမှ သိမ်းဆည်းသွားပြီး တရားရုံးတွင် တစုံတရာ မတင်ပြဘဲ ဖျောက်ဖျက်ထားသည်။

၎င်းပြင် ဆရာတော် မွေးစားထား သည့် အရွယ်မရောက်သေးသည့် ရခိုင် ကလေးငယ် ၁၀၀ ကျော်ကိုလည်း ဗမာပြည်ဘက်သို့ ယူဆောင်သွားခဲ့ပြီး ဆရာတော် ကျောင်းကိုလည် ချိတ်ပိတ် ထားသည်။

ဆရာတော် အရှင် ပညာစာရအား အပြစ်ရှိသည် ဆိုပါက တခြား ရဟန်းတော်များကို အရေးယူ ဆောင်ရွက်သကဲ့သို့ ချမှတ်ပြဌာန်းထားသော ရဟန်းတော်များ၏ ၀ိနည်းတော် အတိုင်း အရေးမယူဘဲ ချက်ချင်း လူဝတ်လဲကာ နိုင်ငံတော် ပုန်ကန်သူ တစ်ဦးပမာ သဘောထားပြီး စစ်အစိုးရမှ အရေးယူ ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ လုပ်ရပ်အပေါ် ရခိုင်အမျိုးသားများက အထူး မကျေနပ် ဖြစ်ခဲ့ကြသည်ဟု သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

Tuesday, December 27, 2011

ရခိုင်ပြည်နယ် အစိုးရ အိန္ဒိယ ကုမ္ပဏီအပေါ် သြဇာ မညောင်း

Posted by Unknown On 2:46 AM

စစ်တွေမြို့တွင် ဆိပ်ကမ်းသစ် တည်ဆောက်နေသော အိန္ဒိယ ကုမ္ပဏီ ESSAR အပေါ် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် သြဇာ မညောင်း ဖြစ်နေသဖြင့် အခက်ကြုံလျှက် ရှိနေကြောင်း သတင်းများ ရရှိသည်။


Sittwe-seaport-work-in-progess
" ရခိုင်ပြည်နယ် အစိုးရဆိုတာက ရုပ်သေး အစိုးရ တစ်ရပ်သာ ဖြစ်ပါတယ်။ ဘာမှ အာဏာ မရှိပါဘူး။ အခု အိန္ဒိယ ကုလားတွေက စာချုပ်ပါ အချက်အလက်တွေကို ချိုးဖေါက်ပြီး သဲတွေကို လော်ရီကားကြီးတွေနဲ့ စစ်တွေ ပွိုင့်ကမ်းခြေကနေ ဆိပ်ကမ်းတည်ဆောက်ရာ ယူနေတဲ့ အတွက် စစ်တွေ လူထု အကြီးအကျယ် ဒုက္ခရောက်နေပေမယ့် ရခိုင်ပြည်နယ် အစိုးရက ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်" ဟု စစ်တွေ ကမ်နားလမ်းမှ ဦးသာကျော်က ပြောသည်။

အိန္ဒိယ Essar ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်တွင် စစ်တွေ ဆိပ်ကမ်းတည် ဆောက်ရာတွင် လိုအပ်သော သဲများကို ကုလားတန်မြစ်အတွင်းမှ တူးယူရန်ဟု ပါရှိသော်လည်း ကုလားတန်မြစ်အတွင်းက သဲများကို မတူးယူဘဲ စစ်တွေ ဟိုတည် အနီးရှိ ပွိုင့်ကမ်းခြေမှ သဲများကိုသာ နေ့စဉ် တူးယူပြီး ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သယ်ယူနေသည်ဟု သိရသည်။

" ကုလားတန် မြစ်အတွင်းက သဲတွေကို တူးယူပြီး ဆိပ်ကမ်း တည်ဆောက်နေတဲ့ နေရာကို ဖို့ရင် ငွေကုန်ကျများတယ်။ ပွိုင့်ကမ်းခြေက သဲကို ယူရင် ကားတစီးကို ကျပ် ၂၅၀၀ လောက်နဲ့ ရတယ်ဆိုတော့ အိန္ဒိယက ကန်ထရိုက်တာတွေ လူပါးဝပြီး စာချုပ်ပါ သဘောတူညီမူကို ချိုးဖေါက်ပြီး ပွိုင့်ကမ်းခြေက သဲတွေကို ယူနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ပွိုင့်ကမ်းခြေမှ သဲများကို လော်ရီကား အစီး (၁၀၀) ခန့်ဖြင့် ညလုံးပေါက် သယ်ယူနေသဖြင့် လော်ရီကားများ ဖြတ်သန်းရာ ရပ်ကွက်များ အတွင်း လူများမှာ ညစဉ် ညတိုင်း အိပ်မရဘဲ ဖြစ်နေသလို သဲများ သယ်ယူရာတွင်လည်း ကားပေါ်မှ သဲများ လွှင့်စင် ကျလာသဖြင့် စစ်တွေမြို့ တစ်ခုလုံးကို သဲများဖြင့် ဖုံးလွှမ်းပြီး ညစ်ပတ်နေကြောင်း စစ်တွေ မြို့ခံများက ပြောသည်။

" အခု စစ်တွေ တမြို့လုံးကို သဲတွေ ဖုံးလွှမ်းနေတဲ့ အတွက် သဲမြို့တော်လို့တောင် ခေါ်ရတော့မယ် ထင်ပါတယ်။ သဲတွေက ခုလို တမြို့လုံးကို လွှင့်နေတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း အထူး ထိခိုက်နေပါတယ်။ ဒါကြောင့် ဒီလို သဲတွေကို စည်းမဲ့ကမ်းမဲ့ သယ်ယူနေတာကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို စစ်တွေ လူထုက တောင်းဆိုကြတယ်။ တောင်းဆိုစဉ် ခဏ ရပ်သွားတယ်။ နောက်ပြန်ပြီး သယ်ယူနေတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုတည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်းမှာ စစ်တွေ ဆေးရုံကြီးရှိ မျက်စိ လူနာဆောင်နှင့် လမ်းတစ်လမ်းသာ ခြားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လွှင့်လာသော သဲများကြောင့် လူနာများကို အထူး ထိခိုက်နေသည်ဟု သိရသည်။

“ မျက်စိဆောင်က ဆိပ်ကမ်းတည်ဆောက်နေတာနဲ့ တလမ်းဘဲ ခြားပါတယ်။ သဲတွေ လွှင့်လာတဲ့ အတွက် မျက်စိ လူနာတွေအတွက် ထိခိုက်မူတွေ ရှိနေသလို တညလုံး လုပ်ငန်းခွင်က ဆူညံနေတာကြောင့် ဆေးရုံကြီးကိုပါ ထိခိုက်နေတယ်။ ရခိုင်ပြည်နယ် အစိုးရကို အခုလို လူထုတွေကို ထိခိုက်နေတဲ့ အတွက် သဲတွေ သယ်ယူတာကို ရပ်နားဖို့ တောင်းဆိုပေမယ့် မရဘဲ ဖြစ်နေတယ်။ လူတွေက တောင်းဆိုရင် ခဏ ရပ်ထားတယ်။ လူတွေ တောင်းဆိုတာက အသံစဲသွားရင် ဆက်ပြီး သဲတွေကို သယ်ယူနေကြတယ်။ ရခိုင်ပြည်နယ် အစိုးရမှာ အိန္ဒိယ ကုမ္ပဏီက ခုလို လုပ်နေတာနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် မရှိဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးအောင်မြကျော်က ဆက်ပြောသည်။

စစ်တွေမြို့မှာ ရေပတ်လည် ၀ိုင်းရံလျှက်ရှိသော ကျွန်းပေါ်တွင် တည်ရှိသဖြင့် ပွိုင့်ကမ်းခြေမှ သဲများကို တူးယူနေခြင်းမှာ မြို့အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများက ပြောသည်။

လက်ရှိ အိန္ဒိယနှင့် မြန်မာ အစိုးရ အကြား အကောင်အထည် ဖေါ် ဆောင်ရွက်နေသော ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုးရှိမှ ရှိပါ့မလာဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်နေခြင်းကြောင့် စစ်တွေ လူထုကို ထိခိုက်မူများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှသတင်းဖြစ်ပါသည်။

Wednesday, December 21, 2011

အမျိုးနန့်သီလကို စောင့်ထိန်းပါ။

Posted by Unknown On 4:58 AM

ရခိုင်ဆိုရေ နာမကိုယ်တိုင်ကပင် အမျိုးအနွယ်ကို စောင့်ရှောက်ရေဆိုရေ အဓိပ္ပါယ်ပါ။"အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဏိုင် စောင့်စွမ်းနိုင်သည့် ရက္ခိုင်နာမ ဘွဲ.မည်လှဖြင့် အနန္တာသညှာ ခေါ်အပ်ရာတည်း"ဆိုပနာလည်း သျှင်နဂိန္ဒမော်ကွန်းအင်္လာကာလည်း ရှိပြီးသားပါ။ အမျိုးနန့်သီလကို စောင့်ရှောက်တေလူမျိုးဆိုပနာလည်
း ကမ္ဘာအလယ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်ခရေ လူမျိုးဆိုပနာ ဂုဏ်ယူဝင့်ကြွားနိန်စွာ အခုချိန်ထိပင် ဖြစ်ပါရေ။

၂၀၀၄ လောက်က ဖြစ်ပါရေ။ကျွန်တော်မလေးရှားကို ထွက်လာရေ ကုမ္ပဏီတစ်ခုပါ။ကုမ္ပဏီနာမေက အာဘာဖီးကုမ္ပဏီလီမီတက်(လမ်း၃၀) အထက်လမ်းပါလား မသိ။ကောင်းလည်း မမှတ်လိုက်ပါဗျာယ်။ယင်းကုမ္ပဏီပိုင်ရှင်က အငြိမ်းစား ဗိုလ်မှုးကြီးစိန်ဖေ ရခိုင်သားပါ။မြောက်ဦးဇာတိပါ။သူမယားကတော့ ရှမ်းမပါ။ကျွန်တော်မလေးရှားကို မထွက်လာခင် တစ်ပတ်အလိုလောက်မှာ မလေးရှားကို အလုပ်လားလုပ်ဖို့အတွက် ဖေ့သာ ပီးရပါရေ။ယင်းအချိန်က ဒေါ်လာဈီးက ၉၀၀ ပေါက်ဈီးရှိပါရေ။အစခါ ကုမ္ပဏီနန့် ပြောထားရေ အခါ ပေါက်ဈီးအတိုင်းပီးရဖို့လို့ ပြောထားကတ်ပါရေ။ယင်းနိန့် ကုမ္ပဏီကို ဖေသာ ရှင်းဖို့လာရေခါ ယင်းကုမ္ပဏီက တာဝန်ခံမန်နေဂျာဗမာက ဖေ့သာ ၈သိန်း တောင်းပါရေ။ကျွန်တော်က ဒေါ်လာ၈၀၀ ဆိုကေ အခု ဒေါ်လာဈီးနန့် ဆိုကေ ၇သိန်း၂သောင်းရာ ပီးရပါဖို့။ယင်းလောက်ရာ ကျဖို့လို့ ပြန်ပြောလိုက်တေ။ယင်းသူက မရလို့ ပြန်ပြော၊ကျွန်တော်က ရရေလို့ ပြန်ပြောနတ်၊နောက်ဆုးံမှာ ကျွန်တော်က ဗိုလ်မှူးကြီးစိန်ဖေနန့် တွိ.ဖို့တောင်းပါရေ။ယင်းလူက အတွိ.မပီးပါ။

ကျွန်တော်မရရအောင် တွိ.ဖို့တောင်းမှ တွိ.ခွင့်ပီးပါရေ။ကျွန်တော်လည်း ယင်းအခင်ကို တွိ.တွိ.ချင်း အခင် ကျွန်တော်က ရခိုင်ကပါ။အခင်လည်း မြောက်ဦးသားလို့ သိရပါရေ။ယင်းအတွက်နန့် အခင်က ရခိုင်သားဖြစ်လို့ ဒေကုမ္ပဏီနန့် လာအပ်လာစွာပါ။အခု ဒေါ်လာဈီးက ကာလပေါက်ဈီး ၉၀၀ ရာ ရှိပါရေ။မြန်မာငွေနန့်ဆိုကေ ၇၂၀၀၀၀ သောင်းရာ ပီးရပါဖို့ပါဒေ အခင်။တစ်ခေါက်ချေလောက် ကူညီပါ လို့ ပြောလိုက်ပါရေ။အေအခါ ယင်းအခင်က ရရေ ယင်းလောက်ရာ ပီးခလို့ ဗမာစကားနန့် ပြန်ပြောပါရေ။ကျွန်တော်လည်း ကျေးဇူးတင်ပါရေ အခင်။နောက်လူတိမလေးရှားကို လားဖို့လူတိရှိခကေ ကျွန်တော် အခင်ရို့ကုမ္ပဏီကိုရာ လွှတ်လိုက်ပါရေလို့ ပြောပနာ ကျသင့်ရေဖေ့သာကို တစ်ပါတည်းပီးပခပါရေ။

ယင်းအခင်က  ရခိုင်သားဖြစ်လို့ စာနာမှုချေရှိလို့ လျှော့ပီးလိုက်ရေ သဘောပါ။ယေကေလေ့ ပြောချင်စွာက သားသမီးတိပါ။သားသမီးတိအားလုးံ ဗမာစကားပြောကတ်ပါရေ။ယင်းအခင်ကိုယ်တိုင်ကလည်း ရခိုင်အချင်းချင်းဖြစ်လို့တောင် စစ်တပ်မှာ အနိန်ကြာလို့လားမပြောတတ်ပါ။ရခိုင်စကားနန့် မပြောပါဗျာယ်။ရခိုင်ပြည်မှာနိန်ကတ်တေလူတိုင်းနီးပါး သိကတ်တေ အတိုင်း မြောက်ဦးသားရို့မည်သည် ရခိုင်စကားကကောင်းပြောတတ်ကတ်ပါရေ။ယင်းပိုင်နန့် ပင် မလေးရှားကို ထွက်ဖို့နိန့် ရောက်လာပါရေ။

ယင်းနိန့်မှာ ယင်းအခင်သားသမီးတိထဲက သားကြီးတစ်ယောက် ဖြစ်သူ က လေဆိပ်ကို လိုက်ပို့ပါရေ။အသက်က ၃၅နှစ်လောက် ရှိပါဖို့ ထင်ပါရေ။သူနန့်ဟိုအကြောင်း ဒေအကြောင်းချေတိကို စကားပြောဖြစ်ကတ်ပါရေ။ယင်းအကိုပုံစံက အဖရခိုင်မျိုးရိုးဘက်ကို ရခိုင်လူမျိုးကို ချစ်တတ်တေပုံမပေါက်ပါ။ဇာလူမျိုးရေလို့ ခံစားချက်မရှိ။အမိဖြစ်သူ ရှမ်းမကိုတော့ ခင်တွယ်ပုံပါ။ရှမ်းစော်ဘွားအမျိုးအနွယ်လို့ ကြားသိရပါရေ။အခုကြားရရေသတင်းအရ ဦးစိန်ဖေအနားယူပြီး သားဖြစ်သူက ယင်းကုမ္ပဏီကို ဆက်လက်လုပ်ကိုင်နိန်ရေလို့ သိရပါရေ။
ကျွန်တော်ပိုင်ပုဂ္ဂိုလ်မျိုးတစ်ယောက်လောက်က လားပနာ ကျွန်တော်ရခိုင်သားပါ။ကျွန်တော်ကို ကူညီပါအုးံ ဆိုပနာ လားပြောခီလို့ကတော့ ထူးဖို့မထင်ပါ။

ရှမ်းစော်ဘွားမကလို့ ဇာပင်ဖြစ်လီဗျာယ်စီ မပြောလိုပါ။ပြောချင်စွာက ရခိုင်သားတစ်ယောက်က လူမျိုးခြားတစ်ယောက်ကို ယူလိုက်ခြင်းကြောင့် ရလာရေ ရလဒ်ပါ။သားသမီးတိလည်း ရခိုင်စကားမပြောတတ်။ရခိုင်မကျ၊ရှမ်းမကျ၊ရခိုင်ရှမ်းလို့ခေါ်ပါဖို့လား။ရှမ်းရခိုင်လို့ခေါ်ပါဖို့လား။ဟိုမရောက်ဒေမရောက် ရရိုင်းချေပြောရဖို့ဆိုကေ ဖားတစ်ပိုင်း၊ငါးတစ်ပိုင်းပါ။ယင်းသားသမီးတိကလည်း ရှမ်းမကို မယူကတ်ကေတောင်မှ ဗမာမကို ယူဖို့ကတော့ ကျိန်းသီပါရေ။ယေကေ ရခိုင်မျိုးဆက် ပြတ်ပါဗျာယ်။ယင်းအခင်ပိုင် လူမျိုး ရခိုင့်အသိုင်းအ၀ိုင်းထဲမှာ ဇာလောက်ထိ ရှိနိန်ကတ်မေ မသိပါ။ဒေပိုင်ရာ အမျိုးနန့်သီလကို မစောင့်ထိန်းပဲ နီးစပ်ရာကိုယူ၊ဗမာပြည်မှာနိန်လို့ ဗမာမနန့်ယူ၊ရှမ်းပြည်နယ်မှာ တာဝန်ကျလို့ ရှမ်းမနန့်ယူကတ်လီကတ်ဖို့ဆိုကေ ရခိုင်ဆိုရေ လူမျိုး ပျောက်လားဖို့က အသေအချာပါ။တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးဆိုရေ အယူဝါဒတိကို ဒေအမျိုးနန့်သီလ မျိုးစောင့်ခြင်းတရားနန့် ပတ်သတ်လာပါကေ တံငါနားနီး တံငါ မုဆိုးနားနီးဆိုရေ အယူဝါဒတိကို ဘေးမှာ ချပလိုက်သင့်ပါရေ။

"ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊
ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊
ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊
မြတ်စာဂနန့်၊
နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊
နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။“ဆိုပနာလည်း  ဗုဒ္ဓဝင်အလင်္ကာ မှာ ဖော်ပြထားပါရေ။

အမျိုးကိုချစ်ခြင်းသည် မင်္ဂလာတစ်ပါးပါ။လူမျိုးတိုင်း လူမျိုးတိုင်းသည် သူရို့လူမျိုးကို ချစ်ကတ်ပါသည်။ယင်းလူမျိုးတိထဲမှ ရခိုင်လူမျိုးရို့သည်လည်း မျိုးကို ကကောင်းချစ်ကတ်ပါသည်။ဒေပိုင် ရခိုင်လူမျိုးတိ မျိုးချစ်ခကတ်လို့လည်း ရခိုင်လူမျိုးဆိုပနာ ကမ္ဘာမြေကြီးပေါ်မှာ ရပ်တည်နိန်နိုင်ခြင်း ကျန်ရှိနိန်ခြင်း ဖြစ်ပါရေ။ ၁၇၈၄ ဒီဇင်ဘာလ ၃၁ရက်နိန့် ပြာသိုလပြည့်ကျော်(၇)ရက် စနိန်နိန့်မှာ ဗမာဘုရင် မောင်ဝိုင်း ကျူးကျော်သိမ်းပိုက်ခလို့ ရခိုင်လူမျိုးတိ ဗမာကျူးကျော်သူရို့၏ လူမျိုးပြုန်းသတ်ဖြတ်မှုကို ခံခရလို့တောင်မှ သက်ရှင်ပနာ ကျန်ဟိလိုက်ရေ ရခိုင်လူမျိုးတိက အမျိုးဂုဏ်ကို မဖောက်ဖျက်ပဲ အမျိုးနန့်သီလကို စောင့်ထိန်းခကတ်လို့ ကိုယ်လူမျိုးကိုရာ ကိုယ်အထင်ကြီးလေးစားတန်ဖိုးထားပနာ ကိုယ်လူမျိုးတစ်မျိုးတည်းကိုရာ လက်ဆက် ပေါင်းဖက်ခကတ်လို့ ရခိုင်လူမျိုးဆိုပနာ ကျန်ရှိနိန်ခြင်းဖြစ်ပါရေ။ရခိုင်လူမျိုးတိ၏ မျိုးစောင့်ခြင်းတရားသည် အံ့မခန်းပင်တကား။မျိုးကိုချစ်လျှင် မျိုးစောင့်တရားကို လက်ကိုင်ထားပြီး မျိုးကို မဖျက်သင့်ပါ။

ရခိုင်လူမျိုးတစ်ယောက် ဖြစ်နိန်ယင်းသားနန့် သူချပီးခရေ သူ့ခန္ဓာကိုယ်က သွီးစက်တိက ရခိုင်ဆိုရေမျိုးဆက်တိအတွက် မဟုတ်စီပဲ အခြားလူမျိုးတစ်မျိုးအပေါ် ဖြစ်ခပါက ၄င်းသွီးစက်သည် ရခိုင်ဆိုရေ  မျိုးရိုးကို ဖျက်စီးပလိုက်ခြင်းပင် ဖြစ်သည်။ရခိုင်လူမျိုးအတွက် ပီးဆပ်နိန်ပါရေဆိုပါကေ ရခိုင်ဆိုရေ အမျိုးနန့်သီလကိုတော့ အနည်းဆုးံ စောင့်ထိန်းသင့်ပါရေ။ကျွန်တော်ကို နရီဥွရာ အယ်ဒီတာ ဦးခိုင်မြတ်ကျော် မိန်းဖူးရေ စကားတစ်ခွန်း အခုထက်ထိ အတော့ပေါ်နိန်ဆဲပါ။သူမိန်းရေမိန်းခွန်းက ရခိုင်လူမျိုးကို ချစ်ပါလားလတ်။ကျွန်တော်က အခင် ကျွန်တော်က ရခိုင်သားပါ။ရခိုင်ကို ချစ်ပါရေနန်းရာ ပြန်ဖြေလိုက်ပါရေ။

အေအခါ ယင်းအခင်က ရခိုင်လူမျိုးကို ချစ်ကေ..အောက်သမ(ဗမာမ)ဖြစ်စီ၊လူမျိုးခြားဖြစ်စီ ဇာအတွက်မယူပါလေလတ်။ဇာဖြစ်လို့လဲ ဆိုကေ မျိုးကိုချစ်တေလို့ ပြောနိန်ကတ်တေ ရခိုင်အတတ်ပညာရှင်တိက အများအားဖြင့် ဗမာမမဟုတ်ကေ လူမျိုးခြားတိနန့်ဂျေး ယူထားကတ်စွာဖြစ်လို့လို့ ပြောပါရေ။ကျွန်တော်က ပြန်လို့စောဒက တက်မိပါရေ။ယင်းချင့်က မျိုးကို ချစ်တေလို့မခေါ်ပါ။

မျိုးကိုချစ်တေဆိုပါကေ ကိုယ့်လူမျိုးကိုရာ ယူသင့်ပါရေ။အမျိုးနန့်သီလကိုတော့ စောင့်ထိန်းသင့်ပါရေ။ကျွန်တော်ကလည်း ရခိုင်အမိ။ရခိုင်အဖဘက်က ပေါက်ဖွားလာပါရေ။ကျွန်တော်မျိုးဆက်တိလည်း ယင်းပိုင်ရာ ဖြစ်သင့်ပါရေ။ဖြစ်ရပါဖို့။မဟုတ်ကေ ရခိုင်ဆိုရေလူမျိုး အမျိုးမျိုး ဟိုသွီးနန့်ရော ဒေသွီးနန့်ရောနန့်ပင် ပျောက်လားလီပါဖို့ကာလို့ ပြန်ပြောလိုက်ပါရေ။

အေအခါ ယင်းအခင်က ဟုတ်ပါရေ။ခိုင်ကျော်ဆန်းပြောစွာ မှန်ပါရေ။ယင်းပိုင်စိတ်ဓာတ်တိ ထားရပါဖို့လတ်။နောက် ရခိုင်နန့်ဆိုင်ရေ သမိုင်းကြောင်းချေတိ၊ယင်းအခင် ဖြတ်သန်းလာရေ ဘ၀တိကိုလည်း ကျွန်တော်ကို ပြောပြပါရေ။ယင်းအခင်ပို့လိုက်တေ နရီဂျာရာရခိုင်ပြက္ခဒိန် ကျွန်တော်အလုပ်လုပ်နိန်ရေ ရုးံခန်းထဲမှာ အခုထက်ထိ ရှိနိန်တုန်းပါ။ယင်းကြောင့်လည်း ယင်းအခင်ကို ကျေးဇူးတင်နိန်မိပါရေ။ယင်းအခင်ရေ ရခိုင်နန့်ဆိုင်ရာ သတင်းတိကို ရခိုင်အပေါင်းရို့ ဖတ်ရှူနိုင်အောင် သိကတ်အောင်ဆိုပနာ သတင်းဌါနတစ်ခုကို စိတ်စေတနာ မှန်ကန်စွာဖြင့် လုပ်ပီးနိန်ရေ မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ပါ။ယင်းပိုင်အတွက်နန့် ယင်းအခင်ကို ကျွန်တော်လေးစားစိတ် ဖြစ်ပေါ်မိစွာကတော့ အဆန်းမဟုတ်ပါ။

လူတိုင်းလူတိုင်းမှာတော့ အားနည်းချက်ဆိုစွာတော့ ရှိစမြဲပါ။ယေကေလေ့ အတတ်နိုင်ဆုးံ အမျိုးနန့်သီလကို စောင့်ထိန်းပနာ ကိုယ်အမျိုး/ဘာသာသာသနာအတွက် လုပ်ပီးစွာက ပိုလို့ကျက်သရေ ရှိပါရေ။ပိုလို့လည်း ပီပြင်ပါရေ။ရခိုင်လူမျိုးတိုင်း အမျိုးနန့် သီလကို တတ်နိုင်သလောက်စောင့်ထိန်းပနာ ရခိုင်လူမျိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်ကတ်ပါစီလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရေ။(ရွီမြောက်ဦး-ခိုင်ကျော်ဆန်း)

Monday, December 19, 2011

Microsoft Word shortcut keys

Posted by Mrat.khine On 10:51 PM




Microsoft Word shortcut keys


Ctrl + 0
Adds or removes 6pts of spacing before a paragraph.
Ctrl + A
Select all contents of the page.
Ctrl + B
Bold highlighted selection.
Ctrl + C
Copy selected text.
Ctrl + E
Aligns the line or selected text to the center of the screen.
Ctrl + F
Open find box.
Ctrl + I
Italic highlighted selection.
Ctrl + J
Aligns the selected text or line to justify the screen.
Ctrl + K
Insert link.
Ctrl + L
Aligns the line or selected text to the left of the screen.
Ctrl + M
Indent the paragraph.
Ctrl + P
Open the print window.
Ctrl + R
Aligns the line or selected text to the right of the screen.
Ctrl + T
Create a hanging indent.
Ctrl + U
Underline highlighted selection.
Ctrl + V
Ctrl + X
Cut selected text.
Ctrl + Y
Redo the last action performed.
Ctrl + Z
Undo last action.
Ctrl + Shift + L
Quickly create a bullet point.
Ctrl + Shift + F
Change the font.
Ctrl + Shift + >
Increase selected font +1pts up to 12pt and then increases font +2pts.
Ctrl + ]
Increase selected font +1pts.
Ctrl + Shift + <
Decrease selected font -1pts if 12pt or lower, if above 12 decreases font by +2pt.
Ctrl + [
Decrease selected font -1pts.
Ctrl + / + c
Insert a cent sign (¢).
Ctrl + ' + <char>
Insert a character with an accent (grave) mark, where <char> is the character you want. For example, if you wanted an accented è you would use Ctrl + ' + e as your shortcut key. To reverse the accent mark use the opposite accent mark, often on the tilde key.
Ctrl + Shift + *
View or hide non printing characters.
Ctrl + <left arrow>
Moves one word to the left.
Ctrl + <right arrow>
Moves one word to the right.
Ctrl + <up arrow>
Moves to the beginning of the line or paragraph.
Ctrl + <down arrow>
Moves to the end of the paragraph.
Ctrl + Del
Deletes word to right of cursor.
Ctrl + Backspace
Deletes word to left of cursor.
Ctrl + End
Moves the cursor to the end of the document.
Ctrl + Home
Moves the cursor to the beginning of the document.
Ctrl + Spacebar
Reset highlighted text to the default font.
Ctrl + 1
Single-space lines.
Ctrl + 2
Double-space lines.
Ctrl + 5
1.5-line spacing.
Ctrl + Alt + 1
Changes text to heading 1.
Ctrl + Alt + 2
Changes text to heading 2.
Ctrl + Alt + 3
Changes text to heading 3.
Alt + Ctrl + F2
Open new document.
Ctrl + F1
Open the Task Pane.
Ctrl + F2
Display the print preview.
Ctrl + Shift + >
Increases the highlighted text size by one.
Ctrl + Shift + <
Decreases the highlighted text size by one.
Ctrl + Shift + F6
Opens to another open Microsoft Word document.
Ctrl + Shift + F12
Prints the document.
F1
Open Help.
F4
Repeat the last action performed (Word 2000+)
F5
Open the find, replace, and go to window in Microsoft Word.
F7
Spellcheck and grammar check selected text or document.
F12
Save as.
Shift + F3
Change the text in Microsoft Word from uppercase to lowercase or a capital letter at the beginning of every word.
Shift + F7
Runs a Thesaurus check on the word highlighted.
Shift + F12
Save.
Shift + Enter
Create a soft break instead of a new paragraph.
Shift + Insert
Paste.
Shift + Alt + D
Insert the current date.
Shift + Alt + T
Insert the current time.
In addition to the above shortcut keys users can also use their mouse as a method of quickly do something commonly performed. Below some are examples of mouse shortcuts.

Click, hold, and dragSelects text from where you click and hold to the point you drag and let go. Double-clickIf double-click a word, selects the complete word. Double-clickDouble-clicking on the left, center, or right of a blank line will make the alignment of the text left, center, or right aligned. Double-clickDouble-clicking anywhere after text on a line will set a tab stop. Triple-clickSelects the line or paragraph of the text the mouse triple-clicked. Ctrl + Mouse wheelZooms in and out of document.

Sunday, December 18, 2011

ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်မည်

Posted by Unknown On 4:22 AM

ယခုနှစ်တွင် ကျရောက်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့တွင် ဂျပန် အခြေစိုက် ရခိုင်မျိုးစောင့်အုပ်စုမှ "ရက္ခိတမျိုးစောင့်ဆု" ကို အမျိုးဘာသာသနာအကျိုး ဆောင်ရွက် သူတစ်ဦးအား ရွှေးချယ် ချီးမြှင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


 Arakan-Rakhitta-Group-ARG-meeting-Japan
" ဟုတ်ပါတယ်။ ဒီိဆုကို လာမယ့် ဒီဇင်္ဘာလ ၃၁ ရက် (၂၂ရ) နှစ်မြောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့မှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကို ချီးမြှင့်မယ်ဆိုတာတော့ များမကြာမှီ ထုတ်ပြန် ကျေညာသွားဖို့ ရှိပါတယ်" ဟု အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် လူမှု အထောက် အကူပြု ဌာန-ဒုတိယတာဝန်ခံ ကိုအေးသိန်းထွန်းက ပြောသည်။

ဆုချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်ကို နိုင်ငံတကာရှိ ရခိုင်မျိုးစောင့်အုပ်စုဝင်များက ဒီဇင်္ဘာလ ၁၄ ရက်နေ့က အပြီးသတ် သဘောတူ ရွေးချယ်ထားပြီဖြစ်သော်လည်း အခြေအနေအရပ်ရပ်ကြောင့် မထုတ်ပြန်နိုင်သေးကြောင်းနှင့် များမကြာမှီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကျေညာသွားမည်ဟု ဆိုသည်။

ဆုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ထောင် (USD-1000) ဖြစ်ပြီး၊ ဂုဏ်ပြုလက်မှတ်နှင့်အတူ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်မျိုးစောင့်အုပ်စု (ARG) မှ ယခုနှစ်တွင် “ရက္ခိတမျိုးစောင့်ဆု”ကို ပထမဆုံး အကြိမ်အဖြစ် ချီးမြှင့်ခြင်းဖြစ်သည်။ နောက်နှစ်များတွင် “ရက္ခိတ-စာပေဆု”၊ “ရက္ခိတ-ဂီတဆု” စသည်များကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

" ရက္ခိတ-မျိုးစောင့်ဆုကို ရခိုင် လူမျိုးတွေရဲ့ အရေးအတွက် ကြိုးစားဆောင်ရွက်နေသူ၊ အမျိုးဘာသာ သာသနာ ရှင်သန် ကြီးပွားရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ သူတွေကို ရွှေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ရခိုင်မျိုးစောင့်အုပ်စုမှာ-ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဌာနချုပ်ထားရှိပြီး နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်နှင့် ရခိုင်လူမျိုးနွယ်စုများ ပါဝင်ကာ ရခိုင်လူမျိုး ဘက်စုံတိုးတက်ရေးအတွက် တတ်စွမ်းသလောက် ဆောင်ရွက်နေသော အမျိုးသားရေး အကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့မှာ ယခုနှစ် ဒီဇင်္ဘာလတွင် ၂၂၇ နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ဗမာဘုရင် ဘိုးတော် မောင်ဝိုင်းမှ ကိုယ်ထီးကိုယ်နန်းဖြင့် လွတ်လပ်သော ဘုရင်နိုင်ငံတော်အား ၁၇၈၄ ခုနှစ်ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ၀င်ရောက် ကျူးကျော် သိမ်းပိုက်သောနေ့ကို သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။


----------------------------------
.: နိရဉ္စရာသတင်းဖြစ်ပါသည်

Saturday, December 17, 2011

မင်းပြားဇျီးကိုအသစ်ပြန်ဆောင်နိ ဆိုင်ခန့်ဇီး ၁၀ သိန်းတန် ၁၅ သိန်းတန် ၂၀တန် စပေါ် ၅ သိန်းပီးသွင်းရ

Posted by Unknown On 5:44 PM

မင်းပြားဇျီးကိုအသစ်ပြန်ဆောင်နိ ဆိုင်ခန့်ဇီး ၁၀ သိန်းတန် ၁၅ သိန်းတန် ၂၀တန် စပေါ် ၅ သိန်းပီးသွင်းရ
မင်းပြားဇျီး မီးလောင်ပြီကေ ပြန်လို့ အသစ်ဆောက်ဖို့အတွက် ဆိုင်ချင်တိ့ နိရာကောင်းကိုရဖို့အတွက် ဖေသာတတ်နှိင်ရေလူမှရာနိရာကောင်းကိုရဖို့ လို့သတ်မှတ်ထားရေလို့ မင်းပြားမြို့ခံသားတိ့ ကပြောပါရေ နောက်ပြီကေ ဇျီးမီးလောင်လားလို့ မင်းပြားသားတိ့ မှာ အကြွီးချီငှားထားစွာတိ့ကို ပြန်လို့ ကောက်ဖို့အတွက် ဒုက္ခရောက် နိ...ကပ်ပါရေ လတ် ဆိုးစွာတစ်ခုက လက်ရှိ ဖေသာမရှိရေလူတိ့ အနိနှ်င့် ၅ သိန်းဖေသာကို ဒေလပိုင်းမှာထဲ့ရဖို့လိုပါရေလတ် နောက်လဆိုကေ အသစ်ဆောက်ပြီခာ ကျန်ရေဖေသာတိ့ကို ဆက်ပြီကေ မြို့နယ်စည်ပင်ကကောက်လားဖို့လို့လေးသိရပါရေ
အခုလက်ရှိ မင်းပြားသားတိ့ ဇျီးရောင်းရေနိန်ရာကတော့ကေ နှိင်ငံခြားမှာပိုင် အဆင်မြင့် ကိုယ့်အိမ်မှာ ကိုယ်ဇျီးရောင်းနီရ တစ်စုတည်းမရရေကြောင်း နယ်ကလူတိ့လေ့ ဇျီးပြုဖို့ လာရေလူတိ့ ဒုက္ခရောက်ပြီကေ ကောင်းကောင်းနည်းပါရေလို့လေ့သိရပါရေ ဒေပိုင် ဇျီးလေ့မီးလောင်ပြီကေ ဆိုင်ကပစ္စည်းတိ့လေးပါလားပြီးနောက် ဆိုင်ခန့်နိရာကောင်းရဖို့အတွက် လက်ရှိ ဒုက္ခရောက်နိကပ်တေ မင်းပြားသားတိ့ ဘဝ ကိုကိုယ်ချင်းစာလို့ မင်းပြားမြို့ကလူတစ်ယောက် ကျွန်တော့မဲလ်ထဲ့သို့ ပီးပို့လာခြင်းဖြစ်ပါရေ

ရသမျိုးရိုးမဟာ
ဇျီးမီးလောင်လားလို့ အခုမင်းပြားမှာ ကိုယ့်အိမ်မှာ ကိုဇျီးရောင်နိရ
ရသ မျိုးရိုးမဟာ

ဂီရိဒေသတွင် ယခုနှစ် စပါးအထွက်နှုန်း အထူး ကျဆင်း

Posted by Unknown On 5:55 AM

ထွန်းထွန်း
----------
၂၀၁၀-ခု အောက်တိုဘာ ၂၂ ရက်နေ့က ဂီရိမုန်တိုင်း တိုက်ခတ်ခံလိုက်ရသည့် ရခိုင် ဒေသများတွင် ယခုနှစ်စပါး အထွက်နှုန်း အလွန်တရာ ကျဆင်းသွားကြောင်း ပြင်ဝန်းကျေးရွာသားတဦးက ပြောသည်။


cyclone-Gari-Arakan
"ဂီရိမတိုက်ခင်တုန်းက တဧကကို ရာနဲ့ချီပြီးသီးပါတယ်။ ဒီနှစ်တော့ တဧကကို ၃၀ နဲ့ ၄၀ အကြားမှာပဲသီးပါ တယ်။ မိသားစုကြီးသမားတွေဆို နှစ်ဝက်စာပဲရပါတယ်။ တချို့ လယ်သမားတွေဆို ရက်လုပ်ရက်စား အဖြစ်နဲ့ ခုကတည်းကနေ အငှားလုပ်နေကြရပါပြီ။ လာမယ့်မိုးတွင်းကာလမှာ ဘယ်လိုအသက်ရှင်ကြမယ်မသိဘူး" ဟုနိရဉ္စရာကို ပြောသည်။

ဂီရိမုန်းတိုင်းကြောင့် လယ်မြေများအထဲ ပယ်လယ်ရေများ ၀င်ရောက်ပြီး ဆားငံရည်ဓါတ်များ ကျန်ရှိ နေခဲ့သဖြင့် စပါးစိုက်ပျိုး၍ မဖြစ်နိုင်ရာမှ ယခုလို စပါး အထွက်နုန်းကျဆင်းသွားရခြင်း ဖြစ်ကြောင်း သိရသည်။

" လယ်တွေမှာ ဆားငံဓါတ်က ရှိနေတော့ မိုးတွင်း စပါး ပြန်စိုက်ပေမယ့် အငံဓါတ်ကြောင့် စပါး မဖြစ်ထွန်ဘူး။ အငံဓါတ်တွေ ကုန်သွားမှ စပါး ဖြစ်မယ်။ လယ်တွေ ပုံမှန် ရောက်ဖို့ နောက်ထပ် တစ်မိုး နှစ်မိုးတော့ လိုပါအုံးမယ်" ဟု ပြောသည်။

တခြား ကျီးခေါင်းတောင်က လယ်သမားကြီး တစ်ဦးကလည်း "လယ်ပြင်တွေမှာ ဆားငံရည်ဝင်ပြီဆိုတော့ စပါးစိုက်လို့ မဖြစ်ဘူး။ နှစ်အနည်းငယ်ကြာမှ ဆားငံရည်တဖြည်း ဖြည်းလျော့ကျလာမယ်။ အဲဒီအချိန်ကျမှ စပါးအသီးအနှံတွေ ပုံမှန်အတိုင်းဖြစ်လာမယ်။ ပုံမှန်အတိုင်းစပါးသီး လာပါမယ်" ဟုပြောသည်။

၎င်းပြင် ပယ်လယ် ဒီရေ ၀င်ရောက်မူကို ကာကွယ်ထားသော တာတမံ အများအပြားမှာလည်း မုန်တိုင်း အတွင်းက ကျိုးပျက်သွားပြီး အများစုကို ယခု အချိန်ထိ မတည်ဆောက်နိုင်သဖြင့် လယ်မြေအများအပြားမှာ ဆားငံရေ ၀င်ရောက်ကာ ပျက်စီးနေကြောင်း သိရသည်။

မုန်တိုင်းသင့် ဒေသ နဂို အခြေအနေကို ရောက်ဖို့ အစိုးရရဲ့ တာဝန်ယူမူ ညံ့ဖျင်းသဖြင့် အချိန်အတော်ကြာ ယူရအုံးမည် ဖြစ်ကြောင်း လေဘေးဒုက္ခသည် များကို အကူအညီဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း ပြောသည်။

၎င်းပြင်သူက “မြန်မာ့အလင်း၊ ကြေးမုံ စတဲ့ သတင်းစာမှာကျတော့ စစ်တွေ၊ ကျောက်တော်တို့က သူတို့နည်း စနစ်ကျကျနဲ့ စိုက်ပျိုးတဲ့လယ် တွေမှာ တဧကကို တင်း၁၀၀ ကျော်သီးတယ်ဆိုပြီး ရေးတာကိုဖတ်ရပါတယ်။ ဒါပေမဲ့ တကယ့် လေဘေး ဂီရီသင့် ဒေသတွေမှာ စပါးအထွက်နှုန်းလျော့ကျပြီး လယ်သမားတွေ ဒုက္ခရောက်နေတာ ကျတော့ဖေါ်မပြဘူး။ ဒါကို ကြည့်ကတည်းက အစိုးရဟာ ပြည်သူတွေရဲ့ ပကတိ လက်တွေ့ဘ၀ အမှန်တွေကို ဖုံးကွယ်ထားချင်နေတယ်” ဟု ပြောသည်။

ဂီရိမုန်တိုင်းသင့် ဒေသတွင် ကူညီပေးနေသော အန်ဂျီအိုများလည်း ထွက်ခွာသွားပြီ ဖြစ်သဖြင့် ဂီရိဒေသမှ ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲများဖြင့် အကြီးအကျယ် ကြုံတွေ့နေရကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း