Tuesday, September 3, 2013

မင်းပြားတွင် Public Centre တစ်ခု ဖွင့်လှစ်

Posted by Unknown On 9:33 PM

မင်းပြား ၊ ၀၄ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News

မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်တွင် အများပြည်သူများ စုဝေးတွေ့ဆုံခြင်း၊ အကျိုးပြုသင်တန်းများဖွင့်လှစ်ခြင်းတို့ ပြုလုပ်နိုင်ရန် Public Centre တစ်ခု ဖွင့်လှစ်ထားရှိကြောင်း သိရ သည်။

အဆိုပါ Public centre တွင် ၁၅.ရက် တစ်ကြိမ် ကွန်ပျူတာ အခမဲ့ သင်တန်းများ သင်ကြားနေသည် ဟု ဆိုသည်။ ထို့အပြင် မြို့နယ်အထွေထွေ အကျိုးပြု ကိစ္စရပ်များ အတွက် လူမှုအဖွဲ့အစည်းများ မှ လာရောက် တိုင်ပင် ဆွေးနွေး၊ စည်းဝေးခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် လိုအပ်ပါက သင်တန်းများလည်း အခမဲ့ ဖွင့်လှစ် နိုင်ကြောင်း ဖိတ်ခေါ်ထားရှိသည် ဟု ဆိုသည်။

ဆက်သွယ်ရန် လိပ်စာ - Public centre ၊ မြောင်းဘွေလမ်း ၊ ဈေးဟောင်းပိုင်းလမ်းဆုံ အနီး ၊ ဈေးဟောင်းပိုင်းရပ်ကွက် ၊ မင်းပြားမြို့

ဖုံး - ၀၉ ၄၂၁ ၇၆၄ ၇၅၉ ၊ ၀၉ ၈၅၀ ၈၁၇၃ ၊

အီးမေးလ် - publiccentre.minbya@gmail.com