Monday, June 24, 2013

ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း ဖွင့်ပွဲအခန်းအနား(Arakan New Generation School)

Posted by Unknown On 2:45 AM

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ တေဇာရာမကျောင်း တိုက်၌ ရက္ခိတမျိုးဆက်သစ် ပရဟိတ ပညာသင်ကျောင်း ( Arakan New Generation School) ဖွင့်ပွဲအခန်းအနားကို ရက္ခအလင်းတန်းမှ ဦးစီးကျင်းပခဲ့ ပါသည်။

မင်းပြားမြို့၌ ရက္ခိတမျိုးဆက်သစ် ပရဟိတပညာသင်ကျောင်း (ANGS) ဖွင့်ပွဲ
အခန်းအနားကို ၂၃-၆-၂၀၁၃ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ အချိန်တွင် ရက္ခအလင်းတန်း(ဗဟို)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ (စစ်တွေ)မှ တာဝန်ရှိသူများ၊ ရက္ခအလင်းတန်းဌာနခွဲ(မင်းပြား)မှ တာဝန်ရှိ သူများ၊ ပရဟိတပညာသင်ကျောင်း နာယက (တေဇာရာမကျောင်းတိုက် ဆရာတော်ကြီး) ဦးညာဏသာမိနှင့် ဖိတ်ကြားထားသော ရဟန်း သင်္ဃာတော်များ၊ ပရဟိတကျောင်း အလုပ်အမှုဆောင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌနာဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုများ၊ ရခိုင့်နိုင်ငံရေး ပါတီနှင့် ရခိုင့် လူမှုအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း လူ(၃၀၀)ကျော်ခန့် တက်ရောက်ပြီး စည်
ကားသိုက်မြစ်စွာ ဖွင့်လှစ် ခဲ့ကြပါသည်။

ဤကျောင်းကို တေဇရာမ ဆရာတော်နှင့် မြို့သူမြို့သားအချို့မှ ဦးဆောင်ပြီး ၂၀၁၀ခုနှစ်မှ စတင်လျှက် တနိုင်တပိုင် ပျိုးထောင်ခပြီးဖြစ်ပါသည်။သို့သော် တနိုင်တပိုင်သာဖြစ်သောကြောင့် စာသင်ဝိုင်းအဆင့်မျှဖြင့်သာလည်ပတ်နိုင်ခဲ့ပြီး အဆင့်မှီ၊ တိုးတက်၊ ရည်ရှည်တည်တန့်ရေးအတွက်မူကား ပူးပေါင်းပါဝင်မှု အင်အားများ အမှန်ပင် လိုအပ်နေခဲ့ပါသည်။

သို့ဖြစ်ပါ၍ ရက္ခအလင်းတန်းအဖွဲ့မှ ၄င်းစာသင်ဝိုင်းအား Arakan New Generation School (ANGS) ဟု အမည်ပေးကာ ကျောင်းကော်မတီတရပ်ကို အခိုင်အမာဖွဲ့စည်း ပေးပြီး ၂၀၁၃/၁၄ ပညာသင်နှစ်အတွက် သိန်း(၃၀)ခန့် သင်ထောက်ကူပစ္စည်းများကို မတည်လှူဒါန်းလျှက် သင်ကြားမှုပိုင်း ဆိုင်ရာနန့် ရည်ရှည်တည်တန့် တိုးတက်ခိုင်မာရေး ကိစ္စရပ်များအတွက် ကိုပါ စနစ်တကျစီမံပြီး ၂၀၁၃ ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့ တွင် အောင်အောင်မြင်မြင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Friday, June 21, 2013

ရခိုင်အမျိုးသားကွန်ရက်မှ ANP ပါတီအား ပူးပေါင်းဝန်းရံမည်ဟု သိရ

Posted by Unknown On 10:48 PM

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ဇွန်လ ၁၇ ရက်နေ့က ရခိုင်အမျိုးသားပါတီ(ANP)အဖြစ် ပူးပေါင်းနိုင်ခဲ့ခြင်းအပေါ်ရခိုင်အမျိုးသား အကျိုးစီပွားအတွက် ရခိုင်အမျိုးသားကွန်ရက်(ANN)မှ ပူးပေါင်းဝန်းရံသွားမည်ဟု သိရသည်။
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်က " ဒီ ရခိုင်အမျိုးသားပါတီကို ၀န်းရံဖို့ဆိုတာက ကျနော်တို့ ကွန်ရက်နဲ့ ဆက်စပ်တဲ့ ရခိုင်အမျိုးသား ကာကွယ်ရေးနှင့် အကျိုးစီးပွားအတွက် တတ်နိုင်သလောက် ၀န်းရံသွားပါမယ်။ သူတို့ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေအတွက် ရှေးရှုပြီးတော့ အလုပ်လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဒီပါတီအပေါ်မှာ အဘက်ဘက်က တိုက်ခိုက်လာလို့ရှိရင် ကျနော်တို့ကတော့ ဝန်းရံဖို့ ကာကွယ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ သူတို့ရဲ့ နောက်မှာ ကျနော်တို့က အုပ်တချပ်သဲတပွင့်အဖြစ်နဲ့ မိမိတို့ တက်နိုင်တဲ့ဖက်က ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီပါတီအနေနဲ့ တခုခု အတိမ်းအစောင်းတွေ ဖြစ်သွားရင်လည်း ပြန်လည်တည့်မတ်ပေးဖို့ ကျနော်တို့က စဉ်းစားထားပါတယ်။ " ဟု ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်(ANN)မှ ရခိုင်ပါတီကြီးနှစ်ခု ရခိုင်အမျိုးသားပါတီ(ANP) အဖြစ် ပူးပေါင်းသွားခြင်းအပေါ်မှာ ရခိုင်ပြည်သူတရပ်လုံးနှင့်အတူ အထူးဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထောက်ခံကြိုဆိုသည့် သဘောထားတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

" ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျနော်တို့က အရင်ကတည်းက လိုလားပါတယ်။ ပူးပေါင်းသွားဖို့အတွက် ကျနော်တို့ကွန်ရက်အနေနဲ့ နှစ်ဖက်ပါတီစလုံးကို ပြောတာဆိုတာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ထပ်တူ ရခိုင်ပြည်သူတွေကလည်း ပူးပေါင်းဖို့အတွက် လိုလားနေတာဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အပေါ်မှာ ပါတီနှစ်ရပ်ပူးပေါင်းဖို့ဆိုတဲ့ အဆင့်ထိဖြစ်လာတာကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းကိုကြားရလို့ ကျနော်တို့က အရင်းဝမ်းသာပါတယ်။ " ဟု သူကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာထိ အဘက်ဘက်က ဆင်းရဲချွတ်ချုံကျနေသည့် အချိန်အခါမှာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဘ၀နှင့်ဆန္ဒအပေါ် အလေးထားပြီး ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့်လည်း စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ ရုန်းကန်လှုပ်ရှား ဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုးသားကွန်ရက်မှ ယုံကြည်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RNDP နှင့် ALD ပါတီတို့ ပူးပေါင်းဆောင်ရွက်၍ ပါတီတစ်ခုတည်းအဖြစ် ထူထောင်ခြင်းသည် ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံသမိုင်းမှာ ပထမဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ALD ဥက္ကဌ ဦးအေးသာအောင်က RFA မြန်မာပိုင်းတွင် ပြောကြားထားသည်။